ဇီကာျဖစ္ပြားသူကို ရန္ကုန္၊ စမ္းေခ်ာင္းတြင္ ေတြ႔ရွိျခင္းျဖစ္
#Zawgyi
ရန္ကုန္ၿမဳိ႕ စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ဇီကာေရာဂါျဖစ္ပြားေနတဲ့ ႏိုင္ငံျခားသူတဦးကို ေတြ႔ရွိခဲ့ တာလုိ႔ စမ္းေခ်ာင္းၿမိဳ႕နယ္ တုိင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာ္တာေအာင္က ေျပာပါတယ္။
“က်ေနာ္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ သိရတာက ေျမႏုလမ္းမွာ ျဖစ္တာ၊ က်ေနာ္ကလည္း ေျမႏုလမ္းသားျဖစ္ေနတယ္၊ အရပ္က ေျပာတာ ေျမႏုလမ္းက ကြန္ဒို တခုမွာ ျဖစ္တာ၊ သို႔ေသာ္ က်ေနာ့္ကို ဘယ္ကမွ အတည္မျပဳေပးၾကဘူး။”
အသက္ ၃၂ အရြယ္ရိွ ကိုယ္ဝန္ေဆာင္ ႏိုင္ငံျခားသူအမ်ိဳးသမီးကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရိွၿပီးေနာက္ သူ႔ကို လိုအပ္တဲ့ဓာတ္ခြဲစမ္းသပ္တာေတြ လုပ္ေဆာင္ရာမွာ ဇီကာေရာဂါလို႔ အတည္ျပဳ ႏိုင္ခဲ့တာပါ။
ဒါဟာ ျမန္မာႏိုင္ငံမွာ ဇီကာဗိုင္းရပ္စ္ျဖစ္ပြားမႈ ပထမဆံုးအႀကိမ္ေတြ႔ရတာျဖစ္ၿပီး သူဟာ ဘယ္ႏိုင္ငံကလာၿပီး၊ သူ႔ကို ဘယ္လိုေတြ႔ရိွတာလဲဆိုတာေတာ့ သက္ဆိုင္ရာက အေသးစိတ္ မထုတ္ျပန္ခဲ့ပါဘူး။
အိမ္နီးခ်င္းထိုင္းႏိုင္ငံနဲ႔ ေဒသတြင္း စင္ကာပူႏိုင္ငံတို႔မွာ ဇီကာပိုးေ၀ဒနာရွင္ေတြ႔ရင္ ေ၀ဒနာရွင္ ဘယ္သူ ဘယ္၀ါ ဆိုတာ ထုတ္ မေျပာေပမယ့္ ဘယ္ၿမိဳ႕နယ္ ဘယ္ရပ္ကြက္မွာ ျဖစ္ပြားတယ္။ ေရာဂါပိုး မျပန္႔ပြားေအာင္ ဘယ္လို လုပ္ေဆာင္ေနတယ္ ဆိုတာေတြကို သတင္း ထုတ္ျပန္ေပးပါတယ္။
ျမန္မာႏိုင္ငံျပည္သူ႔က်န္းမာေရးဦးစီးဌာနက ညႊန္ၾကားေရးမွုး ေဒါက္တာသန္းထြန္းေအာင္ကေတာ့ ကာယကံရွင္ရဲ ဆႏၵအရ ေနထိုင္ရာၿမိဳ႕နယ္ကို သတင္းမထုတ္တာလို႔ ဆိုပါတယ္။
“အဲ့ဒီအမ်ိဳးသမီးက ေတာင္းဆိုတယ္၊ ကိုယ့္က်န္းမာေရးဌာနကေတာ့ ကာကြယ္ႏွိမ္နင္းေရးေတြ လူနာ ရွာေဖြေရးေတြ၊ ပညာေပးေရးေတြ၊ ျခင္ႏွိမ္နင္းေရးေတြ လုပ္တာေပါ့။ ဒါေပမယ့္လည္း ကာယကံရွင္က နည္းနည္းေလး ေတာင္းဆိုတယ္၊ သူ႔ကိုေတာ့ လွ်ဳိ႕၀ွက္ထားေပးပါ၊ အဲ့ဒါေၾကာင့္ က်ေနာ္တို႔က လွ်ဳိ႕၀ွက္ ထားေပးတာပါ။”
ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ ႏုိင္ငံျခားသူ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတဦးအား ရန္ကုန္မွာ ေတြ႔ရွိတယ္လို႔ ေအာက္တိုဘာ ၂၇ ရက္ညက သတင္းထုတ္ျပန္ခဲ့ျပီးတဲ့ေနာက္ မေန႔က ေနျပည္ေတာ္မွာ က်န္းမာေရးက သတင္းစာရွင္းလင္းပြဲတခု ျပဳလုပ္ခဲ့ပါတယ္
