Update News
recent

ပန္းဖူးကေလးမ်ား တစ္စစီပဲ့ေႂကြ

‘‘ တစ္ႏုိင္ငံလုံးတြင္ သက္ငယ္မုဒိမ္းမႈ ၂၀၁၅ ၌ ၂၃၀ ေက်ာ္၊ ၂၀၁၆ ဆယ္လအတြင္း ၃၈၀ မႈ ျဖစ္ပြားခဲ့ၿပီး ရန္ကုန္တုိင္းတြင္ပင္ ေလးရက္လွ်င္ မိန္းကေလးငယ္တစ္ဦးႏႈန္း လိင္ပုိင္းဆုိင္ရာေစာ္ကားခံေနရ ’’


#Zawgyi
သမီးငယ္ျဖစ္သူရဲ႕ စူးစူးဝါးဝါး ေအာ္ဟစ္သံေတြ မဆံုးခင္ဘဲ ကိုရဲထြန္းတစ္ေယာက္ အိမ္အေနာက္သို႔ အလန္႔တၾကား ေျပးဆင္းလာခဲ့သည္။ အသံလာရာဆီကိုေရာက္ဖို႔က ကိုရဲထြန္းအတြက္ ခရီးရွည္ႀကီး တစ္ခုလိုပင္။ နားထဲတြင္သမီးငယ္၏ ေအာ္ဟစ္သံက ယခုေလာက္ဘယ္တုန္းကမွ ေခ်ာက္ခ်ားစရာမ ေကာင္းခဲ့။ အိမ္အေနာက္သို႔ အေရာက္တြင္ေတာ႔ ျမင္ကြင္းက ဦးေခါင္းတည့္တည့္ကို မိုးႀကိဳးပစ္ခ် လိုက္သည့္ႏွယ္။ မ်က္လံုးစံုမွိတ္ကာ အာေခါင္ျခစ္ငိုဟစ္ေနေသာသမီးက ပက္လက္လွန္အေနအထားျဖင့္ ဒူးေခါင္းႏွစ္လံုးကုိ ပိုက္ထားသည္။ ခႏၶာကိုယ္ေအာက္ပိုင္းမွာေတာ့ ေသြးစအခ်ဳိ႕ စြန္း ထင္းေနလ်က္။

အခ်ိန္က ည၏အေမွာင္ဆံုးအပိုင္း၂ နာရီခြဲလုလု။ (၅)ႏွစ္အရြယ္သမီးငယ္ကို ေထြးေပြ႕ရင္းကိုရဲထြန္းတို႔ မိသားစုသံုးေယာက္ကမၻာပ်က္မတတ္ ခံစားေနရ သည္။ မိခင္ျဖစ္သူက သမီးငယ္ကို ေဖးထူထားလုိက္ၿပီး မ်က္ရည္စမ္းစမ္းႏွင့္။ ကိုရဲထြန္းတစ္ေယာက္ ပတ္ဝန္းက်င္တြင္ တရားခံကို ရွာေတြ႕ႏုိးႏိုးအေျပးတစ္ပိုင္း လုိက္လံရွာေဖြသည္။ သမီးငယ္ႏွင့္ မနီးမေဝးေနရာတြင္ ေရာ္ဘာဖိနပ္တစ္ဖက္ကို ေတြ႕လိုက္၏။ သူေကာက္ယူၿပီး နာက်င္စြာ က်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္သည္။သမီးငယ္ကို အရပ္ထဲကေဆးခန္းႏွစ္ခုဆီျပသၿပီး လက္မခံသည့္ ေနာက္တြင္ေတာ့ နံနက္ ၅နာရီခန္႔တြင္ ေျမာက္ဥကၠလာပေဆး႐ုံသို႔ ေရာက္လာခဲ့သည္။ (၅)ႏွစ္အရြယ္ ကေလးငယ္ကို သားဖြားမီးယပ္ေဆာင္တြင္ တင္ထားရၿပီး မိန္းမကိုယ္မွ မစင္စြန္႔သည့္အဂၤါအထိ ေပါက္ၿပဲသြားသျဖင့္ ေတာက္ေလွ်ာက္ခ်ဳပ္ထားရကာ အညစ္အေၾကးစြန္႔ရန္ ဝမ္းဗိုက္မွ အေပါက္ေဖာက္ထားရ သည္။

ကေလးက အနာရွိန္ေၾကာင့္ ေတာက္ေလွ်ာက္ဖ်ားနာေနၿပီး သူစိမ္းပင္ အကပ္မခံဝံ့ေတာ့။

ႏုိဝင္ဘာ ၂ ရက္ေန႕ညကျဖစ္ခဲ့သည့္ ထိုျဖစ္စဥ္ကို ျပန္ေျပာင္းေျပာျပေနခ်ိန္တြင္ ကိုရဲထြန္း၏မ်က္လံုးအစံုက မ်က္ရည္မ်ားျဖင့္မႈန္ဝါးေနသည္။ ကေလးႏွစ္ဦး၏ ဖခင္ အသက္(၃၀)ေက်ာ္ အမ်ဳိးသားတစ္ဦးအေနျဖင့္ မ်ားစြာပင္ပန္း၍ အိုစာေနၿပီး လက္ရွိဘဝကိုစိတ္ပ်က္ေနသည့္ႏွယ္။ ရက္သတၱ ပတ္တို႔က ေက်ာ္လြန္သြားခဲ႔ၿပီ...။

သမီးငယ္၏ဘဝကိုမစာမနာရက္စက္ခဲ႔သည့္ တရားခံကိုေတာ့ယခုထိဖမ္းမမိေသးေပ။

‘‘ရဲတပ္ဖြဲ႕က မေတြ႕ခင္ ဒီေကာင္ဘယ္သူလဲ ကၽြန္ေတာ္အရင္သိခဲ့ရင္ လူသတ္မႈျဖစ္ဖို႔ က်ိန္းေသတယ္’’ဟု ေဒါသစကားကိုဆိုေနသည့္တိုင္ သူ႔အသြင္က ႏြမ္းနယ္ေနခဲ့သည္။

ဒဂံုအေရွ႕ပိုင္းၿမိဳ႕နယ္ရွိ ကိုရဲထြန္းတို႔ အိမ္ကေလးက ဂိုေဒါင္တစ္ခု၏ေဘးတြင္ အဖီဆြယ္၍ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။ က်ဳိးတိုးက်ဲတဲ ၾကမ္းခင္းႏွင့္ အမိုးအကာလံုလံုၿခဳံၿခဳံမရွိေသာ ဆယ္ေပသာသာ အိမ္က်ဥ္းေလး။ အဆိုပါေနအိမ္တြင္ ကိုရဲထြန္းတို႔လင္မယားႏွစ္ေယာက္၊ မူႀကိဳတက္ေနသည့္ သမီးငယ္ႏွင့္ ဒုတိယတန္းအရြယ္သား၊ ကိုရဲထြန္း၏ ေယာကၡမတို႔ေနထိုင္ၾကသည္။ အခင္းျဖစ္သည့္ေန႔ ျပတင္းေပါက္ေဘးတြင္ ကပ္လ်က္အိပ္ေနေသာ သမီးငယ္ကို ျပတင္းေပါက္ကတစ္ဆင့္ ေပြ႕ခ်ီသြားသည္ဟု ယူဆရေၾကာင္း ကိုရဲထြန္းက ဆိုသည္။

