Update News
recent

နတ္ကေတာ္ ကို ဆရာတင္ထားသူ ေတာင္ကိုရီးယား သမၼတ ရာထူးမွ ႏုတ္ထြက္ရန္ ဆႏၵျပပြဲမ်ား ျဖစ္ေပၚ


#Zawgyi
တာင္ကိုရီးယားႏိုင္ငံ ၿမဳိ႕ေတာ္ ဆိုးလ္မွာ အမ်ဳိးသမီး သမၼတPark Geun-hye ပါ့ခ္ဂြမ္ေဟး(၆၄)ႏွစ္ ႏုတ္ထြက္ေပးဘို ့ ေက်ာင္းသားနဲ ့ျပည္သူ ေထာင္ေပါင္း မ်ားစြာဟာ ဆိုးလိျမိဳ ့ လမ္းမေတြေပၚမွာ ဆႏၵျပ ေတာင္းဆိုေနၾကေၾကာင္း https://www.theguardian.com သတင္းဌာနက ေဖာ္ျပထားပါတယ္။
ပါ့ခ္ဂြမ္ေဟးဟာ ၂၀၁၂ ခုႏွစ္ သမၼတ ေ႐ြးေကာက္ပြဲ အႏိုင္ရၿပီး ႏိုင္ငံကို အုပ္ခ်ဳပ္ ခြင့္ရခဲ့တဲ့ ေတာင္ကိုးရီးယားနိုင္ငံရဲ ့ ပထမဆုံး အမ်ဳိးသမီး ပါ။
ႏိုင္ငံကို ဦးေဆာင္ ေနတဲ့ သမၼတ က မိသားစု ကိုးကြယ္လာတဲ့ နတ္ဆရာမ (နတ္ကေတာ္) Choi Soon-sil ခြၽဳိင္ဆြန္ဆီလ္ (အသက္၆၀) ဆိုသူ ကို အစိုးရ ရာထူးတစ္စုံတစ္ရာ မရယူထားေပမယ့္ မူဝါဒ ခ်မွတ္ေရးေတြ စီပြားေရး နဲ ့ မိန္ ့ခြန္းေျပာတာကစ ဝင္ေရာက္စြက္ဖက္ၿပီး သမၼတကိုေနာက္ ကြယ္ ကေန အမိန္ ့ေပးေနတယ္လို ့ က်ယ္က်ယ္ျပန္ ့ျပန္ ့ေ၀ဖန္ခံေနရပါတယ္။
ဒါအျပင္ နတ္ကေတာ္ဟာ Samsung and Hyundai ကုပဏီ ေတြနဲ ့ အစိုးရ ရဲ ့ ဘ႑ာေရးအက်ဳိးအျမတ္ေတြ ရေနတယ္လို ့ ေဝဖန္ခံေနရတာျဖစ္ပါတယ္။
သမၼတ၏ ဝန္ထမ္းမ်ားက ညႊန္ၾကားခ်က္မ်ား ေပးေနတဲ့ နတ္ဆရာမ ခြၽဳိင္ဆြန္ ဆီလ္ကိုဦးညႊတ္အ႐ိုေသေပးေနရပုံေတြပါဝင္တဲ့ဗီဒီယိုဖိုင္ကို ျပည္တြင္းရုပ္သံ သတင္းေတြမွာ ေဖၚျပေနတာ လည္းေတြ ့ရပါတယ္။
ေတာင္ေျမာက္ကိုုရီးယား စစ္ျဖစ္ေတာ့္မယ့္အေျခအေနေရာက္ေနတဲ့ အခ်ိန္ မ်ိဳးမွာ သမၼတ အထက္က ဘုရင္မ နတ္ ကေတာ္ကို ကိုးကြယ္ေနတာဟာ နိုင္ငံ
ေတာ္ကို ဆက္ဦးေဆာင္ဘို ့ အရည္အခ်င္းမရွိတာကိုေဖၚျပေနတယ္လို အတိုက္ အခံေခါင္းေဆာင္ေတြကေ၀ဖန္ေနၾကပါတယ္။
သမၼတက ခုလို အနတ္ကေတာ္ အၾကံေပး ကိစၥ အတြက္ ၿပီးခဲ့တဲ့ တစ္ပတ္က ႐ုပ္သံမိန္႔ခြန္းျဖင့္ လူထုကို ဝန္ခ်ေတာင္းပန္ခဲ့ေပမယ့္ အေျခအေနကို ထိန္း သိမ္းႏိုင္ခဲ့ျခင္းမရွိေတာ့ပါဘူး။ ေအာက္တိုဘာလ၂၉ရက္ေန႔မွာအစိုးရေရွ႕ေနေတြကသမၼတလက္ေထာက္ ေတြ ေနထိုင္ရာ ေနအိမ္ေတြကိုဝင္ေရာက္စီးနင္းရွာေဖြမႈေတြ ျပဳလုပ္ခဲ့ၾကတယ္လို ့လည္းသိရပါတယ္။
ယခုကိစၥေပါက္ၾကား သြားခဲ့ လို ့ပါ့ခ္ဂြမ္ေဟးလူထုကို ေတာင္းပန္ခဲ့သလို သူမရဲ ့အႀကီးတန္းအႀကံေပးပုဂၢဳိလ္၁၀ဦးကိုရာထူးမွ ႏုတ္ထြက္ခိုင္းခဲ့တာကို
လူထုရဲ ့ မေက်နပ္ခ်က္ကိုမထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲဆႏၵျပပြဲမ်ား ျဖစ္ေပၚခဲ့တာပါ။
_________________________________________________________________________
#Unicode