_________________________________________________________________________
#Unicode
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဇီကာရောဂါဖြစ်ပွားနေတဲ့ နိုင်ငံခြားသူတဦးကို တွေ့ရှိခဲ့ တာလို့ စမ်းချောင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောပါတယ်။
“ကျနော် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိရတာက မြေနုလမ်းမှာ ဖြစ်တာ၊ ကျနော်ကလည်း မြေနုလမ်းသားဖြစ်နေတယ်၊ အရပ်က ပြောတာ မြေနုလမ်းက ကွန်ဒို တခုမှာ ဖြစ်တာ၊ သို့သော် ကျနော့်ကို ဘယ်ကမှ အတည်မပြုပေးကြဘူး။”
အသက် ၃၂ အရွယ်ရှိ ကိုယ်ဝန်ဆောင် နိုင်ငံခြားသူအမျိုးသမီးကို ရန်ကုန်မြို့မှာ တွေ့ရှိပြီးနောက် သူ့ကို လိုအပ်တဲ့ဓာတ်ခွဲစမ်းသပ်တာတွေ လုပ်ဆောင်ရာမှာ ဇီကာရောဂါလို့ အတည်ပြု နိုင်ခဲ့တာပါ။
ဒါဟာ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှု ပထမဆုံးအကြိမ်တွေ့ရတာဖြစ်ပြီး သူဟာ ဘယ်နိုင်ငံကလာပြီး၊ သူ့ကို ဘယ်လိုတွေ့ရှိတာလဲဆိုတာတော့ သက်ဆိုင်ရာက အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။
အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဒေသတွင်း စင်ကာပူနိုင်ငံတို့မှာ ဇီကာပိုးဝေဒနာရှင်တွေ့ရင် ဝေဒနာရှင် ဘယ်သူ ဘယ်ဝါ ဆိုတာ ထုတ် မပြောပေမယ့် ဘယ်မြို့နယ် ဘယ်ရပ်ကွက်မှာ ဖြစ်ပွားတယ်။ ရောဂါပိုး မပြန့်ပွားအောင် ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာတွေကို သတင်း ထုတ်ပြန်ပေးပါတယ်။
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှုး ဒေါက်တာသန်းထွန်းအောင်ကတော့ ကာယကံရှင်ရဲ ဆန္ဒအရ နေထိုင်ရာမြို့နယ်ကို သတင်းမထုတ်တာလို့ ဆိုပါတယ်။
“အဲ့ဒီအမျိုးသမီးက တောင်းဆိုတယ်၊ ကိုယ့်ကျန်းမာရေးဌာနကတော့ ကာကွယ်နှိမ်နင်းရေးတွေ လူနာ ရှာဖွေရေးတွေ၊ ပညာပေးရေးတွေ၊ ခြင်နှိမ်နင်းရေးတွေ လုပ်တာပေါ့။ ဒါပေမယ့်လည်း ကာယကံရှင်က နည်းနည်းလေး တောင်းဆိုတယ်၊ သူ့ကိုတော့ လျှို့ဝှက်ထားပေးပါ၊ အဲ့ဒါကြောင့် ကျနော်တို့က လျှို့ဝှက် ထားပေးတာပါ။”
ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအား ရန်ကုန်မှာ တွေ့ရှိတယ်လို့ အောက်တိုဘာ ၂၇ ရက်ညက သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် မနေ့က နေပြည်တော်မှာ ကျန်းမာရေးက သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်
#Credit Mizzima