သားသမီးအေပၚ လံုၿခံဳမႈမေပးႏုိင္ခဲ့သည္ဆိုသည့္ အပူက သူ႔အတြက္ ပို၍ယူက်ဴံးမရျဖစ္ေအာင္ ပူေလာင္ေစခဲ့သည္။

သို႔ရာတြင္ ထိုျဖစ္စဥ္က ႏုိင္ငံအတြင္း တရိပ္ရိပ္ျမင္႔တက္လာေသာ သက္ငယ္မုဒိမ္းဆိုသည့္ျပစ္မူအေပၚ အခ်က္ေပးေခါင္း ေလာင္းျဖစ္လာေစခဲ့သည္။မၾကာေသးမီရက္ပိုင္းမ်ားကပင္ သက္ငယ္မုဒိမ္းႏွင္႔ ပတ္သက္၍ ျပစ္မႈမ်ား ခပ္စိပ္စိပ္ေတြ႕လာခဲ့ခ်ိန္ တြင္ ကိုရဲထြန္းတို႔မိသားစု၏ ျဖစ္စဥ္က လူအသိုင္းအဝိုင္းကို ပို၍ေခ်ာက္ခ်ားေစလာခဲ့သည္။ ထိုျဖစ္စဥ္အၿပီးတြင္လည္း သက္ငယ္မုဒိမ္း က်ဴးလြန္မႈမ်ား ေတာက္ ေလွ်ာက္ရွိလာခဲ့သည္။
ႏုိ၀င္ဘာလ ၂ ရက္ေန႔တြင္ ကိုရဲထြန္းတို႔၏ မူႀကိဳအရြယ္သမီးငယ္။ ႏုိ၀င္ဘာ ၃ ရက္ေန႔တြင္ ပဲခူးတိုင္း ျပည္ၿမိဳ႕ရြာဘဲတြင္ အသက္(၄)ႏွစ္အရြယ္ မိန္းကေလး။ ႏုိ၀င္ဘာ ၄ ရက္ေန႔တြင္ ထားဝယ္ၿမိဳ႕ ကၽြန္းစုၿမိဳ႕နယ္တြင္ (၁၀)ႏွစ္အရြယ္ ကေလးငယ္အား သားမယားအျဖစ္ျပဳက်င့္ရန္ ႀကံစည္မႈ။ ႏုိ၀င္ဘာ ၅ ရက္ေန႔တြင္ ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕တြင္ အသက္(၅)ႏွစ္အရြယ္ မိန္းကေလး စသည္ျဖင့္ ရက္ဆက္ဆိုသလိုပင္ သက္ငယ္မုဒိမ္းမႈမ်ား ျဖစ္ပြားခဲ့သည္။ အထက္ပါျဖစ္စဥ္မ်ားက ရဲစခန္းတြင္ တိုင္ခ်က္ဖြင့္ ၍ သတင္းစာမ်က္ႏွာေပၚေရာက္လာသည့္ ျဖစ္စဥ္မ်ားျဖစ္၏။ လူမသိသူမသိ ၿပီးဆံုးသြားေသာ ငရဲခန္းသို႔ေရာက္ခဲ့သည့္  ပြင့္ခ်ိန္မ တုိင္မီ ေႂကြလြင့္ခဲ့သည့္ ပန္းဖူးေလးမ်ား မည္မွ်ရွိမည္မသိႏုိင္။

ထို႔အျပင္ မႈခင္းကိန္းဂဏန္းမ်ားကလည္း သက္ငယ္မုဒိမ္းမႈမ်ား မည္မွ်မ်ားျပားလာေနသည္ ကုိ သက္ေသထူေနျပန္သည္။  ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕မွ စာရင္းမ်ားအရ ၂၀၁၅ တစ္ႏွစ္လံုးတြင္ မုဒိမ္းမႈေပါင္း ၆၈၂ မႈရွိခဲ့ၿပီး သက္ငယ္မုဒိမ္းမႈ ၂၃၀ ေက်ာ္ရွိခဲ႔သည္။ ၂၀၁၆ တြင္ေတာ႔ ၁၀ လအတြင္းမွာပင္ မုဒိမ္းမႈ ၇၆၁ မႈရွိခဲ့ၿပီး သက္ငယ္မုဒိမ္းမႈ ၃၈၀ ေက်ာ္ရွိခဲ႔သည္။ ရန္ကုန္တိုင္းအတြက္ ၁၀ လအတြင္းသက္ငယ္မုဒိမ္းမႈေပါင္း ၇၄ ခု ျဖစ္ပြားခဲ့ၿပီး ထိုအေရအတြက္မွာ ရန္ကုန္တိုင္းအတြင္းမွာပင္ ေလးရက္လွ်င္  ကေလးငယ္တစ္ဦးႏႈန္းလိင္ပိုင္းဆိုင္ရာ ေစာ္ကားခံေနရျခင္းျဖစ္သည္။

‘‘ဒီပမာဏက အျပစ္ကင္းတဲ့ကေလးငယ္ေတြအတြက္ စိုးရိမ္စရာအေျခအေနတစ္ခုပါ။ အရြယ္မေရာက္ေသးတဲ့ သမီးမိန္းကေလးကို ေဆြမ်ဳိးရင္းခ်ာ၊ အသိမိတ္ေဆြဆိုတာနဲ႔ပဲ စိတ္ခ်လို႔မရတဲ့ အေျခအေနပါ’’ဟု တရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေဇာ္ (မရမ္းကုန္း)က သံုးသပ္သည္။၎အေနျဖင့္ ဥပေဒျပဳသူမ်ားႏွင့္ တရားစီရင္ေရးမ႑ိဳင္မွ ပုဂၢိဳလ္မ်ားအေနျဖင့္ ဒီအတိုင္းၾကည့္မေနၾကရန္ႏွင့္ အျမန္ဆံုးတံု႔ျပန္ရန္ အႀကံျပဳသည္။

သက္ငယ္မုဒိမ္းမႈ အမ်ားစုကုိ ေလ့လာသုံးသပ္မည္ဆုိလွ်င္ နီးစပ္ရာပတ္ဝန္းက်င္၊ ေဆြမ်ဳိး(သုိ႕မဟုတ္) အသိမိတ္ေဆြမ်ားက အမ်ားဆုံးက်ဴးလြန္ေလ့ရွိၾက သည္ဟု သက္ငယ္မုဒိမ္းမႈမ်ားအ တြက္ ဥပေဒေရးရာကိစၥမ်ား ကူညီေပးေနသည့္ ဥပေဒေရးရာကုစားေရးအဖြဲ႕ဒါ႐ုိက္တာ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီက ဆုိပါသည္။

