#Zawgyi
_______________________________________________________________________
#Unicode
Liang Lee လို့ အမည်ရတဲ့ တရုတ်အမျိုးသားဟာဟာ သုံးလွှာအမြင့် ပြုူတင်းပေါက်မှာ လည်ပင်းနဲ့ချိတ်မိနေတဲ့ ကလေးကို ကယ်ဆယ်ဖို့ ပြူတင်းပေါက်သံတိုင်တွေကို ကိုင်ကာ အရောက်တက်သွားခဲ့ပါတယ်။ ဒါကို ဗွီဒီယိုထဲမှာ တစ်စုံတစ်
ယောက်က မှတ်တမ်းတင်ခဲ့တာပါ။ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Liaocheng မြို့မှာ ဖြစ်ခဲ့တာပါ။ Lee ဟာ အနီးအနား တိုက်ခန်းမှာ နေထိုင်သူဖြစ်ပြီး
ပတ်ဝန်ကျင်ရဲ့ ထိတ်လန့်တကြားအော်သံကြောင့် အပြင်ကို ထွက်ကြည့်ခဲ့ပါတယ်။ အဲဒီမှာ ကလေးငယ်တစ်ယောက်ဟာ မျက်နှာချင်းဆိုင် အဆောက်ဦရှိ သုံးလွှာရေချိူးခန်းပြူတင်းပေါက်ကနေ အောက်ကို တွဲလောင်းအနေအထား ချိတ်နေတာကို တွေ့ရပါတယ်။Lee ဟာ ကြာကြာ မစဉ်းစားနဲ့ပဲ သူရဲ့လက်ခြေထောက်တွေကို အကူအညီရယူပြီး ကလေးရှိရာကို အရောက်သွားခဲ့ပါ
တယ်။ ကလေးဟာ ပြူတင်းပေါက် အပြင်က သံယက်မတွေကြားမှာ ဦးခေါင်းညပ်နေခြင်းဖြစ်ပြီး၊ ဒီအချက်ကပဲ ပေ 30
ကျော်အမြင့်ကနေ ၎င်းပြုတ်မကျခဲ့ခြင်းဖြစ်ပါတယ်။Lee ဟာ အဲဒီကလေးငယ်လေးကို ရအောင် ကယ်နိုင်ခဲ့လို့ တရုတ်မီဒီယာတွေကတော့ သူ့ကို သက်ရှိပင့်ကူလူသားလို့
ဂုဏ်ပြုဖော်ပြခဲ့ကြပါတယ်။ ပြူုတင်းပေါက်မှာ ချိတ်မိနေတဲ့ ကလေးငယ်ဟာ အသက် 2 နှစ်သားအရွယ်သာ ရှိသေးပြီး၊
မိဘတွေက ၎င်းအိပ်နေတယ်လို့ ယူဆပြီး အပြင်ကို ရောက်နေချိန် ဖြစ်ပါတယ်။ဒါပေမယ့် ကလေးငယ်ကို ကယ်ဆယ်ပြီးလို့ မကြာမီမှာပဲ မိဘနှစ်ပါး ရောက်ရှိလာခဲ့ပြီး Lee ရဲ့ ကိုယ်ကျိုးမဖက် ကယ်
ဆယ်ခဲတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ကျေးဇူးအလွန်တင်ပါကြောင်း ပြောခဲ့ပါတယ်။
#Credit Shwemom