တာ၀န္မွ ရပ္စဲခံရျခင္းႏွင့္ ပတ္သတ္ၿပီး ထုေခ်ခြင့္၊ ရွင္းလင္းခြင့္ မရွိသည့္အတြက္ တရားမွ်တမႈမရွိဟု ဒုတိယ၀န္ႀကီးေဒါက္တာထြန္း၀င္းေျပာၾကား
#Zawgyi
စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး တာ၀န္မွ ရပ္စဲခံရျခင္းႏွင့္ ပတ္သတ္ၿပီး ထုေခ်ခြင့္၊ ရွင္းလင္းခြင့္ မရွိသည့္အတြက္ တရားမွ်တမႈမရွိဟု ဒုတိယ၀န္ႀကီးေဒါက္တာထြန္း၀င္းက ယေန႔ (ႏို၀င္ဘာ ၁၉ ရက္) တြင္ ေနျပည္ေတာ္ရွိ ၎၏ေနအိမ္၌ မီဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့သည္။
“ ဒါသည္ ကၽြန္ေတာ့္ဘက္က ထုေခ်ခြင့္၊ ရွင္းလင္းခြင့္ မရွိဘူး၊ မရွိဘဲနဲ႔ တစ္ေယာက္ေသာသူရဲ႕ ေျပာဆိုခ်က္နဲ႔ ဆံုးျဖတ္တာ ျဖစ္တဲ့အတြက္ မမွ်တဘူး၊ တရားမွ်တမႈ မရွိဘူး” ဟု ေဒါက္တာထြန္း၀င္း က ေျပာႀကားသည္။
ႏိုင္ငံေတာ္သမၼတရံုးမွ ႏို၀င္ဘာ ၁၈ ရက္က “ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၂၃၅၊ ပုဒ္မခြဲ (ဂ)၊ ပုဒ္မခြဲငယ္ (၁) ႏွင့္ ျပည္ေထာင္စုအစိုးအရဖြဲ႕ ဥပေဒပုဒ္မ ၆၉ ၊ ပုဒ္မခြဲ (က) တို႔ပါ ျပ႒ာန္းခ်က္မ်ားအရ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ေဒါက္တာထြန္း၀င္းကို တာ၀န္မွ ရပ္စဲလိုက္သည္” ဟု သတင္းထုတ္ျပန္ခဲ့ပါသည္။
အဆိုပါကိစၥႏွင့္ ပက္သတ္၍ ေဒါက္တာထြန္း၀င္းက “ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေျပာထားတာ ရွိတယ္၊ လူတစ္ေယာက္ကို သံသဃနဲ႔ ဘယ္ေတာ့မွ မဆံုးျဖတ္ရဘူး၊ သူ႔မွာ ေျဖရွင္းခြင့္၊ ထုေခ်ခြင့္ ရွိတယ္၊ အက်ိဳးခံစားခြင့္ ရွိတယ္၊ ဒီအက်ိဳးကၽြန္ေတာ္ မခံစားရဘူး၊ အံ့ၾသစရာေကာင္းတယ္၊ အခုလိုမ်ိဳး တစ္ဖက္သတ္ စြပ္စြဲေျပာဆိုျခင္းနဲ႔ အမႈရဲ႕အေျခခံကို မစံုစမ္း မစစ္ေဆးဘဲနဲ႕ ကၽြန္ေတာ့္ကို အခုလို ရပ္ဆိုင္းျခင္းအားျဖင့္ ကၽြန္ေတာ့္အတြက္ မနစ္နာေသာ္လည္း တိုင္းျပည္အတြက္ နစ္နာတယ္လို႔ ကၽြန္ေတာ္ယူဆတယ္” ဟု ဆက္လက္ေျပာႀကားသည္။
ထို႔အျပင္ လက္ရွိအစိုးရအေနျဖင့္ ယခုလိုပံုစံမ်ိဳး ဆက္လက္သြားမည္ဆိုပါက လူေတြမွာ အေၾကာက္တရားေခတ္သို႔ ျပန္ေရာက္သြားမည္ဟု ၎က ေျပာၾကားသည္။
ဒုတိယ၀န္ႀကီး ေဒါက္တာထြန္း၀င္း ယခုကဲ့သို႔ တာ၀န္မွ ရပ္စဲခံရျခင္းသည္ NLD အစိုးရသစ္လက္ထက္တြင္ ပထမဆံုး တာ၀န္မွ ရပ္စဲခံရသည့္ ဒုတိယ၀န္ႀကီး တစ္ဦးလည္းျဖစ္သည္။