ထုိ႔အျပင္ အခ်ဳိ႕သက္ငယ္မုဒိမ္းမႈမ်ားတြင္ဆုိလွ်င္ က်ဴးလြန္သူမွာ အေဖအရင္း၊ ဦးေလးအရင္းတုိ႔ ျဖစ္ေနတတ္ၿပီး ထုိျဖစ္စဥ္မ်ားတြင္မူ က်ဴးလြန္သူမ်ားမွာအရက္ေသစာ ေသာက္စားထားျခင္း၊ မူးယစ္ေဆးသုံးစြဲထားျခင္း ႏွင့္ စိတ္ေရာဂါရွိသူအခ်ိဳ႕တုိ႔ ျဖစ္ေနတတ္သည္ဟုလည္း ေဒၚလွလွရီကဆုိသည္။

‘‘ဒီႏွစ္ပိုင္းမွ မဟုတ္ဘူး။ အရင္ကတည္းက ရွိခဲ့တာဆိုေပမယ့္ ဒီႏွစ္ပိုင္း အေရအတြက္ပိုမ်ားလာတာအမွန္ပဲ။ အေၾကာင္းရင္းကိုေျပာရမယ္ဆိုရင္ လူထုၾကားမွာအင္တာနက္ကြန္ရက္ေတြမွာ လိင္အသားေပး႐ုပ္ရွင္ေတြ၊ ပံုေတြကို အလြယ္တကူ ေတြ႕ႏုိင္တာက လည္း အေၾကာင္းရင္းတစ္ခုျဖစ္ သလို မူးယစ္ေဆးဝါးနဲ႔ အရက္ေတြေၾကာင့္လည္း မဆင္မျခင္ က်ဴးလြန္ၾကတာေတြ႕ရတယ္’’ဟု သက္ငယ္မုဒိမ္းမႈ မ်ားျပားလာ သည့္ အေၾကာင္းရင္းကုိ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီက သုံးသပ္သည္။

ျဖစ္စဥ္မ်ားက ခပ္စိပ္စိပ္ျဖစ္လာၿပီး သက္ငယ္မုဒိမ္းအေပၚလူထု၏ စိုးရိမ္မႈေရခ်ိန္ကလည္း ျမင့္တက္လာခဲ့သည္။ အြန္လိုင္းတြင္ လူတစ္စုက ဦးေဆာင္ၿပီး သက္ငယ္မုဒိမ္းမ်ားကို ထိေရာက္စြာအျပစ္ေပးရန္ လႈပ္ရွားမႈမ်ား ရွိလာခဲ့သည္။

‘‘အဓိကကေတာ့ အစိုးရကိုတတ္ႏုိင္တဲ့အပိုင္းက ဖိအားေပးခ်င္တာပါ။ အခု ဒီကိစၥေတြက ေတာ္ေတာ္မ်ားမ်ားျဖစ္လာၿပီး တုံ႔ျပန္မႈမရွိဘူး။ အြန္လိုင္းေပၚမွာ Event ေတြေထာင္ၿပီး ေရးၾကသားၾကတယ္။ ၿပီးေတာ့ အခ်က္အလက္ေတြလည္း မွ်ေဝတဲ့ သေဘာပါ’’ဟု အြန္လိုင္းမွ လႈပ္ရွားသူ ကိုျပည့္ၿဖိဳးႏုိင္ကေျပာသည္။

လူမူကြန္ရက္ အသံုးျပဳသူ မ်ားၾကားတြင္ သက္ငယ္မုဒိမ္းႏွင့္ပတ္သက္၍ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေသဒဏ္ေပးသည္အထိ ပင္ အျပစ္ေပးသင့္ေၾကာင္း က်ယ္က်ယ္ျပန္႔ျပန္႔ ေတာင္းဆုိလာၾကသည္။ သက္ငယ္မုဒိမ္းမႈမ်ားႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားကထိေရာက္သည့္ေျဖရွင္းမႈမ်ဳိး မေတြ႕ရေသးဘဲ ၿငိမ္သက္ေနဆဲ ျဖစ္ေၾကာင္း ေဝဖန္မႈမ်ားလည္း တစ္ၿပိဳင္နက္ထြက္ေပၚေနခဲ့သည္။

ထိုတင္မကေသး သက္ငယ္မုဒိမ္းမ်ားႏွင့္ ပတ္သက္၍ သီးျခားအထူးဥပေဒႏွင့္ ျပင္းျပင္းထန္ထန္ အျပစ္မေပးႏုိင္ေသးသည္မ်ားလည္းရွိေနသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ အစိုးရသစ္အေနျဖင့္ တရားစီရင္ေရးႏွင့္ ဥပေဒျပဳေရးကို တည့္မတ္ေအာင္ အျမန္ဆံုး လုပ္ေဆာင္သင့္ေၾကာင္းႏွင့္ တံု႔ျပန္မႈမ်ား ေႏွးေကြးသည္ဟု လက္ရွိအစိုးရအေပၚ အမ်ိဳးသားဒီမိုကေရစီပါတီသစ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဟာင္း ဦးသိန္းၫြန္႔က ေဝဖန္ သည္။

‘‘ ေျပာင္းလဲခ်ိန္တန္ၿပီဆိုတဲ့အတိုင္း ဘာေျပာင္းလဲသလဲဆိုေတာ့ မႈခင္းေတြ တိုးလာတယ္ေလ။ သက္ငယ္မုဒိမ္းနဲ႔ပတ္သက္ ၿပီး အခု လႊတ္ေတာ္ထဲေရာက္ေနတဲ့ အမတ္ေတြရဲ႕ အရည္အခ်င္းကိုၾကည့္ရမွာပဲ။ ၾကာရင္ျပည္သူကပဲ နစ္နာမွာ’’ဟု ၎က လက္ရွိ အစုိးရႏွင့္ လႊတ္ေတာ္ကို ေ၀ ဖန္သည္။

ဦးသိန္းၫြန္႔မွာ ဥပေဒပညာရွင္တစ္ဦးလည္းျဖစ္ၿပီး ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းတြင္ သက္ငယ္မုဒိမ္းအတြက္ ဥပေဒတစ္ခုျပ႒ာန္းၿပီး အျမင့္ဆံုးျပစ္ဒဏ္ ေသဒဏ္အထိေပးရန္ သံုးႀကိမ္တိုင္ ႀကိဳးစားခဲ့သူတစ္ဦး လည္းျဖစ္သည္။ သို႔ေသာ္လည္း လႊတ္ေတာ္က ပယ္ခ်မႈမ်ား မဲ႐ႈံးနိမ့္မႈမ်ားႏွင့္ ၎၏ႀကိဳးစားမႈ အထမေျမာက္ခဲ့ေပ။

 ‘‘ကြၽန္ေတာ့္ခံယူခ်က္က ေတာ့ ဒီလို မုဒိမ္းေကာင္တစ္ရာကို ေသဒဏ္ေပးပစ္ရင္ ကေလးအ ေယာက္ တစ္သန္းရဲ႕ အျပစ္ကင္း တဲ့ ဘဝလံုၿခံဳမယ္လို႔ထင္တယ္’’ ဟု ၎ကဆိုသည္။ ဦးသိန္းၫြန္႔မွာ သက္ငယ္မုဒိမ္းမ်ားကို အျမင့္ဆံုး အျပစ္ ေသဒဏ္ေပးျခင္းမွာ သည္ႏိုင္ငံအေနႏွင့္ လိုအပ္သည္ဟု တထစ္ခ်ယံုၾကည္ထားသည္။

