မဟာခ်ိဳင္က ၾကက္သားစက္ရံုမွာ ဂတ္စ္ပိုက္ေပါက္ ျမန္မာလုပ္သား ၅၀ ေက်ာ္ ေဆးရံုေရာက္
#Zawgyi
ဂက္စ္အန႔ံ ႐ႉမိၿပီး မူးေမ့ လဲက်ကုန္တာလုိ႔ ဆိုပါတယ္။
ေအာက္တုိဘာလ ၃၀ ရက္ မနက္ပိုင္းက ထိုင္းႏိုင္ငံ၊ မဟာခ်ိဳင္ေဒသမွာရွိတဲ့ KL ရပ္ကြက္က ျမန္မာအလုပ္သမား ၃၀၀ ေက်ာ္ အလုပ္လုပ္ေနတဲ့ Intersia ၾကက္သားစက္ရံုတစ္ခုမွာ ဂတ္စ္ပိုက္လိုင္းေပါက္ခဲ့လို႔ ျမန္မာအလုပ္သမား ၅၀ ထိခိုက္မႈ ျဖစ္ခဲ့တယ္လုိ႔ သိရပါတယ္။
“မေန႔က မနက္ပိုင္း ၁၁ နာရီေလာက္မွာျဖစ္တာ၊ ၾကက္သား႐ုံက ဂက္စ္ပိုက္လိုင္းေပါက္ၿပီး ဂက္စ္အန႔ံ ႐ႉမိတဲ့ မိန္းကေလးေတြ မူးေမ့ၿပီး လဲက်ကုန္တာ။ ၾကက္သားပါကင္ပိတ္တဲ့ အခန္းမွာျဖစ္တာ။ အဲ့ဒီမွာ ျမန္မာအလုပ္သမား ၇၀ ေက်ာ္ရွိတယ္၊ ထိုင္းက ေလးငါးေျခာက္ဦးေလာက္ရွိတယ္၊ ေဆး႐ုံပို႔လိုက္ရတာ ၅၀ ေက်ာ္တယ္။ ထိုင္း ၄-၅ ဦးလည္း ပါတယ္” လို႔ ထိုင္းႏိုင္ငံအလုပ္သမား ကူညီေစာင့္ေရွာက္ေရးေကာ္မတီၤ (ေအေအစီ) က ကိုရဲမင္းကေျပာပါတယ္။
ေဆး႐ုံတက္ကုသလိုက္ရတဲ့ ျမန္မာအလုပ္သမားေတြက တနသၤာရီတုိင္း၊ မြန္နဲ႔ ကရင္ျပည္နယ္တို႔ကေနလာတဲ့သူ အမ်ားစုျဖစ္ၿပီး မဟာခ်ိဳင္က စမြတ္စာခြန္ေဆး႐ုံႀကီးနဲ႔ ဝီခ်ိဳင္းေဝ့ေဆး႐ုံ ႏွစ္ခုမွာ ကုသမႈခံယူခဲ့ကာ ဒီေန႔မွာေတာ့ အသက္႐ႉက်ပ္ေနၾကတဲ့ ငါးဦးေလာက္ပဲ ေဆး႐ုံမွာ က်န္ခဲ့ၿပီး က်န္တဲ့သူေတြကေတာ့ ေဆး႐ုံက ဆင္းသြားၿပီလို႔ သိရပါတယ္။
________________________________________________________________________
#Unicode
ဂက်စ်အန့ံ ရှူမိပြီး မူးမေ့ လဲကျကုန်တာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာရှိတဲ့ KL ရပ်ကွက်က မြန်မာအလုပ်သမား ၃၀၀ ကျော် အလုပ်လုပ်နေတဲ့ Intersia ကြက်သားစက်ရုံတစ်ခုမှာ ဂတ်စ်ပိုက်လိုင်းပေါက်ခဲ့လို့ မြန်မာအလုပ်သမား ၅၀ ထိခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာဖြစ်တာ၊ ကြက်သားရုံက ဂက်စ်ပိုက်လိုင်းပေါက်ပြီး ဂက်စ်အန့ံ ရှူမိတဲ့ မိန်းကလေးတွေ မူးမေ့ပြီး လဲကျကုန်တာ။ ကြက်သားပါကင်ပိတ်တဲ့ အခန်းမှာဖြစ်တာ။ အဲ့ဒီမှာ မြန်မာအလုပ်သမား ရ၀ ကျော်ရှိတယ်၊ ထိုင်းက လေးငါးခြောက်ဦးလောက်ရှိတယ်၊ ဆေးရုံပို့လိုက်ရတာ ၅၀ ကျော်တယ်။ ထိုင်း ၄-၅ ဦးလည်း ပါတယ်” လို့ ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီင်္ (အေအေစီ) က ကိုရဲမင်းကပြောပါတယ်။
ဆေးရုံတက်ကုသလိုက်ရတဲ့ မြန်မာအလုပ်သမားတွေက တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့ကနေလာတဲ့သူ အများစုဖြစ်ပြီး မဟာချိုင်က စမွတ်စာခွန်ဆေးရုံကြီးနဲ့ ဝီချိုင်းဝေ့ဆေးရုံ နှစ်ခုမှာ ကုသမှုခံယူခဲ့ကာ ဒီနေ့မှာတော့ အသက်ရှူကျပ်နေကြတဲ့ ငါးဦးလောက်ပဲ ဆေးရုံမှာ ကျန်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။
#Credit Duwun