_________________________________________________________________________
#Unicode
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်မှ ရပ်စဲခံရခြင်းနှင့် ပတ်သတ်ပြီး ထုချေခွင့်၊ ရှင်းလင်းခွင့် မရှိသည့်အတွက် တရားမျှတမှုမရှိဟု ဒုတိယဝန်ကြီးဒေါက်တာထွန်းဝင်းက ယနေ့ (နိုဝင်ဘာ ၁၉ ရက်) တွင် နေပြည်တော်ရှိ ၎င်း၏နေအိမ်၌ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
“ ဒါသည် ကျွန်တော့်ဘက်က ထုချေခွင့်၊ ရှင်းလင်းခွင့် မရှိဘူး၊ မရှိဘဲနဲ့ တစ်ယောက်သောသူရဲ့ ပြောဆိုချက်နဲ့ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် မမျှတဘူး၊ တရားမျှတမှု မရှိဘူး” ဟု ဒေါက်တာထွန်းဝင်း က ပြောကြားသည်။
နိုင်ငံတော်သမ္မတရုံးမှ နိုဝင်ဘာ ၁၈ ရက်က “ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) နှင့် ပြည်ထောင်စုအစိုးအရဖွဲ့ ဥပဒေပုဒ်မ ၆၉ ၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲလိုက်သည်” ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါကိစ္စနှင့် ပက်သတ်၍ ဒေါက်တာထွန်းဝင်းက “ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောထားတာ ရှိတယ်၊ လူတစ်ယောက်ကို သံသဃနဲ့ ဘယ်တော့မှ မဆုံးဖြတ်ရဘူး၊ သူ့မှာ ဖြေရှင်းခွင့်၊ ထုချေခွင့် ရှိတယ်၊ အကျိုးခံစားခွင့် ရှိတယ်၊ ဒီအကျိုးကျွန်တော် မခံစားရဘူး၊ အံ့သြစရာကောင်းတယ်၊ အခုလိုမျိုး တစ်ဖက်သတ် စွပ်စွဲပြောဆိုခြင်းနဲ့ အမှုရဲ့အခြေခံကို မစုံစမ်း မစစ်ဆေးဘဲနဲ့ ကျွန်တော့်ကို အခုလို ရပ်ဆိုင်းခြင်းအားဖြင့် ကျွန်တော့်အတွက် မနစ်နာသော်လည်း တိုင်းပြည်အတွက် နစ်နာတယ်လို့ ကျွန်တော်ယူဆတယ်” ဟု ဆက်လက်ပြောကြားသည်။
ထို့အပြင် လက်ရှိအစိုးရအနေဖြင့် ယခုလိုပုံစံမျိုး ဆက်လက်သွားမည်ဆိုပါက လူတွေမှာ အကြောက်တရားခေတ်သို့ ပြန်ရောက်သွားမည်ဟု ၎င်းက ပြောကြားသည်။
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း ယခုကဲ့သို့ တာဝန်မှ ရပ်စဲခံရခြင်းသည် NLD အစိုးရသစ်လက်ထက်တွင် ပထမဆုံး တာဝန်မှ ရပ်စဲခံရသည့် ဒုတိယဝန်ကြီး တစ်ဦးလည်းဖြစ်သည်။
#Credit Elevens