လက္ရွိတြင္ ပုဒ္မ ၃၇၆ မွာ သက္ငယ္မုဒိမ္းမ်ားအတြက္ အ မွန္တကယ္ အလုပ္မျဖစ္ေၾကာင္း ဦးခင္ေဇာ္(မရမ္းကုန္း) ကလည္း ေျပာၾကားသည္။ ကေလးငယ္၏ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာကုိ ဖ်က္ဆီးသူအတြက္ ျပစ္မူႏွင့္ျပစ္ဒဏ္မွ်တမွသာ နစ္နာသူအတြက္ တရားေသာအေျဖကို တရားစီရင္ေရးက ေပးႏိုင္မည္ဟု ၎ကယံုၾကည္ထားသည္။

‘‘အခုက သက္ငယ္မုဒိမ္းေတြ ကို ၿမိဳ႕နယ္တရား႐ံုးမွာ စစ္ေဆး ေနတာေတြရွိေနတယ္။ ခ႐ိုင္မွာ မစစ္ဘူး။ ဒီၿမိဳ႕နယ္တရား႐ံုးက ျပစ္ဒဏ္ဘယ္ေလာက္ေပးႏိုင္မွာ လဲ’’ဟု ဦးခင္ေဇာ္ကေျပာသည္။

‘‘ကုန္ကုန္ေျပာမယ္ လိုအပ္ ရင္ ျပည္ေထာင္စုတရားစီရင္ေရး ဥပေဒကိုပါျပင္သင့္ျပင္ရမယ္’’ လို႔ ၎က အႀကံျပဳသည္။

လက္ရွိတြင္လည္း သက္ငယ္ မုဒိမ္းအမ်ားစုမွာ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆၊ အျပင္းအထန္နာက်င္ေစမႈ  ၃၂၅ ႏွင့္ အရြယ္မေရာက္သူကို ခိုးယူေပါင္းသင္းမူ ၃၆၃ တို႔ႏွင္႔သာ စြဲခ်က္တင္ေနၾကသည္။ ထိုျပစ္မႈမ်ားအေနျဖင့္ ေထာင္ဒဏ္ေလးႏွစ္မွ ၁၀ ႏွစ္၊ တစ္သက္တစ္ကြၽန္းထိ ေပးႏိုင္ေသာ္လည္း ဒဏ္ေငြႏွင့္လည္း ၿပီးႏိုင္သည္မ်ား ရွိသည္။

 ထို႔ျပင္ လြတ္ၿငိမ္းခ်မ္းသာ ခြင့္ႏွင့္ လြတ္လာၿပီး တရားစြဲဆို သူ မိသားစုကို ၿခိမ္းေျခာက္အႏၲရာယ္ေပးခဲ့သည္မ်ားကလည္း ရာဇဝတ္မႈမွတ္တမ္းမ်ားတြင္ ရွိေန သည္။

7Day News ဂ်ာနယ္ အေန ျဖင့္ သက္ငယ္မုဒိမ္းႏွင့္ပတ္သက္ ၍ ေတြ႕ဆုံေမးျမန္းမႈအခ်ိဳ႕ႏွင့္ အြန္လိုင္းတို႔မွတစ္ဆင့္ လူဦးေရငါးဆယ္ကို သေဘာထားစစ္တမ္း ေကာက္ခံခဲ့ရာ အမ်ားစုမွာ တရား ဥပေဒစိုးမိုးမႈရွိရန္ အဓိက လိုအပ္ ေၾကာင္း ေျဖဆိုခဲ့ၿပီး ပညာေပးမႈ မ်ားႏွင္႔ လူေနမႈအဆင့္အတန္း ျမႇင့္တင္ေပးရန္ လိုအပ္သည္ဟု လည္း ေျဖဆိုခဲ့ၾကသည္။ သက္ ငယ္မုဒိမ္းႏွင့္ပတ္သက္၍ ျပင္း ထန္သည့္ျပစ္ဒဏ္ကို မွ်တစြာေပး ႏိုင္ရန္ကုိမူ အားလုံးကလုိလားေန ၾကသည္။

ထုိမွ်မကေသးေပ။ နစ္နာခဲ့ရ သည့္ အျပစ္မဲ့ကေလးငယ္မ်ား ႏွင့္ မိသားစုအတြက္ ေကာင္းမြန္ ေသာ အနာဂတ္ဖန္တီးေပးရန္ လည္း အမွန္တကယ္ လိုအပ္ပါ သည္။ Save The Children မွ အာရွပစိဖိတ္ ႏိုင္ငံမ်ားအတြင္း သက္ငယ္မုဒိမ္းႏွင့္ ပတ္သက္၍ ၂၀၁၅ ႏွစ္လယ္တြင္ စစ္တမ္း တစ္ခု ေကာက္ခံခဲ့ရာ ငယ္စဥ္ကထိုသို႔ျဖစ္စဥ္ႀကံဳေတြ႕ခဲ့ရသူ မိန္း ကေလး ၇၀ ရာခိုင္ႏႈန္းေက်ာ္မွာ အသက္ႀကီးသည္အထိ ပတ္ဝန္းက်င္၏ စိတ္ပိုင္းဆိုင္ရာတိုက္ခိုက္မႈခံရၿပီး ၄၀ ရာခိုင္ႏႈန္းမွာ အိမ္ ေထာင္မက်ေၾကာင္း စစ္တမ္းအ ေျဖတစ္ခုရခဲ့သည္။ လက္ေတြ႕ တြင္လည္း ေျခမြဖ်က္ဆီးခံခဲ့ရ ေသာ ကေလးငယ္မ်ားကုိအလုိက္ မသိေသာ ပတ္ဝန္းက်င္အသုိင္း အဝုိင္းတုိ႔က စိတ္ဒဏ္ရာမ်ား ထပ္ ေပးေလ့ရွိေနတတ္သည္။

‘‘ကၽြန္ေတာ္တို႔ကေတာ့ ျဖစ္ ႏိုင္ရင္ ဒီရပ္ကြက္၊ ဒီပတ္ဝန္းက်င္ က ထြက္သြားလိုက္ခ်င္တာပါပဲ။ ဒီေနရာမွာ ဆက္ေနခ်င္စိတ္လံုးဝ မရွိေတာ႔ဘူး။ အဓိကက ကေလး အတြက္ပါ’’ ကိုရဲထြန္း၏ စကားသံ က ေမာလ်ေနသည္။

