ေယာက္်ားသုက္ပိုးမ်ား မကူးခတ္ႏိုင္သည့္ တားေဆးအသစ္ တီထြင္
#Zawgyi
ၿဗိတိန္ႏိုင္ငံမွ ေဆးသိပၸံပညာရွင္မ်ားသည္ သေႏၶတားေဆး တစ္မ်ဳိးကို တီထြင္ခဲ့ရာတြင္ ေယာက္်ားမ်ား၏ သုက္ပိုးေကာင္မ်ားကို လႈပ္ရွားကူးခတ္ႏိုင္စြမ္း မရွိေစမည့္ ေဆးသစ္တစ္မ်ဳိးအား ရွာေဖြေတြ႔ရွိခဲ့ေၾကာင္း Science News သတင္းတြင္ ေဖာ္ျပထားသည္။
ႏွစ္ေပါင္းမ်ားစြာ ကြန္ဒုံးမ်ား အားကိုးျဖင့္ သေႏၶတားျခင္းကို ျပဳလုပ္ခဲ့ၾကရသည့္အေပၚ ဆန္းသစ္ကာ အမ်ဳိးသားမ်ားသည္ အမ်ဳိးသမီးမ်ားႏွင့္ အတူမေနစဥ္ ယင္းေဆးမ်ားကို ေသာက္သုံးထားျခင္းအားျဖင့္ ကိုယ္ဝန္ရေစႏိုင္ေသာ သုက္ပိုးေကာင္မ်ား၏ ကူးခတ္သြားလာႏိုင္စြမ္းမ်ားကို ထိန္းခ်ဳပ္တားဆီးႏိုင္ၿပီ ျဖစ္ေၾကာင္း ယင္းသတင္းက ဆိုသည္။
ဝုဗားဟမ္တမ္ တကၠသိုလ္မွ ပါေမာကၡ ဂြၽန္ေဟာင္း ဦးေဆာင္သည့္အဖြဲ႔သည္ အမ်ဳိးသား သုက္ပိုးမ်ား၏ လုပ္ေဆာင္ႏိုင္စြမ္းမ်ားကို ရပ္ဆိုင္းေစသည့္ ေဆးကို တီထြင္ႏိုင္ခဲ့ျခင္း ျဖစ္သည္။
ယင္းေဆးအတြင္း ပါဝင္သည့္ Designer compounds ဟု ေခၚေသာ ဓာတ္မ်ားက ေသာက္သုံးထားသည့္ အမ်ဳိးသားမ်ား၏ ကိုယ္တြင္းရွိ သုက္ပိုးမ်ား၏ အၿမီးမ်ား လႈပ္ရွားမႈကို ထိန္းခ်ဳပ္လိုက္ႏိုင္သျဖင့္၊ အမ်ဳိးသမီးတို႔၏ မမ်ဳိးဥမ်ားႏွင့္ ထိေတြ႔ရန္ အခြင့္အေရးနည္းသြားၿပီး ကိုယ္ဝန္ရႏိုင္ေျခလည္း ရွိေတာ့မည္ မဟုတ္ေၾကာင္း ဂြၽန္ေဟာင္းက ေျပာၾကားသည္။
ေဆးကို အမ်ဳိးသားမ်ား အေနျဖင့္ မေသာက္လိုပါကလည္း အမ်ဳိးသမီးႏွင့္ မဆက္ဆံမီ ႏွာေခါင္းအတြင္း မႈတ္ေဆးအသြင္ျဖင့္ ျဖန္းကာ ႐ွဴသြင္းလိုက္ျခင္းႏွင့္ သုက္ပိုးေကာင္မ်ားကို တားဆီးႏိုင္မည္ ျဖစ္သည္။
တစ္ႀကိမ္ေဆးကို သုံးစြဲထား႐ုံျဖင့္ ရက္အနည္းငယ္ခန္႔အထိ သက္ေရာက္မႈ ရွိေနႏိုင္ေၾကာင္း၊ အမ်ဳိးသားမ်ားကိုယ္တိုင္ ထိုသို႔ ကာကြယ္တားဆီးမႈကို လုပ္ေဆာင္ထားျခင္းျဖင့္ အမ်ဳိးသမီးမ်ားအတြက္ ရက္ေပါင္းမ်ားစြာ သေႏၶတားေဆးမ်ားကို ေသာက္သုံးေနရျခင္းေဘးက ကင္းေဝးေစႏိုင္ေၾကာင္း ပညာရွင္မ်ားက ေျပာၾကားသည္။
ကမာၻေပၚတြင္ တစ္ႏွစ္လွ်င္ အမ်ဳိးသမီးမ်ားအတြက္ သေႏၶတားေဆး ေရာင္းခ်ေနရမႈသည္ စတာလင္ေပါင္း ၁၃ ဘီလီယံခန္႔ ရွိေၾကာင္း၊ အမ်ဳိးသားမ်ားအတြက္ တားေဆးကို တီထြင္ရန္ ႏွစ္ေပါင္းမ်ားစြာ ပ်က္ကြက္ေနမႈအေပၚ မိမိတို႔အဖြဲ႔က ေဆာင္႐ြက္တီထြင္ခဲ့ျခင္း ျဖစ္ေၾကာင္း ဂြၽန္ေဟာင္းက ဆိုသည္။
“ကြၽန္ေတာ္တို႔ေဆးရဲ႕ အာနိသင္ကေတာ့ အံ့ၾသေလာက္ေအာင္ပါပဲ။ သုက္ေကာင္ေတြ ခ်က္ခ်င္းကို ၿငိမ္က်သြားေတာ့တာပဲ။ ဒါမ်ဳိးကို ယခင္က ဘယ္သူမွ မတီထြင္ခဲ့ၾကဖူးပါဘူး” ဟု သူက ေျပာၾကားသည္။
__________________________________________________________________________
#Unicode
