ခရီးသြားတုန္း ႏုိင္ငံကူးလက္မွတ္ ေပ်ာက္ခဲ့ရင္ အဆင္ေျပေစမယ့္ အခ်က္ (၄) ခ်က္
#Zawgyi
ျပည္ပႏိုင္င္ငံ တစ္ခုကို သြားတဲ့အခါ မျဖစ္မေန သတိထားရမယ့္ ပစၥည္း တစ္ခုက ႏုိင္ငံကူး လက္မွတ္ျဖစ္ပါတယ္။ ႏုိင္ငံကူး လက္မွတ္ ေပ်ာက္ဆံုးသြားတဲ့အခါ သင္ဟာ ဘယ္မွ ဆက္သြားလို႔ မရေတာ့ပဲ ခရီးစဥ္ အခက္အခဲျဖစ္မွာ အေသအခ်ာပါ။
ျပည္ပႏုိင္ငံ တစ္ခုကို ေရာက္ေနတုန္း ပတ္စ္ပို႔ ေပ်ာက္ခဲ့ရင္ လြယ္ကူ ေခ်ာေမြ႔ေစဖို႔ ဒီအခ်က္ေတြကို ဦးစားေပး လုပ္ထားရမွာပါ။
၁။ သံ႐ံုး လိပ္စာနဲ႔ ဖုန္းနံပါတ္ စံုစမ္းထား
သြားမယ့္ ႏုိင္ငံမွာရွိတဲ့ ကိုယ့္ႏုိင္ငံ သံ႐ံုးဖုန္းနံပါတ္ကို စံုစမ္းထားတာမ်ိဳး အရင္ လုပ္ထားသင့္ပါတယ္။ အင္တာနက္ ေခတ္မွာ သင္အြန္လိုင္းေပၚက ၾကည့္လုိက္ရင္နဲ႔ အလြယ္တကူ သိရွိႏုိင္ပါတယ္။ ႏုိင္ငံကူး လက္မွတ္ ေပ်ာက္ခဲ့ရင္ ရဲစခန္း၊ သို႔မဟုတ္ သံ႐ံုးကို အရင္ဆံုး သြားရမွာ အေသအခ်ာပါ။
၂။ မိတၱဴေဆာင္ထား
ႏုိင္ငံကူး လက္မွတ္ကို မိတၱဴ ဆြဲၿပီး သပ္သပ္ သိမ္းထားတာ အေကာင္းဆံုးပါပဲ။ ဒါမွမဟုတ္ သင့္မွာ Google အီးေမး (gmail) ရွိခဲ့မယ္ဆိုရင္ ဓာတ္ပံု႐ိုက္ကာ google drive ထဲ သိမ္းထားလုိက္ပါ။ သင့္ဖုန္းမွာ ဓာတ္ပံု ႐ိုက္ၿပီး သိမ္းထားလို႔လည္း ရပါတယ္။
၃။ ရဲစခန္းကို အေၾကာင္းၾကား
ပတ္စ္ပို႔ ေပ်ာက္ၿပီဆိုတာ သိသိခ်င္း ရဲစခန္းကို အေၾကာင္း ၾကားသင့္ပါတယ္။ ပက္စ္ပို႔မပါပဲ ေလွ်ာက္သြားေနမယ္ ဆိုရင္ေတာ့ ရဲနဲ႔ ေတြ႔တဲ့အခါ ျပႆနာ တက္ႏုိင္ပါတယ္။
၄။ လိုင္စင္ဓာတ္ပံု ေဆာင္
လိုင္စင္ဓာတ္ပံုေတြ အမ်ားႀကီး ထုတ္ၿပီး ဘယ္သြားသြား ေဆာင္ထားလိုက္ပါ။ သံ႐ံုးမွာ သင့္ရဲ႕ ပတ္စ္ပို႔ကိစၥ ျပန္လုပ္တဲ့အခါ ပိုၿပီး အဆင္ေျပေစပါလိမ့္မယ္။
__________________________________________________________________________
#Unicode
ပြည်ပနိုင်င်ငံ တစ်ခုကို သွားတဲ့အခါ မဖြစ်မနေ သတိထားရမယ့် ပစ္စည်း တစ်ခုက နိုင်ငံကူး လက်မှတ်ဖြစ်ပါတယ်။ နိုင်ငံကူး လက်မှတ် ပျောက်ဆုံးသွားတဲ့အခါ သင်ဟာ ဘယ်မှ ဆက်သွားလို့ မရတော့ပဲ ခရီးစဉ် အခက်အခဲဖြစ်မှာ အသေအချာပါ။
ပြည်ပနိုင်ငံ တစ်ခုကို ရောက်နေတုန်း ပတ်စ်ပို့ ပျောက်ခဲ့ရင် လွယ်ကူ ချောမွေ့စေဖို့ ဒီအချက်တွေကို ဦးစားပေး လုပ်ထားရမှာပါ။
၁။ သံရုံး လိပ်စာနဲ့ ဖုန်းနံပါတ် စုံစမ်းထား
သွားမယ့် နိုင်ငံမှာရှိတဲ့ ကိုယ့်နိုင်ငံ သံရုံးဖုန်းနံပါတ်ကို စုံစမ်းထားတာမျိုး အရင် လုပ်ထားသင့်ပါတယ်။ အင်တာနက် ခေတ်မှာ သင်အွန်လိုင်းပေါ်က ကြည့်လိုက်ရင်နဲ့ အလွယ်တကူ သိရှိနိုင်ပါတယ်။ နိုင်ငံကူး လက်မှတ် ပျောက်ခဲ့ရင် ရဲစခန်း၊ သို့မဟုတ် သံရုံးကို အရင်ဆုံး သွားရမှာ အသေအချာပါ။
၂။ မိတ္တူဆောင်ထား
နိုင်ငံကူး လက်မှတ်ကို မိတ္တူ ဆွဲပြီး သပ်သပ် သိမ်းထားတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် သင့်မှာ Google အီးမေး (gmail) ရှိခဲ့မယ်ဆိုရင် ဓာတ်ပုံရိုက်ကာ google drive ထဲ သိမ်းထားလိုက်ပါ။ သင့်ဖုန်းမှာ ဓာတ်ပုံ ရိုက်ပြီး သိမ်းထားလို့လည်း ရပါတယ်။
၃။ ရဲစခန်းကို အကြောင်းကြား
ပတ်စ်ပို့ ပျောက်ပြီဆိုတာ သိသိချင်း ရဲစခန်းကို အကြောင်း ကြားသင့်ပါတယ်။ ပက်စ်ပို့မပါပဲ လျှောက်သွားနေမယ် ဆိုရင်တော့ ရဲနဲ့ တွေ့တဲ့အခါ ပြဿနာ တက်နိုင်ပါတယ်။
၄။ လိုင်စင်ဓာတ်ပုံ ဆောင်
လိုင်စင်ဓာတ်ပုံတွေ အများကြီး ထုတ်ပြီး ဘယ်သွားသွား ဆောင်ထားလိုက်ပါ။ သံရုံးမှာ သင့်ရဲ့ ပတ်စ်ပို့ကိစ္စ ပြန်လုပ်တဲ့အခါ ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။
#Credit The Voice