ကိုရဲထြန္းေျပာသည့္ စကား အတိုင္း တစ္ထပ္တည္းကိုပင္ လြန္ခဲ့သည့္သံုးႏွစ္က ေျပာဖူးသူတစ္ေယာက္ရွိသည္။ သူကေတာ့ ကမာရြတ္ၿမိဳ႕နယ္တြင္ ေစ်းေရာင္း ခ်သည့္ မေမာ္(အမည္လႊဲ)ပင္ျဖစ္ သည္။ လြန္ခဲ့သည့္သုံးႏွစ္ ေအာက္ တိုဘာလက မေမာ္၏ (၆)ႏွစ္အ ရြယ္သမီးငယ္ကို အိမ္နီးခ်င္းတစ္ ဦးက အဓမၼက်င့္မႈျဖစ္ပြားခဲ့သည္။ အေမတစ္ခု သမီးတစ္ခု ဘဝတြင္ ႐ံုးခ်ိန္း ၂ ႏွစ္ခန္႔ တက္ေရာက္ၿပီး တရားခံကို ေထာင္ဒဏ္ေလးႏွစ္ သာ ျပစ္ဒဏ္ခ်ႏိုင္ခဲ႔သည္။ ထိုအ ခ်ိန္တြင္လည္း သူမ ေမာပန္းစြာ ေျပာခဲ႔သည္က ‘‘ကြၽန္မ သမီးေလး အတြက္ ကြၽန္မေတာ့ ဒီပတ္ဝန္း က်င္က ထြက္သြားလိုက္ခ်င္တာပါပဲ’’ဟူ၍ပင္။

မေမာ္တစ္ေယာက္ေတာ့ ကံ မေကာင္းခဲ႔ပါ။ ျဖစ္စဥ္က သံုးႏွစ္ သံုးမိုးၾကာခဲ့ၿပီ။ တရားခံသည္ လည္း သမၼတေဟာင္း ဦးသိန္းစိန္ ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ ေထာင္ထဲတြင္ တစ္ႏွစ္သာေနၿပီး ျပန္လြတ္သြားခဲ့ေလသည္။ ထို႔အ ျပင္ ၿပီးခဲ့သည့္သံုးႏွစ္တာ ကာလ အတြင္း မေမာ္တို႔ သားအမိႏွစ္ ေယာက္ ေၾကာက္လန္႔ရွက္ရြံစြာ ျဖတ္သန္းခဲ့သည္ဟု ရင္ဖြင့္ပါ သည္။

ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေန ေသာ မ်က္လံုးမ်ားျဖင့္ သမီးငယ္ ကို က႐ုဏာမ်က္လံုးမ်ားျဖင့္ ၾကည့္ရင္း သက္ျပင္းေမာတစ္ခု ကုိခ်ကာ မေမာ္ကေျပာသည္။

‘‘ကြၽန္မတို႔မွာ ေမွာင္ၿပီဆို ဘာလုပ္ရမွန္းမသိဘူး။ ညတိုင္း ဘုရားေတြရွိခိုး။ သားအမိႏွစ္ေယာက္ တပူးကပ္ကပ္နဲ႔ သမီးေလးၾကီးလာရင္ သီလရွင္ဝတ္ေပးမယ္လုိ႔ သမီးေလးကို ေျပာ တယ္။ သမီးေလးကလည္း လက္ ခံပါတယ္’’။           ။
__________________________________________________________________________
#Unicode
သမီးငယ်ဖြစ်သူရဲ့ စူးစူးဝါးဝါး အော်ဟစ်သံတွေ မဆုံးခင်ဘဲ ကိုရဲထွန်းတစ်ယောက် အိမ်အနောက်သို့ အလန့်တကြား ပြေးဆင်းလာခဲ့သည်။ အသံလာရာဆီကိုရောက်ဖို့က ကိုရဲထွန်းအတွက် ခရီးရှည်ကြီး တစ်ခုလိုပင်။ နားထဲတွင်သမီးငယ်၏ အော်ဟစ်သံက ယခုလောက်ဘယ်တုန်းကမှ ချောက်ချားစရာမ ကောင်းခဲ့။ အိမ်အနောက်သို့ အရောက်တွင်တော့ မြင်ကွင်းက ဦးခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချ လိုက်သည့်နှယ်။ မျက်လုံးစုံမှိတ်ကာ အာခေါင်ခြစ်ငိုဟစ်နေသောသမီးက ပက်လက်လှန်အနေအထားဖြင့် ဒူးခေါင်းနှစ်လုံးကို ပိုက်ထားသည်။ ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ သွေးစအချို့ စွန်း ထင်းနေလျက်။

အချိန်က ည၏အမှောင်ဆုံးအပိုင်း၂ နာရီခွဲလုလု။ (၅)နှစ်အရွယ်သမီးငယ်ကို ထွေးပွေ့ရင်းကိုရဲထွန်းတို့ မိသားစုသုံးယောက်ကမ္ဘာပျက်မတတ် ခံစားနေရ သည်။ မိခင်ဖြစ်သူက သမီးငယ်ကို ဖေးထူထားလိုက်ပြီး မျက်ရည်စမ်းစမ်းနှင့်။ ကိုရဲထွန်းတစ်ယောက် ပတ်ဝန်းကျင်တွင် တရားခံကို ရှာတွေ့နိုးနိုးအပြေးတစ်ပိုင်း လိုက်လံရှာဖွေသည်။ သမီးငယ်နှင့် မနီးမဝေးနေရာတွင် ရော်ဘာဖိနပ်တစ်ဖက်ကို တွေ့လိုက်၏။ သူကောက်ယူပြီး နာကျင်စွာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။သမီးငယ်ကို အရပ်ထဲကဆေးခန်းနှစ်ခုဆီပြသပြီး လက်မခံသည့် နောက်တွင်တော့ နံနက် ၅နာရီခန့်တွင် မြောက်ဥက္ကလာပဆေးရုံသို့ ရောက်လာခဲ့သည်။ (၅)နှစ်အရွယ် ကလေးငယ်ကို သားဖွားမီးယပ်ဆောင်တွင် တင်ထားရပြီး မိန်းမကိုယ်မှ မစင်စွန့်သည့်အင်္ဂါအထိ ပေါက်ပြဲသွားသဖြင့် တောက်လျှောက်ချုပ်ထားရကာ အညစ်အကြေးစွန့်ရန် ဝမ်းဗိုက်မှ အပေါက်ဖောက်ထားရ သည်။

ကလေးက အနာရှိန်ကြောင့် တောက်လျှောက်ဖျားနာနေပြီး သူစိမ်းပင် အကပ်မခံဝံ့တော့။

နိုဝင်ဘာ ၂ ရက်နေ့ညကဖြစ်ခဲ့သည့် ထိုဖြစ်စဉ်ကို ပြန်ပြောင်းပြောပြနေချိန်တွင် ကိုရဲထွန်း၏မျက်လုံးအစုံက မျက်ရည်များဖြင့်မှုန်ဝါးနေသည်။ ကလေးနှစ်ဦး၏ ဖခင် အသက်(၃၀)ကျော် အမျိုးသားတစ်ဦးအနေဖြင့် များစွာပင်ပန်း၍ အိုစာနေပြီး လက်ရှိဘဝကိုစိတ်ပျက်နေသည့်နှယ်။ ရက်သတ္တ ပတ်တို့က ကျော်လွန်သွားခဲ့ပြီ...။

