Update News
recent

ဗဟန္း ေရႊဂံုရိပ္မြန္ရွိ တိုက္ခန္းတစ္ခုတြင္ အမ်ိဳးသားတစ္ဦး လက္ျပန္ႀကိဳးတုတ္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေန


#Zawgyi
ဗဟန္းၿမိဳ႕နယ္ ကိုယ့္မင္းကိုယ္ခ်င္းရပ္ကြက္ ေရႊဂံုရိပ္မြန္အိမ္ရာရွိ ငါးလႊာတိုက္ခန္းတစ္ခုတြင္ ႏိုဝင္ဘာလ ၁၈ ရက္ နံနက္ပိုင္းက သက္ ၄၄ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး လက္ျပန္ႀကိဳးတုတ္ ဖူးေရာင္ညိဳမဲ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အေလာင္းကို ေတြ႔ရွိခဲ့ေၾကာင္း အေနာက္ပိုင္းခရိုင္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ေသဆံုးသူ ဦးရန္ေအာင္မွာ ယင္းအိမ္ရာရွိ တိုက္အမွတ္ ၁၀ အခန္း အမွတ္ ၂၈ တြင္ တစ္ဦးတည္း ေနထိုင္သူျဖစ္ၿပီး အိပ္ခန္းရွိ ဆိုဖာေပၚတြင္ လက္ျပန္ႀကိဳးတုတ္ ေမွာက္လ်က္ ေသဆံုးေနသည့္ ရုပ္အေလာင္းကို ယင္းေန႔ နံနက္ ၈ နာရီက အိမ္သန္႔ရွင္းေရး လာေရာက္လုပ္ကိုင္သည္ အသက္ ၆၁ ႏွစ္အရြယ္ ေဒၚလွၿမိဳင္က စတင္ျမင္ေတြ႔ခဲ့ေၾကာင္း ဗဟန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွ ရဲအရာရွိက ေျပာၾကားသည္။

"ေသဆံုးသူက တိုက္ခန္းမွာ တစ္ေယာက္ထဲ ေနတယ္။ လူသတ္သမားက တိုက္ခန္းအျပင္ဘက္က တံခါးေသာ့ခတ္ ပိတ္ခဲ့တာပါ။ ဒီမနက္ အိမ္သန္႔ရွင္းေရး လာလုပ္သူက သူ႔မွာရွိတဲ့ ေသာ့အပိုနဲ႔ တံခါးဖြင့္ အိမ္ထဲဝင္မွ အိမ္ရွင္အမ်ိဳးသားရဲ႕ အေလာင္းကို ေတြ႔ခဲ့တာ" ဟု ၎က ရွင္းျပသည္။

ေသဆံုးသူ ဦးရန္ေအာင္မွာ အဂၤလိပ္ႏွင့္ စပိန္ ဧည့္လမ္းညႊန္တစ္ဦးျဖစ္ၿပီး ၎မွာ လည္ပင္းတြင္ ပုဆိုးအနီကြက္ျဖင့္ တင္းက်ပ္စြာ ခ်ည္ေႏွာင္ခံထားရေၾကာင္း မ်က္ႏွာႏွင့္ လည္ပင္းတြင္ ညိဳမဲဒဏ္ရာ ႏႈတ္ခမ္းတြင္ ဖူးေရာင္ဒဏ္ရာႏွင့္ လက္ျပန္ႀကိဳးတုတ္လ်က္ ေမွာက္လ်က္ ေသဆံုးေနေၾကာင္း အေနာက္ပိုင္းခရိုင္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“အၿမဲသူ႔ကုိ သတိေပးေနၾက။ တစ္ေယာက္တည္းေနတယ္ ဆုိတာ မေျပာနဲ႔လို႔။ သူလည္း သေဘာေကာင္းေတာ့ အခုလုိ သားေကာင္ျဖစ္သြားတာ” ဟု ၎ႏွင့္ ရင္းႏွီးသည့္ မိတ္ေဆြတစ္ဦးက ေျပာသည္။

ေသဆံုးသူ ေနအိမ္တိုက္ခန္းအတြင္း ရဲတပ္ဖြဲ႔က စစ္ေဆးခဲ့ရာ တန္ဖိုးရွိ ပစၥည္းတစ္စံုတစ္ရာ ေပ်ာက္ဆံုးမႈ မရွိခဲ့ေၾကာင္း စံုစမ္းသိရွိရၿပီး ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္အေရးယူရန္ ဗဟန္းၿမိဳ႕မ ရဲစခန္းမွ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ စံုစမ္းစစ္ေဆးေနသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ လူသတ္မႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ရာတြင္ ယခုႏွစ္အတြင္း ေနအိမ္ႏွင့္ တိုက္ခန္းမ်ားတြင္ ျဖစ္ပြားခဲ့သည့္ မဂၤလာဒံု ေလးေလာင္းၿပိဳင္ လူသတ္မႈ၊ ဗိုလ္တေထာင္ ၄၅ လမ္းတြင္ တိုက္ခန္းထဲ တစ္ဦးတည္း ေနထိုင္ေသာ အမ်ိဳးသား အသတ္ခံရမႈ၊ ၃၉ လမ္းရွိ တိုက္ခန္းတြင္ ၿဗိတိန္ႏိုင္ငံသား အသတ္ခံရမႈတို႔မွာ အမ်ားျပည္သူ စိတ္ဝင္စားခဲ့ၿပီး ျပစ္မႈအခ်ိဳ႕မွာ ယေန႔အခ်ိန္အထိ ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးႏိုင္ျခင္း မရွိေသးေၾကာင္း သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲစခန္းမ်ားထံမွ သိရသည္။

