အီးေပါက္တာကိုရွူျခင္းက သင့္အားကင္ဆာေရာဂါမွ ကာကြယ္ေပးသည္ဟုဆို
#Zawgyi
ၾကားရတဲ့သူအဖို႔ေတာ့ ရယ္စရာျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ Exeter တကၠသိုလ္က သိပၸံပညာရွင္ေတြရဲ့ ေျပာၾကားခ်က္အရ အီးေပါက္တာကို ရွူျခင္းက သင့္ကို အထူးသျဖင့္ ကင္ဆာေရာဂါကေန ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။ဗိုက္ထဲကအစာေတြကို ဗက္တီးရီးယားေတြကေန ေခ်ဖ်က္တဲ့အခါမွာ ထြက္လာတဲ့ ဟိုက္ၿဒိဳဂ်င္ဆာလဖိုက္ဓာတ္ေငြ႕ဟာ ၾကက္ဥပုပ္နံ့ရွိၿပီး ေနာင္အနာဂတ္မွာ က်န္းမာေရးအတြက္ အင္မတန္ထိေရာက္တဲ့ ဓာတ္ေငြ႕တစ္မ်ိဳးျဖစ္လာနိုင္တယ္လို႔ ေဒါက္တာ Mark Woodကေန တကၠသိုလ္ေလ့လာမွုတစ္ရပ္မွာ ထုတ္ျပန္ခဲ့ပါတယ္။
အီးေပါက္တာဟာ နံတယ္ဆိုေပမယ့္ ခႏၶာကိုယ္ထဲကေန ထြက္လာတဲ့ အဆိုပါဂက္စ္ဟာ ကင္ဆာျဖစ္နိုင္ေခ်အျပင္ ႏွလုံးေရာဂါနဲ႔ အျခားေသာေရာဂါအမည္ေပါင္းမ်ားစြာကို ကာကြယ္ေပးနိုင္စြမ္းရွိတယ္လို႔ ေလ့လာမွုျပဳလုပ္ခဲ့တဲ့ သိပၸံပညာရွင္ေတြက ယုံၾကည္ၾကပါတယ္။
အဆိုပါသိပၸံပညာရွင္ေတြဟာ AP39ဆိုတဲ့ ဓာတ္ေပါင္းတစ္မ်ိဳးကိုတီထြင္ခဲ့ၿပီး Mitochondriaထဲကို ဒီဓာတ္ေငြ႕ေတြ ျဖည္းျဖည္းခ်င္း သြင္းလိုက္တဲ့အခါ တိုက္ခိုက္ခံရတဲ့ ဆဲလ္ေတြကို ကာကြယ္ေပးသလိုျဖစ္ၿပီး ဆက္လက္ရွင္သန္ေနတာကိုေတြ႕ရပါတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ခါ ကိုယ့္နားမွာ လူတစ္ေယာက္အီးလာေပါက္ရင္ စိတ္မဆိုးဘဲနဲ႔ က်န္းမာေရးအတြက္လို႔ သေဘာထားၿပီး ေက်းဇူးတင္ေပးလိုက္ပါ။
__________________________________________________________________________
#Unicode
ကြားရတဲ့သူအဖို့တော့ ရယ်စရာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် Exeter တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ အီးပေါက်တာကို ရှူခြင်းက သင့်ကို အထူးသဖြင့် ကင်ဆာရောဂါကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ဗိုက်ထဲကအစာတွေကို ဗက်တီးရီးယားတွေကနေ ချေဖျက်တဲ့အခါမှာ ထွက်လာတဲ့ ဟိုက်ဒြိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ဟာ ကြက်ဥပုပ်နံ့ရှိပြီး နောင်အနာဂတ်မှာ ကျန်းမာရေးအတွက် အင်မတန်ထိရောက်တဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်လာနိုင်တယ်လို့ ဒေါက်တာ Mark Woodကနေ တက္ကသိုလ်လေ့လာမှုတစ်ရပ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အီးပေါက်တာဟာ နံတယ်ဆိုပေမယ့် ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ အဆိုပါဂက်စ်ဟာ ကင်ဆာဖြစ်နိုင်ချေအပြင် နှလုံးရောဂါနဲ့ အခြားသောရောဂါအမည်ပေါင်းများစွာကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
အဆိုပါသိပ္ပံပညာရှင်တွေဟာ AP39ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုးကိုတီထွင်ခဲ့ပြီး Mitochondriaထဲကို ဒီဓာတ်ငွေ့တွေ ဖြည်းဖြည်းချင်း သွင်းလိုက်တဲ့အခါ တိုက်ခိုက်ခံရတဲ့ ဆဲလ်တွေကို ကာကွယ်ပေးသလိုဖြစ်ပြီး ဆက်လက်ရှင်သန်နေတာကိုတွေ့ရပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောက်တစ်ခါ ကိုယ့်နားမှာ လူတစ်ယောက်အီးလာပေါက်ရင် စိတ်မဆိုးဘဲနဲ့ ကျန်းမာရေးအတွက်လို့ သဘောထားပြီး ကျေးဇူးတင်ပေးလိုက်ပါ။
#Credit myanmar load