Update News
recent

သူမရဲ႕႐ုပ္အေလာင္းကုိ ေအးခဲထားရန္ တရား႐ုံးမွာအေရးဆုိခဲ့တဲ့ ဆယ္ေက်ာ္သက္ အႏုိင္ရ


#Zawgyi
ဆယ္ေက်ာ္သက္ မိန္းကေလးဟာ ေအာက္တုိဘာလအတြင္းက ကြယ္လြန္သြားခဲ့ၿပီးေနာက္ သူမရဲ႕႐ုပ္အေလာင္းကုိ အေမရိကန္သုိ႕သယ္ေဆာင္ကာ ပကတိအတုိင္းျဖစ္ေအာင္ ထိန္းသိမ္းထားေၾကာင္း သိရပါတယ္။လန္ဒန္မွာေနထုိင္တဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးက သူမ ကြယ္လြန္သြားတဲ့အခါ ႐ုပ္အေလာင္းကို ပကတိအတုိင္းျဖစ္ေအာင္ ေအးခဲထားလုိေၾကာင္း တရား႐ုံးမွာ ေလွ်ာက္ထားအေရးဆုိခဲ့ရာ သူမ မကြယ္လြန္မီမွာ သမုိင္းမွတ္တမ္းဝင္ အႏုိင္ရ႐ွိခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ဆယ္ေက်ာ္သက္ မိန္းကေလးဟာ ႐ွားပါးကင္ဆာျဖင့္ ေရာဂါကၽြမ္းေနခဲ့သူ ျဖစ္ပါတယ္။သူမရဲ႕ဆႏၵကုိ မိခင္ျဖစ္သူက အားေပးေထာက္ခံခဲ့ေပမဲ့ ဖခင္ကေတာ့ သေဘာမတူခဲ့ပါဘူး။ ကင္ဆာေၾကာင့္ ေသဆုံးရေတာ့မယ့္ မိန္းကေလးက အကယ္၍ အနာဂတ္ကာလမွာ သူမကုိ ႐ွင္သန္ေအာင္ ကုသေပးႏုိင္တဲ့ ေဆးနည္းကုထုံး ေတြ႕႐ွိလာပါက အသင့္ျဖစ္ေနေစရန္ ႐ုပ္အေလာင္းကုိ အေကာင္းအတုိင္း ထိန္းသိမ္းထားလုိခဲ့တာ ျဖစ္ပါတယ္။
တရား႐ုံးကုိ ဦးတုိက္ေလွ်ာက္ထားရာမွာ သူမ အေနနဲ႕ အသက္႐ွည္စြာ ေနထုိင္လုိေၾကာင္းနဲ႕ ေျမႀကီးထဲမွာ ျမွဳပ္ႏွံမခံလုိေၾကာင္း ေရးသားတင္ျပခဲ့ပါတယ္။ အဆုိပါ ဆယ္ေက်ာ္သက္ မိန္းကေလးဟာ ေအာက္တုိဘာလအတြင္းက ကြယ္လြန္သြားခဲ့ၿပီးေနာက္ သူမရဲ႕႐ုပ္အေလာင္းကုိ အေမရိကန္သုိ႕သယ္ေဆာင္ကာ ပကတိအတုိင္းျဖစ္ေအာင္ ထိန္းသိမ္းထားေၾကာင္း သိရပါတယ္။
တရား႐ုံးခ်ဳပ္က မိန္းကေလးငယ္ရဲ႕ ႐ုပ္အေလာင္းကုိ မည္သုိ႕စီမံမည္ဆုိျခင္းအေပၚ မိခင္ျဖစ္သူက ဆုံးျဖတ္သင့္ေၾကာင္း အမိန္႕ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ကြယ္လြန္သူေတြရဲ႕ ႐ုပ္အေလာင္းကုိ ႏုိက္ထ႐ုိဂ်င္အရည္ထဲမွာစိမ္ၿပီး အႏုတ္ ၁၃၀ ဒီဂရီဆဲလ္စီးယပ္ေအာက္ အပူခ်ိန္ျဖင့္ ေအးခဲကာ ပကတိအတုိင္း ထိန္းသိမ္းထားႏုိင္ပါတယ္။
ထုိသုိ႕ ကြယ္လြန္သူေတြရဲ႕ ႐ုပ္အေလာင္းေတြကုိ အခ်ိန္ကန္႕သတ္ခ်က္မ႐ွိ အေကာင္းပကတိအတုိင္း ထိန္းသိမ္းထားႏုိင္တဲ့ ေနရာေတြကုိ အေမရိကန္နဲ႕ ႐ု႐ွားမွာ တည္ေဆာက္ထား႐ွိၿပီးျဖစ္ကာ ထိန္းသိမ္းခမွာ ေပါင္စတာလင္ ၃၇,၀၀၀ ကုန္က်ႏုိင္ေၾကာင္း သိရပါတယ္။