တာင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မှာ အမျိုးသမီး သမ္မတPark Geun-hye ပါ့ခ်ဂွမ်ဟေး(၆၄)နှစ် နုတ်ထွက်ပေးဘို ့ ကျောင်းသားနဲ ့ပြည်သူ ထောင်ပေါင်း များစွာဟာ ဆိုးလိမြို ့ လမ်းမတွေပေါ်မှာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း https://www.theguardian.com သတင်းဌာနက ဖော်ပြထားပါတယ်။
ပါ့ခ်ဂွမ်ဟေးဟာ ၂၀၁၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အနိုင်ရပြီး နိုင်ငံကို အုပ်ချုပ် ခွင့်ရခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံရဲ ့ ပထမဆုံး အမျိုးသမီး ပါ။
နိုင်ငံကို ဦးဆောင် နေတဲ့ သမ္မတ က မိသားစု ကိုးကွယ်လာတဲ့ နတ်ဆရာမ (နတ်ကတော်) Choi Soon-sil ချွိုင်ဆွန်ဆီလ် (အသက်၆၀) ဆိုသူ ကို အစိုးရ ရာထူးတစ်စုံတစ်ရာ မရယူထားပေမယ့် မူဝါဒ ချမှတ်ရေးတွေ စီပွားရေး နဲ ့ မိန် ့ခွန်းပြောတာကစ ဝင်ရောက်စွက်ဖက်ပြီး သမ္မတကိုနောက် ကွယ် ကနေ အမိန် ့ပေးနေတယ်လို ့ ကျယ်ကျယ်ပြန် ့ပြန် ့ဝေဖန်ခံနေရပါတယ်။
ဒါအပြင် နတ်ကတော်ဟာ Samsung and Hyundai ကုပဏီ တွေနဲ ့ အစိုးရ ရဲ ့ ဘဏ္ဍာရေးအကျိုးအမြတ်တွေ ရနေတယ်လို ့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။
သမ္မတ၏ ဝန်ထမ်းများက ညွှန်ကြားချက်များ ပေးနေတဲ့ နတ်ဆရာမ ချွိုင်ဆွန် ဆီလ်ကိုဦးညွှတ်အရိုသေပေးနေရပုံတွေပါဝင်တဲ့ဗီဒီယိုဖိုင်ကို ပြည်တွင်းရုပ်သံ သတင်းတွေမှာ ဖေါ်ပြနေတာ လည်းတွေ ့ရပါတယ်။
တောင်မြောက်ကိုုရီးယား စစ်ဖြစ်တော့်မယ့်အခြေအနေရောက်နေတဲ့ အချိန် မျိုးမှာ သမ္မတ အထက်က ဘုရင်မ နတ် ကတော်ကို ကိုးကွယ်နေတာဟာ နိုင်ငံ
တော်ကို ဆက်ဦးဆောင်ဘို ့ အရည်အချင်းမရှိတာကိုဖေါ်ပြနေတယ်လို အတိုက် အခံခေါင်းဆောင်တွေကဝေဖန်နေကြပါတယ်။
သမ္မတက ခုလို အနတ်ကတော် အကြံပေး ကိစ္စ အတွက် ပြီးခဲ့တဲ့ တစ်ပတ်က ရုပ်သံမိန့်ခွန်းဖြင့် လူထုကို ဝန်ချတောင်းပန်ခဲ့ပေမယ့် အခြေအနေကို ထိန်း သိမ်းနိုင်ခဲ့ခြင်းမရှိတော့ပါဘူး။ အောက်တိုဘာလ၂၉ရက်နေ့မှာအစိုးရရှေ့နေတွေကသမ္မတလက်ထောက် တွေ နေထိုင်ရာ နေအိမ်တွေကိုဝင်ရောက်စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြတယ်လို ့လည်းသိရပါတယ်။
ယခုကိစ္စပေါက်ကြား သွားခဲ့ လို ့ပါ့ခ်ဂွမ်ဟေးလူထုကို တောင်းပန်ခဲ့သလို သူမရဲ ့အကြီးတန်းအကြံပေးပုဂ္ဂိုလ်၁၀ဦးကိုရာထူးမှ နုတ်ထွက်ခိုင်းခဲ့တာကို
လူထုရဲ ့ မကျေနပ်ချက်ကိုမထိန်းချုပ်နိုင်ခဲ့ဘဲဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့တာပါ။
#Credit Ygnmedia
aung  yein chan

aung yein chan

Powered by Blogger.