သမီးငယ်၏ဘဝကိုမစာမနာရက်စက်ခဲ့သည့် တရားခံကိုတော့ယခုထိဖမ်းမမိသေးပေ။

‘‘ရဲတပ်ဖွဲ့က မတွေ့ခင် ဒီကောင်ဘယ်သူလဲ ကျွန်တော်အရင်သိခဲ့ရင် လူသတ်မှုဖြစ်ဖို့ ကျိန်းသေတယ်’’ဟု ဒေါသစကားကိုဆိုနေသည့်တိုင် သူ့အသွင်က နွမ်းနယ်နေခဲ့သည်။

ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ကိုရဲထွန်းတို့ အိမ်ကလေးက ဂိုဒေါင်တစ်ခု၏ဘေးတွင် အဖီဆွယ်၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ကျိုးတိုးကျဲတဲ ကြမ်းခင်းနှင့် အမိုးအကာလုံလုံခြုံခြုံမရှိသော ဆယ်ပေသာသာ အိမ်ကျဉ်းလေး။ အဆိုပါနေအိမ်တွင် ကိုရဲထွန်းတို့လင်မယားနှစ်ယောက်၊ မူကြိုတက်နေသည့် သမီးငယ်နှင့် ဒုတိယတန်းအရွယ်သား၊ ကိုရဲထွန်း၏ ယောက္ခမတို့နေထိုင်ကြသည်။ အခင်းဖြစ်သည့်နေ့ ပြတင်းပေါက်ဘေးတွင် ကပ်လျက်အိပ်နေသော သမီးငယ်ကို ပြတင်းပေါက်ကတစ်ဆင့် ပွေ့ချီသွားသည်ဟု ယူဆရကြောင်း ကိုရဲထွန်းက ဆိုသည်။

သားသမီးအပေါ် လုံခြုံမှုမပေးနိုင်ခဲ့သည်ဆိုသည့် အပူက သူ့အတွက် ပို၍ယူကျူံးမရဖြစ်အောင် ပူလောင်စေခဲ့သည်။

သို့ရာတွင် ထိုဖြစ်စဉ်က နိုင်ငံအတွင်း တရိပ်ရိပ်မြင့်တက်လာသော သက်ငယ်မုဒိမ်းဆိုသည့်ပြစ်မူအပေါ် အချက်ပေးခေါင်း လောင်းဖြစ်လာစေခဲ့သည်။မကြာသေးမီရက်ပိုင်းများကပင် သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ပြစ်မှုများ ခပ်စိပ်စိပ်တွေ့လာခဲ့ချိန် တွင် ကိုရဲထွန်းတို့မိသားစု၏ ဖြစ်စဉ်က လူအသိုင်းအဝိုင်းကို ပို၍ချောက်ချားစေလာခဲ့သည်။ ထိုဖြစ်စဉ်အပြီးတွင်လည်း သက်ငယ်မုဒိမ်း ကျူးလွန်မှုများ တောက် လျှောက်ရှိလာခဲ့သည်။
နို၀င်ဘာလ ၂ ရက်နေ့တွင် ကိုရဲထွန်းတို့၏ မူကြိုအရွယ်သမီးငယ်။ နို၀င်ဘာ ၃ ရက်နေ့တွင် ပဲခူးတိုင်း ပြည်မြို့ရွာဘဲတွင် အသက်(၄)နှစ်အရွယ် မိန်းကလေး။ နို၀င်ဘာ ၄ ရက်နေ့တွင် ထားဝယ်မြို့ ကျွန်းစုမြို့နယ်တွင် (၁၀)နှစ်အရွယ် ကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှု။ နို၀င်ဘာ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် အသက်(၅)နှစ်အရွယ် မိန်းကလေး စသည်ဖြင့် ရက်ဆက်ဆိုသလိုပင် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့သည်။ အထက်ပါဖြစ်စဉ်များက ရဲစခန်းတွင် တိုင်ချက်ဖွင့် ၍ သတင်းစာမျက်နှာပေါ်ရောက်လာသည့် ဖြစ်စဉ်များဖြစ်၏။ လူမသိသူမသိ ပြီးဆုံးသွားသော ငရဲခန်းသို့ရောက်ခဲ့သည့်  ပွင့်ချိန်မ တိုင်မီ ကြွေလွင့်ခဲ့သည့် ပန်းဖူးလေးများ မည်မျှရှိမည်မသိနိုင်။

ထို့အပြင် မှုခင်းကိန်းဂဏန်းများကလည်း သက်ငယ်မုဒိမ်းမှုများ မည်မျှများပြားလာနေသည် ကို သက်သေထူနေပြန်သည်။  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စာရင်းများအရ ၂၀၁၅ တစ်နှစ်လုံးတွင် မုဒိမ်းမှုပေါင်း ၆၈၂ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၂၃၀ ကျော်ရှိခဲ့သည်။ ၂၀၁၆ တွင်တော့ ၁၀ လအတွင်းမှာပင် မုဒိမ်းမှု ရ၆၁ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၈၀ ကျော်ရှိခဲ့သည်။ ရန်ကုန်တိုင်းအတွက် ၁၀ လအတွင်းသက်ငယ်မုဒိမ်းမှုပေါင်း ရ၄ ခု ဖြစ်ပွားခဲ့ပြီး ထိုအရေအတွက်မှာ ရန်ကုန်တိုင်းအတွင်းမှာပင် လေးရက်လျှင်  ကလေးငယ်တစ်ဦးနှုန်းလိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းဖြစ်သည်။

‘‘ဒီပမာဏက အပြစ်ကင်းတဲ့ကလေးငယ်တွေအတွက် စိုးရိမ်စရာအခြေအနေတစ်ခုပါ။ အရွယ်မရောက်သေးတဲ့ သမီးမိန်းကလေးကို ဆွေမျိုးရင်းချာ၊ အသိမိတ်ဆွေဆိုတာနဲ့ပဲ စိတ်ချလို့မရတဲ့ အခြေအနေပါ’’ဟု တရားလွှတ်တော်ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က သုံးသပ်သည်။၎င်းအနေဖြင့် ဥပဒေပြုသူများနှင့် တရားစီရင်ရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်များအနေဖြင့် ဒီအတိုင်းကြည့်မနေကြရန်နှင့် အမြန်ဆုံးတုံ့ပြန်ရန် အကြံပြုသည်။

သက်ငယ်မုဒိမ်းမှု အများစုကို လေ့လာသုံးသပ်မည်ဆိုလျှင် နီးစပ်ရာပတ်ဝန်းကျင်၊ ဆွေမျိုး(သို့မဟုတ်) အသိမိတ်ဆွေများက အများဆုံးကျူးလွန်လေ့ရှိကြ သည်ဟု သက်ငယ်မုဒိမ်းမှုများအ တွက် ဥပဒေရေးရာကိစ္စများ ကူညီပေးနေသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုပါသည်။