ဗြိတိန်နိုင်ငံမှ ဆေးသိပ္ပံပညာရှင်များသည် သန္ဓေတားဆေး တစ်မျိုးကို တီထွင်ခဲ့ရာတွင် ယောက်ျားများ၏ သုက်ပိုးကောင်များကို လှုပ်ရှားကူးခတ်နိုင်စွမ်း မရှိစေမည့် ဆေးသစ်တစ်မျိုးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း Science News သတင်းတွင် ဖော်ပြထားသည်။
နှစ်ပေါင်းများစွာ ကွန်ဒုံးများ အားကိုးဖြင့် သန္ဓေတားခြင်းကို ပြုလုပ်ခဲ့ကြရသည့်အပေါ် ဆန်းသစ်ကာ အမျိုးသားများသည် အမျိုးသမီးများနှင့် အတူမနေစဉ် ယင်းဆေးများကို သောက်သုံးထားခြင်းအားဖြင့် ကိုယ်ဝန်ရစေနိုင်သော သုက်ပိုးကောင်များ၏ ကူးခတ်သွားလာနိုင်စွမ်းများကို ထိန်းချုပ်တားဆီးနိုင်ပြီ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ဝုဗားဟမ်တမ် တက္ကသိုလ်မှ ပါမောက္ခ ဂျွန်ဟောင်း ဦးဆောင်သည့်အဖွဲ့သည် အမျိုးသား သုက်ပိုးများ၏ လုပ်ဆောင်နိုင်စွမ်းများကို ရပ်ဆိုင်းစေသည့် ဆေးကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆေးအတွင်း ပါဝင်သည့် Designer compounds ဟု ခေါ်သော ဓာတ်များက သောက်သုံးထားသည့် အမျိုးသားများ၏ ကိုယ်တွင်းရှိ သုက်ပိုးများ၏ အမြီးများ လှုပ်ရှားမှုကို ထိန်းချုပ်လိုက်နိုင်သဖြင့်၊ အမျိုးသမီးတို့၏ မမျိုးဥများနှင့် ထိတွေ့ရန် အခွင့်အရေးနည်းသွားပြီး ကိုယ်ဝန်ရနိုင်ခြေလည်း ရှိတော့မည် မဟုတ်ကြောင်း ဂျွန်ဟောင်းက ပြောကြားသည်။
ဆေးကို အမျိုးသားများ အနေဖြင့် မသောက်လိုပါကလည်း အမျိုးသမီးနှင့် မဆက်ဆံမီ နှာခေါင်းအတွင်း မှုတ်ဆေးအသွင်ဖြင့် ဖြန်းကာ ရှူသွင်းလိုက်ခြင်းနှင့် သုက်ပိုးကောင်များကို တားဆီးနိုင်မည် ဖြစ်သည်။
တစ်ကြိမ်ဆေးကို သုံးစွဲထားရုံဖြင့် ရက်အနည်းငယ်ခန့်အထိ သက်ရောက်မှု ရှိနေနိုင်ကြောင်း၊ အမျိုးသားများကိုယ်တိုင် ထိုသို့ ကာကွယ်တားဆီးမှုကို လုပ်ဆောင်ထားခြင်းဖြင့် အမျိုးသမီးများအတွက် ရက်ပေါင်းများစွာ သန္ဓေတားဆေးများကို သောက်သုံးနေရခြင်းဘေးက ကင်းဝေးစေနိုင်ကြောင်း ပညာရှင်များက ပြောကြားသည်။
ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် အမျိုးသမီးများအတွက် သန္ဓေတားဆေး ရောင်းချနေရမှုသည် စတာလင်ပေါင်း ၁၃ ဘီလီယံခန့် ရှိကြောင်း၊ အမျိုးသားများအတွက် တားဆေးကို တီထွင်ရန် နှစ်ပေါင်းများစွာ ပျက်ကွက်နေမှုအပေါ် မိမိတို့အဖွဲ့က ဆောင်ရွက်တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ဂျွန်ဟောင်းက ဆိုသည်။
“ကျွန်တော်တို့ဆေးရဲ့ အာနိသင်ကတော့ အံ့သြလောက်အောင်ပါပဲ။ သုက်ကောင်တွေ ချက်ချင်းကို ငြိမ်ကျသွားတော့တာပဲ။ ဒါမျိုးကို ယခင်က ဘယ်သူမှ မတီထွင်ခဲ့ကြဖူးပါဘူး” ဟု သူက ပြောကြားသည်။
#Credit The Voice