ညစ္ညမ္းဗီဒီယုိ႐ိုက္ခဲ့မိတဲ့ အတိတ္က လုပ္ရပ္ေၾကာင့္ ဆရာမအလုပ္ကို ဆံုး႐ံႈးခဲ့ရသူ
#Zawgyi
ညစ္ညမ္းဗီဒီယုိထုတ္လုပ္ေရးတစ္ခုအတြက္ porn star တစ္ေယာက္အျဖစ္ပါဝင္ အလုပ္လုပ္ေပးခဲ့တဲ့ ႐ုရွားေက်ာင္းဆရာမတစ္ဦးကို ေက်ာင္းက အလုပ္ထုတ္ပစ္လုိက္ရေၾကာင္း သိရပါတယ္။တိုပူးလ္လို႔ အမည္ရတဲ့ အဆုိပါေက်ာင္းဆရာမဟာ ညစ္ညမ္းဗီဒီယိုတစ္ခုထဲမွာ ေက်ာင္းသူေလးတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ တစ္စံုတစ္ဦးက ဒီဗီဒီယိုဖိုင္ကို အင္တာနက္မွာ ေတြ႔ရွိခဲ့ၿပီးေနာက္ ေက်ာင္းသားေတြထံကို ဒီဗီဒီယိုလင့္ခ္ ပို႔ေပးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေက်ာင္းတာဝန္ ရွိသူေတြထံသာမက အဆိုပါေက်ာင္းဆရာမရဲ႕ မိဘ၊ ေဆြမ်ိဳးေတြထံကိုပါ ပို႔ခဲ့ေသးတယ္လို႔ သိရပါတယ္။ေက်ာင္းသားေတြနဲ႔ ေက်ာင္းသားမိဘေတြအၾကားမွာ သူမရဲ႕ ညစ္ညမ္းဗီဒီယုိအေၾကာင္း ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ရက္ပိုင္းအတြင္းမွာပဲ သူမကို ေက်ာင္းဥကၠ႒က ထြက္စာတင္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ဆရာမ တုိပူးလ္ဘက္ကေတာ့ သူမ ဘာအမွားမွ မလုပ္ေၾကာင္း ျငင္းဆိုခဲ့ၿပီး ဒီဗီဒီယုိဖိုင္ဟာ ၂၀၁၁ ေလာက္တုန္းက ႐ိုက္ထားခဲ့တာျဖစ္တယ္လို႔ ေခ်ပခဲ့ပါတယ္။ သူမ ဆရာမျဖစ္မလာခင္က ႐ိုက္ထားခဲ့တာျဖစ္တာေၾကာင့္ ဘာအျပစ္မွ မရွိဘူးလို႔ ဆိုပါတယ္။
__________________________________________________________________________
#Unicode
ညစ်ညမ်းဗီဒီယိုထုတ်လုပ်ရေးတစ်ခုအတွက် porn star တစ်ယောက်အဖြစ်ပါဝင် အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားကျောင်းဆရာမတစ်ဦးကို ကျောင်းက အလုပ်ထုတ်ပစ်လိုက်ရကြောင်း သိရပါတယ်။တိုပူးလ်လို့ အမည်ရတဲ့ အဆိုပါကျောင်းဆရာမဟာ ညစ်ညမ်းဗီဒီယိုတစ်ခုထဲမှာ ကျောင်းသူလေးတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တစ်စုံတစ်ဦးက ဒီဗီဒီယိုဖိုင်ကို အင်တာနက်မှာ တွေ့ရှိခဲ့ပြီးနောက် ကျောင်းသားတွေထံကို ဒီဗီဒီယိုလင့်ခ် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းတာဝန် ရှိသူတွေထံသာမက အဆိုပါကျောင်းဆရာမရဲ့ မိဘ၊ ဆွေမျိုးတွေထံကိုပါ ပို့ခဲ့သေးတယ်လို့ သိရပါတယ်။ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအကြားမှာ သူမရဲ့ ညစ်ညမ်းဗီဒီယိုအကြောင်း ပျံ့နှံ့ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ သူမကို ကျောင်းဥက္ကဋ္ဌက ထွက်စာတင်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဆရာမ တိုပူးလ်ဘက်ကတော့ သူမ ဘာအမှားမှ မလုပ်ကြောင်း ငြင်းဆိုခဲ့ပြီး ဒီဗီဒီယိုဖိုင်ဟာ ၂၀၁၁ လောက်တုန်းက ရိုက်ထားခဲ့တာဖြစ်တယ်လို့ ချေပခဲ့ပါတယ်။ သူမ ဆရာမဖြစ်မလာခင်က ရိုက်ထားခဲ့တာဖြစ်တာကြောင့် ဘာအပြစ်မှ မရှိဘူးလို့ ဆိုပါတယ်။
#Credit Duwun