တစ်စုံတစ်ယောက်အကြောင်း အိပ်မက် မက်ရခြင်းအကြောင်းအရင်း
#Zawgyi
__________________________________________________________________________
#Unicode
အိပ်မက်တွေဟာ ထူးခြားဆန်းပြားလှပါတယ်။ တစ်ခါတစ်ရံ အဓိပ္ပါယ်ဖော်လို့မရပဲ ကိုယ်တိုင်တောင် မသိနိုင်တဲ့ အိပ်မက်တွေကြောင့် စိတ်ရှုပ်ထွေးရလေ့ ရှိပါတယ်။
အိပ်မက်တွေမှာ အကြောင်းပြချက်ရှိတယ်လို့ဆိုပါတယ်။ သင့်ရဲ့စိတ်ကူး၊ သင့်ရဲ့အမြင်အာရုံတွေဟာ အိပ်မက်ထဲမှာ ပြန်ပေါ်လာလေ့ရှိပါတယ်။ တစ်စုံတစ်ယောက်အကြောင်း ဘာကြောင့်အိပ်မက်မက်ရတယ် လို့ ထင်ပါသလဲ။
တစ်စုံတစ်ယောက်အကြောင်းအိပ်မက်မက်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ကိုယ့်ရဲ့ချစ်သူလည်းမဟုတ်၊ ဘဝမှာ သိပ်ရင်းနှီးသူလည်းမဟုတ်ပဲ အိပ်မက်ထဲမှာ ပေါ်လာတက်ပါတယ်။ အကြောင်းပြချက်ကတော့ သင်ဟာ သူ့အကြောင်းကို လိုတာထက်ပိုပြီး စဉ်းစားထားမိလို့ ဖြစ်နိုင်ပါတယ်။ သင်ဟာ အိပ်နေတုန်း သူ့အကြောင်းကို စဉ်းစားမိနေတာမျိုးပါ။နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ အိပ်ပျော်ခါနီးမှာ အဲဒီတစ်ယောက်အကြောင်း ဖျတ်ခနဲ စဉ်းစားမိလိုက်တာကြောင့်ပါ။ သူဟာကိုယ့်ရဲ့ချစ်သူလည်းဖြစ်နိုင်သလို မုန်းသူလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံကျပြန်တော့လည်း ကိုယ့်ကို ဖိအားများစေတဲ့သူကြောင့် သူ့အကြောင်း အိပ်မက်ထဲ ထည့်မက်မိနိုင်ပါတယ်။
#Credit Duwun