အာရပ္မဟာမိတ္ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ယီမင္ႏိုင္ငံတြင္ လူ ၄၅ ဦး ေသဆံုး
#Zawgyi
ယီမင္ႏိုင္ငံ ဟိုေဒဒါၿမိဳ႕တြင္ အက်ဥ္းေထာင္တစ္ခုအေပၚ အာရပ္မဟာမိတ္ စစ္ေလယာဥ္မ်ားက တိုက္ခိုက္ခဲ့ၿပီးေနာက္ အက်ဥ္းသားမ်ား အပါအ၀င္ လူ ၆၀ဦး ေသဆံုးခဲ့သည္ဟု ဟိုသီမ်ား ထိန္းခ်ဳပ္ထားရာ ပင္လယ္နီ ဆိပ္ကမ္းၿမိဳ႕မွ ေဆးဘက္ဆိုင္ရာ သတင္းရင္းျမစ္မ်ား၊ ေဆြမ်ိဳးမ်ားႏွင့္ ေဒသခံအရာရွိတစ္ဦးက ေျပာၾကားသည္။
အယ္လ္ေဇဒီယာ ခ႐ိုင္အက်ဥ္းေထာင္တြင္ အက်ဥ္းသား ၈၄ ဦး ထိန္းသိမ္းထားၿပီး ေလေၾကာင္းမွ သံုးႀကိမ္တိုက္ခိုက္ခံရသည္ဟု သတင္းရင္းျမစ္မ်ားက ေျပာၾကားသည္။
၂၀၁၄ ေႏွာင္းပိုင္းတြင္ အီရန္ႏွင့္ မဟာမိတ္အဖဲြ႕ ဟိုသီတို႔က သမၼတမန္ဆိုးဟာဒီကို ရာထူးမွ ဖယ္ရွားခဲ့ၿပီးေနာက္ ၎အား အာဏာ ျပန္လည္အပ္ႏွင္းႏိုင္ေရး ေဆာ္ဒီဦးေဆာင္ေသာ မဟာမိတ္အဖဲြ႕မ်ားက ၂၀၁၅ မတ္လကစ၍ ဟိုသီတို႔ကို တိုက္ခိုက္ေနသည္။
ယခုသတင္းႏွင့္ပတ္သက္၍ မဟာမိတ္အဖဲြ႕ထံမွ မည္သည့္မွတ္ခ်က္မွ် ထြက္ေပၚမလာေသးေပ။
စေနေန႔ကလည္း ႏိုင္ငံအေနာက္ေတာင္ပိုင္း တိုက္ဇ္ခ႐ိုင္တြင္ မဟာမိတ္အဖဲြ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေနအိမ္တစ္လံုး ထိမွန္ခဲ့ၿပီး အနည္းဆံုး အရပ္သား ၁၇ ဦး ေသဆံုးခဲ့ေၾကာင္း အရာရွိမ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။
ယင္းေန႔မွာပင္ ပဋိပကၡအဆံုးသတ္ေရး ကုလသမဂၢ၏ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို သမၼတဟာဒီက ပယ္ခ်ခဲ့သည္။
ကုလသမဂၢ၏ အစီအစဥ္သည္ စစ္ပဲြႏွင့္ အပ်က္အစီးမ်ားသာ ပိုမိုျဖစ္ေပၚလာေစလိမ့္မည္ ဟု မန္ဆိုးဟာဒီက ေျပာၾကားသည္။
__________________________________________________________________________
#Unicode
ယီမင်နိုင်ငံ ဟိုဒေဒါမြို့တွင် အကျဉ်းထောင်တစ်ခုအပေါ် အာရပ်မဟာမိတ် စစ်လေယာဉ်များက တိုက်ခိုက်ခဲ့ပြီးနောက် အကျဉ်းသားများ အပါအဝင် လူ ၆၀ဦး သေဆုံးခဲ့သည်ဟု ဟိုသီများ ထိန်းချုပ်ထားရာ ပင်လယ်နီ ဆိပ်ကမ်းမြို့မှ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များ၊ ဆွေမျိုးများနှင့် ဒေသခံအရာရှိတစ်ဦးက ပြောကြားသည်။
အယ်လ်ဇေဒီယာ ခရိုင်အကျဉ်းထောင်တွင် အကျဉ်းသား ၈၄ ဦး ထိန်းသိမ်းထားပြီး လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခံရသည်ဟု သတင်းရင်းမြစ်များက ပြောကြားသည်။
၂၀၁၄ နှောင်းပိုင်းတွင် အီရန်နှင့် မဟာမိတ်အဖွဲ့ ဟိုသီတို့က သမ္မတမန်ဆိုးဟာဒီကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ၎င်းအား အာဏာ ပြန်လည်အပ်နှင်းနိုင်ရေး ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့များက ၂၀၁၅ မတ်လကစ၍ ဟိုသီတို့ကို တိုက်ခိုက်နေသည်။
ယခုသတင်းနှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့ထံမှ မည်သည့်မှတ်ချက်မျှ ထွက်ပေါ်မလာသေးပေ။
စနေနေ့ကလည်း နိုင်ငံအနောက်တောင်ပိုင်း တိုက်ဇ်ခရိုင်တွင် မဟာမိတ်အဖွဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ခဲ့ပြီး အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း အရာရှိများနှင့် ဒေသခံများက ပြောသည်။
ယင်းနေ့မှာပင် ပဋိပက္ခအဆုံးသတ်ရေး ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို သမ္မတဟာဒီက ပယ်ချခဲ့သည်။
ကုလသမဂ္ဂ၏ အစီအစဉ်သည် စစ်ပွဲနှင့် အပျက်အစီးများသာ ပိုမိုဖြစ်ပေါ်လာစေလိမ့်မည် ဟု မန်ဆိုးဟာဒီက ပြောကြားသည်။
#Crdit 7days