Update News
recent

တုိင္းရင္းသားမ်ားတုိးတက္ရန္ႏွင့္ ၿငိမ္းခ်မ္းေရးရရွိရန္ ဂ်ပန္အစုိးရက ကန္ေဒၚလာသန္း ၄၀၀ ကူညီမည္


#Zawgyi
ဆယ္စုႏွစ္မ်ားစြာ ၾကန္႔ၾကာေနေသာ ၿငိမ္းခ်မ္းေရးရရွိေစရန္ႏွင့္ တုိင္းရင္းသားလူမ်ိဳးမ်ားဖြံ႕ျဖိဳးတုိးတက္ေစေရးအတြက္ ဂ်ပန္ႏုိင္ငံအစုိးရက အေမရိကန္ေဒၚလာ သန္း ၄၀၀ ကို ၂၀၁၆ မွ ၂၀၂၁ ခုႏွစ္ထိ ငါးႏွစ္အတြင္းအကူအညီေပးသြားမည္ျဖစ္ေၾကာင္း ယင္းအစုိးရအဖြဲ႕ထံမွ သိရသည္။

အဆုိပါအကူအညီကို ေထာက္ပံ့ေငြႏွင့္ အတုိးႏႈန္းသက္သာသည့္ ေခ်းေငြႏွစ္မ်ိဳးအျဖစ္ အကူအညီေပးျခင္းျဖစ္ ေၾကာင္း ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအးဂ်င္စီ(JICA)ထံမွ သိရသည္။

“ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အကူအညီေပးတာေတြက အခုကစေနပါၿပီ ” ဟု ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအးဂ်င္စီ ျမန္မာႏုိင္ငံ အႀကီးအကဲ Mr.Keiichiro Nakazawa က ေျပာဆုိသည္။

အဆုိပါသေဘာတူညီခ်က္သည္ ျမန္မာႏုိင္ငံ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ႏုိဝင္ဘာလအတြင္း က ဂ်ပန္ခရီးစဥ္အတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးႏွင့္ သေဘာတူညီမႈ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း JICA ထံမွ သိရသည္။
__________________________________________________________________________
#Unicode
ဆယ်စုနှစ်များစွာ ကြန့်ကြာနေသော ငြိမ်းချမ်းရေးရရှိစေရန်နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို ၂၀၁၆ မှ ၂၀၂၁ ခုနှစ်ထိ ငါးနှစ်အတွင်းအကူအညီပေးသွားမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါအကူအညီကို ထောက်ပံ့ငွေနှင့် အတိုးနှုန်းသက်သာသည့် ချေးငွေနှစ်မျိုးအဖြစ် အကူအညီပေးခြင်းဖြစ် ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေးဂျင်စီ(JICA)ထံမှ သိရသည်။

“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကူအညီပေးတာတွေက အခုကစနေပါပြီ ” ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေးဂျင်စီ မြန်မာနိုင်ငံ အကြီးအကဲ Mr.Keiichiro Nakazawa က ပြောဆိုသည်။

အဆိုပါသဘောတူညီချက်သည် မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာလအတွင်း က ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း JICA ထံမှ သိရသည်။
#Credit The Voice
aung  yein chan

aung yein chan

Powered by Blogger.