Update News
recent
" Halloween အကြောင်း လူသိနည်းတဲ့အချက် (၁၅)ချက် "
#Zawgyi
_________________________________________________________________________
#Unicode
Halloween ဆိုတာ (ဒီနေ့) အောက်တိုဘာ ၃၁ ရက်နေ့ညမှာ ကျရောက်တာ ဖြစ်ပါတယ်။ Halloween ဆိုတာကို တော်တော်များများက တစ္ဆေများနေ့၊ ကြောက်မက်ဖွယ်ဝတ်စုံတွေနဲ့ ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပကြတဲ့နေ့အဖြစ် သိထားကြတာပါ။ နောက်ပြီး Halloween ကို မှော်အတတ်၊ စုန်းအတတ်တွေနဲ့ စုန်းတို့ရဲ့ပွဲလမ်းသဘင်လို့လည်း တချို့က တင်စားကြပါတယ်။ Halloween ပွဲနဲ့ပတ်သက်ပြီး တချို့အချက်တွေကိုတော့ ပရိသတ်ကြီး သိချင်မှသိပါလိမ့်မယ်။ ဒါကြောင့် အခု Halloween ပွဲနဲ့ပတ်သက်ပြီး လူသိနည်းတဲ့အချက်တချို့ကတော့
-Halloween ရဲ့ စာလုံးပေါင်းအမှန်က Hallowe'en ဖြစ်ပါတယ်။
-Halloween ပွဲဟာ ဒုတိယလူကြိုက်အများဆုံး ပွဲတော်တစ်ခုဖြစ်ပါတယ်။ (ပထမလူကြိုက်အများဆုံး ပွဲတော်ကတော့ ခရစ္စမတ်နဲ့ပတ်သက်တဲ့ ပျော်ပွဲရွှင်ပွဲတွေပါ။)
-Halloween ပွဲတော်ရဲ့ အဓိကအမှတ်တံဆိပ်က ရွှေဖရုံသီးရုပ်မဟုတ်ပါဘူး။ ဇီးကွက်ဖြစ်ပါတယ်။ တချို့ဆိုရင် Halloween အချိန်မှာ ဇီးကွက်အော်သံကြားရင် သေဆုံးရတော့မယ်လို့ ယုံကြည်မှုရှိကြပါတယ်။
-Halloween မှာ ကလေးငယ်တွေ သကြားလုံးလိုက်တောင်းတဲ့အလေ့အထဟာ Celtic ရိုးရာဓလေ့တစ်ခုဖြစ်တယ်။
-နှစ်စဉ် ကမ္ဘာ့ကလေးငယ်အရေအတွက်ရဲ့ ၉၃% လောက်က Halloween ပွဲတော်မှာ သကြားလုံး
-လိုက်တောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
-ရှေးစုန်းမှော်အယူအဆတွေအရ Halloween မှာ အနက်ရောင်ကြောင်တွေကို မီးထဲပစ်ရှို့စတေးတဲ့သူတွေဟာ တန်ခိုးပါ၀ါကြီးမားလာလေ့ရှိတယ်လို့ ဆိုတယ်။
-တကယ်တမ်း Halloween အစဉ်အလာသဘောဟာ လူဆင်းရဲတွေဟာ တစ်အိမ်တက်ဆင်းလိုက်လံသွားရောက်ကာ အဲ့ဒီ့အိမ်မှာသေဆုံးသွားခဲ့တဲ့ ၀ိဉာဉ်တွေကိုကောင်းရာမွန်ရာရောက်အောင် လိုက်လံဆုတောင်းပေးပြီး အိမ်ရှင်တွေရဲ့ ပေးကမ်းစွန့်ကြဲတဲ့ပစ္စည်းတွေကို လက်ခံကြတာဖြစ်တယ်။
-ကမ္ဘာ့အကြီးမားဆုံး ရွှေဖရုံသီးဟာ ၈၃၆ ပေါင်တိတိလေးပါတယ်။
-Halloween ကို ကိုယ်စားပြုတဲ့အရောင်က လိမ္မော်ရောင်နဲ့ အနက်ရောင်ဖြစ်တယ်။ လိမ္မော်ရောင်ဟာ ခွန်အားကိုကိုယ်စားပြုတာဖြစ်ပြီး အနက်ရောင်ကတော့ သေဆုံးခြင်းနဲ့ အမှောင်လောကကို ကိုယ်စားပြုတာဖြစ်တယ်။
-အိုင်ယာလန်ဟာ Halloween ဓလေ့ အစဦးတည်ရာ နေရာဖြစ်တယ်။
-သမိုင်းအရ ဟယ်ရီဟောင်ဒီနီဆိုတဲ့လူဟာ နာမည်အကြီးဆုံးနဲ့ တန်ခိုးအကြီးမားဆုံး မှော်ဆရာဖြစ်တယ်။ ထူးထူးခြားခြားပဲ သူဟာ ၁၉၂၆ ခုနှစ် Halloween ညမှာ သေဆုံးသွားခဲ့သူလည်း ဖြစ်တယ်။
-ရှေးအယူအဆတွေအရ လူတစ်ယောက်ဟာ Halloween ညမှာ အဝတ်အစားတွေကို ပြောင်းပြန်လှန်ဝတ်ဆင်ပြီး လမ်းကိုနောက်ပြန်လျှောက်လိုက်ရင် စုန်းကဝေနဲ့ မကောင်းဆိုးဝါးတွေကို မြင်တတ်တယ်လို့ ဆိုပါတယ်။
-Halloween ညမှာ ပင့်ကူတစ်ကောင်ကို သင့်အနားမှာတွေ့ရင် အဲ့ဒီ့ပင့်ကူဟာ သေဆုံးသွားပြီးဖြစ်တဲ့ သင့်ကိုချစ်တဲ့သူတစ်ယောက်ယောက်ရဲ့ဝိဉာဉ် ကိန်းအောင်းနေတယ်လို့ ဆိုပါတယ်။ သူက သင့်ကို စောင့်ကြည့်နေတာပါတဲ့။
-Halloween ပွဲတော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀ လောက်ကတည်းက ကျင်းပခဲ့ကြတာလို့ သုတေသီတွေက ဆိုတယ်။
-Samhainophobia ဆိုတာကတော့ Halloween ပွဲကိုကြောက်လန့်တတ်တဲ့ရောဂါပါ။
#Source Duwun
aung  yein chan
aung yein chan
Powered by Blogger.