Update News
recent

စာခ်ဳပ္သစ္ ခ်ဳပ္ၿပီးေနာက္ ေရာ္နယ္ဒိုထက္ လစာပိုမ်ားသြားသည့္ ဂါရက္ေဘးလ္


#Zawgyi
စာခ်ဳပ္သစ္အရ ဂါရက္ေဘးလ္ဟာကို ယူ႐ို သန္းတစ္ေထာင္ေပးမွသာ အျခားအသင္းတစ္သင္းက ေခၚယူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္အသင္းက ေဝးလ္ကစားသမား ဂါရက္ေဘးလ္ကို စာခ်ဳပ္သစ္ထပ္မံ ခ်ဳပ္ဆိုရာမွာ ေရာ္နယ္ဒိုထက္ လစာေငြ ပိုေပးလုိက္ေၾကာင္း သိရပါတယ္။ၿဗိတိန္မီဒီယာေတြကေတာ့ ရီးရဲလ္မက္ဒရစ္ဟာ အသက္ ၃၁ ႏွစ္ရွိသြားၿပီျဖစ္တဲ့ ေရာ္နယ္ဒိုေနရာကို ဂါရက္ေဘးလ္နဲ႔ အစားထိုးဖို႔ ႀကိဳးပမ္းလိုက္ၿပီလို႔ ေဖာ္ျပၾကပါတယ္။ ဂါရက္ေဘးလ္းဟာ စာခ်ဳပ္သစ္အရ ၂၀၂၂ ခုႏွစ္အထိ ရီးရဲလ္မက္ဒရစ္အသင္းမွာ ရွိေနေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အျခားအသင္း တစ္သင္းအေနနဲ႔ ဂါရက္ေဘးလ္ကို ယူ႐ို  ၁ ဘီလ်ံေပးမွသာ ေခၚယူႏိုင္မယ့္ သေဘာတူညီခ်က္ကိုလည္း စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆုိခဲ့ပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းဟာ ဂါရက္ေဘးလ္ကို တစ္ပတ္လုပ္ခလစာ ေပါင္ ေျခာက္သိန္းခန္႔ တန္ေၾကးရွိတဲ့ စာခ်ဳပ္သစ္ကုိ ခ်ဳပ္ဆုိခဲ့တာပါ။ ဒါေပမဲ့ ဝင္ေငြခြန္ေဆာင္ၿပီးတဲ့အခါ ဂါရက္ေဘးလ္ဟာ အသားတင္ လစာေငြ တစ္ပတ္ကို ေပါင္ သံုးသိန္းခြဲ ရရွိမွာျဖစ္ပါတယ္။ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမား ေရာ္နယ္ဒိုက လက္ရွိမွာ တစ္ပတ္ လုပ္ခလစာ ေပါင္ ႏွစ္သိန္းကိုးေသာင္းသာ ရရွိလ်က္ရွိပါတယ္။ေရာ္နယ္ဒိုကိုလည္း ရီးရဲလ္မက္ဒရစ္က စာခ်ဳပ္သက္တမ္း တိုးဖို႔ ရည္႐ြယ္ရာမွာ အသင္းဘက္ သံုးႏွစ္သို႔မဟုတ္ ေလးႏွစ္သာ ခ်ဳပ္ဆိုခ်င္ေနၿပီး ကစားသမားဘက္ကေတာ့ ငါးႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခ်င္လို႔ ညႇိႏႈိင္းေနရဆဲ ျဖစ္ပါတယ္
__________________________________________________________________________
#Unicode
စာချုပ်သစ်အရ ဂါရက်ဘေးလ်ဟာကို ယူရို သန်းတစ်ထောင်ပေးမှသာ အခြားအသင်းတစ်သင်းက ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ဝေးလ်ကစားသမား ဂါရက်ဘေးလ်ကို စာချုပ်သစ်ထပ်မံ ချုပ်ဆိုရာမှာ ရော်နယ်ဒိုထက် လစာငွေ ပိုပေးလိုက်ကြောင်း သိရပါတယ်။ဗြိတိန်မီဒီယာတွေကတော့ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၃၁ နှစ်ရှိသွားပြီဖြစ်တဲ့ ရော်နယ်ဒိုနေရာကို ဂါရက်ဘေးလ်နဲ့ အစားထိုးဖို့ ကြိုးပမ်းလိုက်ပြီလို့ ဖော်ပြကြပါတယ်။ ဂါရက်ဘေးလ်းဟာ စာချုပ်သစ်အရ ၂၀၂၂ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိနေတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားအသင်း တစ်သင်းအနေနဲ့ ဂါရက်ဘေးလ်ကို ယူရို  ၁ ဘီလျံပေးမှသာ ခေါ်ယူနိုင်မယ့် သဘောတူညီချက်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂါရက်ဘေးလ်ကို တစ်ပတ်လုပ်ခလစာ ပေါင် ခြောက်သိန်းခန့် တန်ကြေးရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာပါ။ ဒါပေမဲ့ ဝင်ငွေခွန်ဆောင်ပြီးတဲ့အခါ ဂါရက်ဘေးလ်ဟာ အသားတင် လစာငွေ တစ်ပတ်ကို ပေါင် သုံးသိန်းခွဲ ရရှိမှာဖြစ်ပါတယ်။ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက လက်ရှိမှာ တစ်ပတ် လုပ်ခလစာ ပေါင် နှစ်သိန်းကိုးသောင်းသာ ရရှိလျက်ရှိပါတယ်။ရော်နယ်ဒိုကိုလည်း ရီးရဲလ်မက်ဒရစ်က စာချုပ်သက်တမ်း တိုးဖို့ ရည်ရွယ်ရာမှာ အသင်းဘက် သုံးနှစ်သို့မဟုတ် လေးနှစ်သာ ချုပ်ဆိုချင်နေပြီး ကစားသမားဘက်ကတော့ ငါးနှစ်အထိ စာချုပ်သက်တမ်းတိုးချင်လို့ ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်
#Credit Duwun
aung  yein chan

aung yein chan

Powered by Blogger.