ထို့အပြင် အချို့သက်ငယ်မုဒိမ်းမှုများတွင်ဆိုလျှင် ကျူးလွန်သူမှာ အဖေအရင်း၊ ဦးလေးအရင်းတို့ ဖြစ်နေတတ်ပြီး ထိုဖြစ်စဉ်များတွင်မူ ကျူးလွန်သူများမှာအရက်သေစာ သောက်စားထားခြင်း၊ မူးယစ်ဆေးသုံးစွဲထားခြင်း နှင့် စိတ်ရောဂါရှိသူအချို့တို့ ဖြစ်နေတတ်သည်ဟုလည်း ဒေါ်လှလှရီကဆိုသည်။

‘‘ဒီနှစ်ပိုင်းမှ မဟုတ်ဘူး။ အရင်ကတည်းက ရှိခဲ့တာဆိုပေမယ့် ဒီနှစ်ပိုင်း အရေအတွက်ပိုများလာတာအမှန်ပဲ။ အကြောင်းရင်းကိုပြောရမယ်ဆိုရင် လူထုကြားမှာအင်တာနက်ကွန်ရက်တွေမှာ လိင်အသားပေးရုပ်ရှင်တွေ၊ ပုံတွေကို အလွယ်တကူ တွေ့နိုင်တာက လည်း အကြောင်းရင်းတစ်ခုဖြစ် သလို မူးယစ်ဆေးဝါးနဲ့ အရက်တွေကြောင့်လည်း မဆင်မခြင် ကျူးလွန်ကြတာတွေ့ရတယ်’’ဟု သက်ငယ်မုဒိမ်းမှု များပြားလာ သည့် အကြောင်းရင်းကို တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက သုံးသပ်သည်။

ဖြစ်စဉ်များက ခပ်စိပ်စိပ်ဖြစ်လာပြီး သက်ငယ်မုဒိမ်းအပေါ်လူထု၏ စိုးရိမ်မှုရေချိန်ကလည်း မြင့်တက်လာခဲ့သည်။ အွန်လိုင်းတွင် လူတစ်စုက ဦးဆောင်ပြီး သက်ငယ်မုဒိမ်းများကို ထိရောက်စွာအပြစ်ပေးရန် လှုပ်ရှားမှုများ ရှိလာခဲ့သည်။

‘‘အဓိကကတော့ အစိုးရကိုတတ်နိုင်တဲ့အပိုင်းက ဖိအားပေးချင်တာပါ။ အခု ဒီကိစ္စတွေက တော်တော်များများဖြစ်လာပြီး တုံ့ပြန်မှုမရှိဘူး။ အွန်လိုင်းပေါ်မှာ Event တွေထောင်ပြီး ရေးကြသားကြတယ်။ ပြီးတော့ အချက်အလက်တွေလည်း မျှဝေတဲ့ သဘောပါ’’ဟု အွန်လိုင်းမှ လှုပ်ရှားသူ ကိုပြည့်ဖြိုးနိုင်ကပြောသည်။

လူမူကွန်ရက် အသုံးပြုသူ များကြားတွင် သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးသည်အထိ ပင် အပြစ်ပေးသင့်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာကြသည်။ သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများကထိရောက်သည့်ဖြေရှင်းမှုမျိုး မတွေ့ရသေးဘဲ ငြိမ်သက်နေဆဲ ဖြစ်ကြောင်း ဝေဖန်မှုများလည်း တစ်ပြိုင်နက်ထွက်ပေါ်နေခဲ့သည်။

ထိုတင်မကသေး သက်ငယ်မုဒိမ်းများနှင့် ပတ်သက်၍ သီးခြားအထူးဥပဒေနှင့် ပြင်းပြင်းထန်ထန် အပြစ်မပေးနိုင်သေးသည်များလည်းရှိနေသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရသစ်အနေဖြင့် တရားစီရင်ရေးနှင့် ဥပဒေပြုရေးကို တည့်မတ်အောင် အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်းနှင့် တုံ့ပြန်မှုများ နှေးကွေးသည်ဟု လက်ရှိအစိုးရအပေါ် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးသိန်းညွန့်က ဝေဖန် သည်။

‘‘ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း ဘာပြောင်းလဲသလဲဆိုတော့ မှုခင်းတွေ တိုးလာတယ်လေ။ သက်ငယ်မုဒိမ်းနဲ့ပတ်သက် ပြီး အခု လွှတ်တော်ထဲရောက်နေတဲ့ အမတ်တွေရဲ့ အရည်အချင်းကိုကြည့်ရမှာပဲ။ ကြာရင်ပြည်သူကပဲ နစ်နာမှာ’’ဟု ၎င်းက လက်ရှိ အစိုးရနှင့် လွှတ်တော်ကို ဝေ ဖန်သည်။

ဦးသိန်းညွန့်မှာ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် သက်ငယ်မုဒိမ်းအတွက် ဥပဒေတစ်ခုပြဋ္ဌာန်းပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိပေးရန် သုံးကြိမ်တိုင် ကြိုးစားခဲ့သူတစ်ဦး လည်းဖြစ်သည်။ သို့သော်လည်း လွှတ်တော်က ပယ်ချမှုများ မဲရှုံးနိမ့်မှုများနှင့် ၎င်း၏ကြိုးစားမှု အထမမြောက်ခဲ့ပေ။

 ‘‘ကျွန်တော့်ခံယူချက်က တော့ ဒီလို မုဒိမ်းကောင်တစ်ရာကို သေဒဏ်ပေးပစ်ရင် ကလေးအ ယောက် တစ်သန်းရဲ့ အပြစ်ကင်း တဲ့ ဘဝလုံခြံုမယ်လို့ထင်တယ်’’ ဟု ၎င်းကဆိုသည်။ ဦးသိန်းညွန့်မှာ သက်ငယ်မုဒိမ်းများကို အမြင့်ဆုံး အပြစ် သေဒဏ်ပေးခြင်းမှာ သည်နိုင်ငံအနေနှင့် လိုအပ်သည်ဟု တထစ်ချယုံကြည်ထားသည်။

လက်ရှိတွင် ပုဒ်မ ၃၇၆ မှာ သက်ငယ်မုဒိမ်းများအတွက် အ မှန်တကယ် အလုပ်မဖြစ်ကြောင်း ဦးခင်ဇော်(မရမ်းကုန်း) ကလည်း ပြောကြားသည်။ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးသူအတွက် ပြစ်မူနှင့်ပြစ်ဒဏ်မျှတမှသာ နစ်နာသူအတွက် တရားသောအဖြေကို တရားစီရင်ရေးက ပေးနိုင်မည်ဟု ၎င်းကယုံကြည်ထားသည်။

‘‘အခုက သက်ငယ်မုဒိမ်းတွေ ကို မြို့နယ်တရားရုံးမှာ စစ်ဆေး နေတာတွေရှိနေတယ်။ ခရိုင်မှာ မစစ်ဘူး။ ဒီမြို့နယ်တရားရုံးက ပြစ်ဒဏ်ဘယ်လောက်ပေးနိုင်မှာ လဲ’’ဟု ဦးခင်ဇော်ကပြောသည်။

‘‘ကုန်ကုန်ပြောမယ် လိုအပ် ရင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကိုပါပြင်သင့်ပြင်ရမယ်’’ လို့ ၎င်းက အကြံပြုသည်။