ယင္းအျပင္ ၂၀၁၄ ခုႏွစ္က သာေကတၿမိဳ႕နယ္တြင္ ဆရာဝန္ႀကီးတစ္ဦး ေနအိမ္အတြင္း အသတ္ခံရမႈမွ ျပစ္မႈက်ဴးလြန္သူမ်ားကို ရဲတပ္ဖြဲ႔က ယေန႔အခ်ိန္ထိ ေဖာ္ထုတ္ႏိုင္ျခင္း မရွိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသၾကီး ရဲတပ္ဖြဲ႕ထံမွ သိရသည္။
_________________________________________________________________________
#Unicode
ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ရွှေဂုံရိပ်မွန်အိမ်ရာရှိ ငါးလွှာတိုက်ခန်းတစ်ခုတွင် နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းက သက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုတ် ဖူးရောင်ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ဦးရန်အောင်မှာ ယင်းအိမ်ရာရှိ တိုက်အမှတ် ၁၀ အခန်း အမှတ် ၂၈ တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး အိပ်ခန်းရှိ ဆိုဖာပေါ်တွင် လက်ပြန်ကြိုးတုတ် မှောက်လျက် သေဆုံးနေသည့် ရုပ်အလောင်းကို ယင်းနေ့ နံနက် ၈ နာရီက အိမ်သန့်ရှင်းရေး လာရောက်လုပ်ကိုင်သည် အသက် ၆၁ နှစ်အရွယ် ဒေါ်လှမြိုင်က စတင်မြင်တွေ့ခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောကြားသည်။

"သေဆုံးသူက တိုက်ခန်းမှာ တစ်ယောက်ထဲ နေတယ်။ လူသတ်သမားက တိုက်ခန်းအပြင်ဘက်က တံခါးသော့ခတ် ပိတ်ခဲ့တာပါ။ ဒီမနက် အိမ်သန့်ရှင်းရေး လာလုပ်သူက သူ့မှာရှိတဲ့ သော့အပိုနဲ့ တံခါးဖွင့် အိမ်ထဲဝင်မှ အိမ်ရှင်အမျိုးသားရဲ့ အလောင်းကို တွေ့ခဲ့တာ" ဟု ၎င်းက ရှင်းပြသည်။

သေဆုံးသူ ဦးရန်အောင်မှာ အင်္ဂလိပ်နှင့် စပိန် ဧည့်လမ်းညွှန်တစ်ဦးဖြစ်ပြီး ၎င်းမှာ လည်ပင်းတွင် ပုဆိုးအနီကွက်ဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရကြောင်း မျက်နှာနှင့် လည်ပင်းတွင် ညိုမဲဒဏ်ရာ နှုတ်ခမ်းတွင် ဖူးရောင်ဒဏ်ရာနှင့် လက်ပြန်ကြိုးတုတ်လျက် မှောက်လျက် သေဆုံးနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမြဲသူ့ကို သတိပေးနေကြ။ တစ်ယောက်တည်းနေတယ် ဆိုတာ မပြောနဲ့လို့။ သူလည်း သဘောကောင်းတော့ အခုလို သားကောင်ဖြစ်သွားတာ” ဟု ၎င်းနှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက ပြောသည်။

သေဆုံးသူ နေအိမ်တိုက်ခန်းအတွင်း ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တန်ဖိုးရှိ ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးမှု မရှိခဲ့ကြောင်း စုံစမ်းသိရှိရပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူရန် ဗဟန်းမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စုံစမ်းစစ်ဆေးနေသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာတွင် ယခုနှစ်အတွင်း နေအိမ်နှင့် တိုက်ခန်းများတွင် ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံ လေးလောင်းပြိုင် လူသတ်မှု၊ ဗိုလ်တထောင် ၄၅ လမ်းတွင် တိုက်ခန်းထဲ တစ်ဦးတည်း နေထိုင်သော အမျိုးသား အသတ်ခံရမှု၊ ၃၉ လမ်းရှိ တိုက်ခန်းတွင် ဗြိတိန်နိုင်ငံသား အသတ်ခံရမှုတို့မှာ အများပြည်သူ စိတ်ဝင်စားခဲ့ပြီး ပြစ်မှုအချို့မှာ ယနေ့အချိန်အထိ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ သိရသည်။

ယင်းအပြင် ၂၀၁၄ ခုနှစ်က သာကေတမြို့နယ်တွင် ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
#Credit--the voice
aung  yein chan

aung yein chan

Powered by Blogger.