__________________________________________________________________________
#Unicode
ဆယ်ကျော်သက် မိန်းကလေးဟာ အောက်တိုဘာလအတွင်းက ကွယ်လွန်သွားခဲ့ပြီးနောက် သူမရဲ့ရုပ်အလောင်းကို အမေရိကန်သို့သယ်ဆောင်ကာ ပကတိအတိုင်းဖြစ်အောင် ထိန်းသိမ်းထားကြောင်း သိရပါတယ်။လန်ဒန်မှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးက သူမ ကွယ်လွန်သွားတဲ့အခါ ရုပ်အလောင်းကို ပကတိအတိုင်းဖြစ်အောင် အေးခဲထားလိုကြောင်း တရားရုံးမှာ လျှောက်ထားအရေးဆိုခဲ့ရာ သူမ မကွယ်လွန်မီမှာ သမိုင်းမှတ်တမ်းဝင် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆယ်ကျော်သက် မိန်းကလေးဟာ ရှားပါးကင်ဆာဖြင့် ရောဂါကျွမ်းနေခဲ့သူ ဖြစ်ပါတယ်။သူမရဲ့ဆန္ဒကို မိခင်ဖြစ်သူက အားပေးထောက်ခံခဲ့ပေမဲ့ ဖခင်ကတော့ သဘောမတူခဲ့ပါဘူး။ ကင်ဆာကြောင့် သေဆုံးရတော့မယ့် မိန်းကလေးက အကယ်၍ အနာဂတ်ကာလမှာ သူမကို ရှင်သန်အောင် ကုသပေးနိုင်တဲ့ ဆေးနည်းကုထုံး တွေ့ရှိလာပါက အသင့်ဖြစ်နေစေရန် ရုပ်အလောင်းကို အကောင်းအတိုင်း ထိန်းသိမ်းထားလိုခဲ့တာ ဖြစ်ပါတယ်။
တရားရုံးကို ဦးတိုက်လျှောက်ထားရာမှာ သူမ အနေနဲ့ အသက်ရှည်စွာ နေထိုင်လိုကြောင်းနဲ့ မြေကြီးထဲမှာ မြှုပ်နှံမခံလိုကြောင်း ရေးသားတင်ပြခဲ့ပါတယ်။ အဆိုပါ ဆယ်ကျော်သက် မိန်းကလေးဟာ အောက်တိုဘာလအတွင်းက ကွယ်လွန်သွားခဲ့ပြီးနောက် သူမရဲ့ရုပ်အလောင်းကို အမေရိကန်သို့သယ်ဆောင်ကာ ပကတိအတိုင်းဖြစ်အောင် ထိန်းသိမ်းထားကြောင်း သိရပါတယ်။
တရားရုံးချုပ်က မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို မည်သို့စီမံမည်ဆိုခြင်းအပေါ် မိခင်ဖြစ်သူက ဆုံးဖြတ်သင့်ကြောင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းကို နိုက်ထရိုဂျင်အရည်ထဲမှာစိမ်ပြီး အနုတ် ၁၃၀ ဒီဂရီဆဲလ်စီးယပ်အောက် အပူချိန်ဖြင့် အေးခဲကာ ပကတိအတိုင်း ထိန်းသိမ်းထားနိုင်ပါတယ်။
ထိုသို့ ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေကို အချိန်ကန့်သတ်ချက်မရှိ အကောင်းပကတိအတိုင်း ထိန်းသိမ်းထားနိုင်တဲ့ နေရာတွေကို အမေရိကန်နဲ့ ရုရှားမှာ တည်ဆောက်ထားရှိပြီးဖြစ်ကာ ထိန်းသိမ်းခမှာ ပေါင်စတာလင် ၃၇,၀၀၀ ကုန်ကျနိုင်ကြောင်း သိရပါတယ်။
#Credit Duwun
aung  yein chan

aung yein chan

Powered by Blogger.