လက်ရှိတွင်လည်း သက်ငယ် မုဒိမ်းအများစုမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ အပြင်းအထန်နာကျင်စေမှု  ၃၂၅ နှင့် အရွယ်မရောက်သူကို ခိုးယူပေါင်းသင်းမူ ၃၆၃ တို့နှင့်သာ စွဲချက်တင်နေကြသည်။ ထိုပြစ်မှုများအနေဖြင့် ထောင်ဒဏ်လေးနှစ်မှ ၁၀ နှစ်၊ တစ်သက်တစ်ကျွန်းထိ ပေးနိုင်သော်လည်း ဒဏ်ငွေနှင့်လည်း ပြီးနိုင်သည်များ ရှိသည်။

 ထို့ပြင် လွတ်ငြိမ်းချမ်းသာ ခွင့်နှင့် လွတ်လာပြီး တရားစွဲဆို သူ မိသားစုကို ခြိမ်းခြောက်အန္တရာယ်ပေးခဲ့သည်များကလည်း ရာဇဝတ်မှုမှတ်တမ်းများတွင် ရှိနေ သည်။

7Day News ဂျာနယ် အနေ ဖြင့် သက်ငယ်မုဒိမ်းနှင့်ပတ်သက် ၍ တွေ့ဆုံမေးမြန်းမှုအချို့နှင့် အွန်လိုင်းတို့မှတစ်ဆင့် လူဦးရေငါးဆယ်ကို သဘောထားစစ်တမ်း ကောက်ခံခဲ့ရာ အများစုမှာ တရား ဥပဒေစိုးမိုးမှုရှိရန် အဓိက လိုအပ် ကြောင်း ဖြေဆိုခဲ့ပြီး ပညာပေးမှု များနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရန် လိုအပ်သည်ဟု လည်း ဖြေဆိုခဲ့ကြသည်။ သက် ငယ်မုဒိမ်းနှင့်ပတ်သက်၍ ပြင်း ထန်သည့်ပြစ်ဒဏ်ကို မျှတစွာပေး နိုင်ရန်ကိုမူ အားလုံးကလိုလားနေ ကြသည်။

ထိုမျှမကသေးပေ။ နစ်နာခဲ့ရ သည့် အပြစ်မဲ့ကလေးငယ်များ နှင့် မိသားစုအတွက် ကောင်းမွန် သော အနာဂတ်ဖန်တီးပေးရန် လည်း အမှန်တကယ် လိုအပ်ပါ သည်။ Save The Children မှ အာရှပစိဖိတ် နိုင်ငံများအတွင်း သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ၂၀၁၅ နှစ်လယ်တွင် စစ်တမ်း တစ်ခု ကောက်ခံခဲ့ရာ ငယ်စဉ်ကထိုသို့ဖြစ်စဉ်ကြံုတွေ့ခဲ့ရသူ မိန်း ကလေး ရ၀ ရာခိုင်နှုန်းကျော်မှာ အသက်ကြီးသည်အထိ ပတ်ဝန်းကျင်၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုခံရပြီး ၄၀ ရာခိုင်နှုန်းမှာ အိမ် ထောင်မကျကြောင်း စစ်တမ်းအ ဖြေတစ်ခုရခဲ့သည်။ လက်တွေ့ တွင်လည်း ခြေမွဖျက်ဆီးခံခဲ့ရ သော ကလေးငယ်များကိုအလိုက် မသိသော ပတ်ဝန်းကျင်အသိုင်း အဝိုင်းတို့က စိတ်ဒဏ်ရာများ ထပ် ပေးလေ့ရှိနေတတ်သည်။

‘‘ကျွန်တော်တို့ကတော့ ဖြစ် နိုင်ရင် ဒီရပ်ကွက်၊ ဒီပတ်ဝန်းကျင် က ထွက်သွားလိုက်ချင်တာပါပဲ။ ဒီနေရာမှာ ဆက်နေချင်စိတ်လုံးဝ မရှိတော့ဘူး။ အဓိကက ကလေး အတွက်ပါ’’ ကိုရဲထွန်း၏ စကားသံ က မောလျနေသည်။

ကိုရဲထွန်းပြောသည့် စကား အတိုင်း တစ်ထပ်တည်းကိုပင် လွန်ခဲ့သည့်သုံးနှစ်က ပြောဖူးသူတစ်ယောက်ရှိသည်။ သူကတော့ ကမာရွတ်မြို့နယ်တွင် စျေးရောင်း ချသည့် မမော်(အမည်လွှဲ)ပင်ဖြစ် သည်။ လွန်ခဲ့သည့်သုံးနှစ် အောက် တိုဘာလက မမော်၏ (၆)နှစ်အ ရွယ်သမီးငယ်ကို အိမ်နီးချင်းတစ် ဦးက အဓမ္မကျင့်မှုဖြစ်ပွားခဲ့သည်။ အမေတစ်ခု သမီးတစ်ခု ဘဝတွင် ရုံးချိန်း ၂ နှစ်ခန့် တက်ရောက်ပြီး တရားခံကို ထောင်ဒဏ်လေးနှစ် သာ ပြစ်ဒဏ်ချနိုင်ခဲ့သည်။ ထိုအ ချိန်တွင်လည်း သူမ မောပန်းစွာ ပြောခဲ့သည်က ‘‘ကျွန်မ သမီးလေး အတွက် ကျွန်မတော့ ဒီပတ်ဝန်း ကျင်က ထွက်သွားလိုက်ချင်တာပါပဲ’’ဟူ၍ပင်။

မမော်တစ်ယောက်တော့ ကံ မကောင်းခဲ့ပါ။ ဖြစ်စဉ်က သုံးနှစ် သုံးမိုးကြာခဲ့ပြီ။ တရားခံသည် လည်း သမ္မတဟောင်း ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ထောင်ထဲတွင် တစ်နှစ်သာနေပြီး ပြန်လွတ်သွားခဲ့လေသည်။ ထို့အ ပြင် ပြီးခဲ့သည့်သုံးနှစ်တာ ကာလ အတွင်း မမော်တို့ သားအမိနှစ် ယောက် ကြောက်လန့်ရှက်ရွံစွာ ဖြတ်သန်းခဲ့သည်ဟု ရင်ဖွင့်ပါ သည်။

မျှော်လင့်ချက် ကင်းမဲ့နေ သော မျက်လုံးများဖြင့် သမီးငယ် ကို ကရုဏာမျက်လုံးများဖြင့် ကြည့်ရင်း သက်ပြင်းမောတစ်ခု ကိုချကာ မမော်ကပြောသည်။

‘‘ကျွန်မတို့မှာ မှောင်ပြီဆို ဘာလုပ်ရမှန်းမသိဘူး။ ညတိုင်း ဘုရားတွေရှိခိုး။ သားအမိနှစ်ယောက် တပူးကပ်ကပ်နဲ့ သမီးလေးကြီးလာရင် သီလရှင်ဝတ်ပေးမယ်လို့ သမီးလေးကို ပြော တယ်။ သမီးလေးကလည်း လက် ခံပါတယ်’’။           ။
#Credit 7Days
aung  yein chan

aung yein chan

Powered by Blogger.