ထိုင္းႏိုင္ငံက ေရာ္ဘာၿခံတစ္ခုမွာ ျမန္မာလူမ်ိဳး ခင္ပြန္းကုိ ေသနတ္နဲ႔ခ်ိန္ၿပီး ဇနီးကုိ အဓမၼျပဳက်င့္မႈျဖစ္
#Zawgyi
ထိုင္းႏုိင္ငံေတာင္ပိုင္း ဟတ္႐ိုင္ၿမိဳ႕နားက ေရာ္ဘာၿခံတစ္ခုထဲမွာ အလုပ္လုပ္ေနတဲ့ ျမန္မာဇနီးေမာင္ႏွံကို ထိုင္းစကားေျပာတဲ့ လူႏွစ္ဦးက အမ်ိဳးသားျဖစ္သူကုိ ေသနတ္နဲ႔ခ်ိန္ ၿပီး အမ်ိဳးသမီးျဖစ္သူကုိ အဓမၼျပဳက်င့္ခဲ့မႈ ေအာက္တိုဘာလ ၂၇ ရက္က ျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။
ေရာ္ဘာၿခံထဲမွာ ေရာ္ဘာျခစ္ေနတဲ့ ျမန္မာဇနီးေမာင္ႏွံႏွစ္ဦးဆီကုိ ထိုင္းစကားေျပာတဲ့ လူႏွစ္ဦးေရာက္လာၿပီး အမ်ိဳးသားျဖစ္သူကုိ ႐ိုက္ႏွက္ကာ ေသနတ္နဲ႔ခ်ိန္ၿပီး အမ်ိဳးသမီး ျဖစ္သူကုိ အဓမၼျပဳက်င့္သြားလုိ႔ ဟတ္႐ိုင္ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားထားတယ္လို႔ ထိုင္းႏုိင္ငံေတာင္ပိုင္းအေျခစုိက္ ပညာေရးနဲ႔ ဖံြ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း FED ဒါ႐ိုက္တာ ဦးထူးခ်စ္က ေျပာပါတယ္။
ဒါ့အျပင္အဆိုပါ လူႏွစ္ဦးက ေရာ္ဘာၿခံထဲမွာက်န္ေနေသးတဲ့ ျမန္မာဇနီးေမာင္ႏွံ ေနထိုင္တဲ့ အခန္းတစ္ခန္းကုိ ၀င္ေရာက္ၿပီး အမ်ိဳးသမီးကုိ အဓမၼျပဳက်င့္ဖို႔ ႀကံစည္ခဲ့ေသးၿပီး အမ်ိဳးသားျဖစ္သူက ထိုင္းစကားေျပာၿပီး ေတာင္းပန္လုိ႔ ျပန္ထြက္သြားတယ္လို႔ ဦးထူးခ်စ္က ေျပာပါတယ္။
__________________________________________________________________________
#Unicode
ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်မြို့နားက ရော်ဘာခြံတစ်ခုထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာဇနီးမောင်နှံကို ထိုင်းစကားပြောတဲ့ လူနှစ်ဦးက အမျိုးသားဖြစ်သူကို သေနတ်နဲ့ချိန် ပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့မှု အောက်တိုဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရော်ဘာခြံထဲမှာ ရော်ဘာခြစ်နေတဲ့ မြန်မာဇနီးမောင်နှံနှစ်ဦးဆီကို ထိုင်းစကားပြောတဲ့ လူနှစ်ဦးရောက်လာပြီး အမျိုးသားဖြစ်သူကို ရိုက်နှက်ကာ သေနတ်နဲ့ချိန်ပြီး အမျိုးသမီး ဖြစ်သူကို အဓမ္မပြုကျင့်သွားလို့ ဟတ်ရိုင်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ဒါ့အပြင်အဆိုပါ လူနှစ်ဦးက ရော်ဘာခြံထဲမှာကျန်နေသေးတဲ့ မြန်မာဇနီးမောင်နှံ နေထိုင်တဲ့ အခန်းတစ်ခန်းကို ၀င်ရောက်ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့သေးပြီး အမျိုးသားဖြစ်သူက ထိုင်းစကားပြောပြီး တောင်းပန်လို့ ပြန်ထွက်သွားတယ်လို့ ဦးထူးချစ်က ပြောပါတယ်။
#Credit Duwun