Update News
recent

ေဒၚစုရဲ႕ဂ်ပန္ခရီးစဥ္လိုက္မယ့္ လုပ္ငန္းရွင္ေတြ ဖိတ္ၾကားတာနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြထြက္


#Zawgyi
လုပ္ငန္းရွင္ တခ်ိဳ႕ကုိပဲေရြးဖိတ္လုိ႔ ေ၀ဖန္သံေတြ ထြက္လာတာပါ။ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂ်ပန္ခရီးစဥ္ကိုလိုက္ပါမယ့္ စီးပြားေရးလုပ္ငန္းရွင္ေတြကို လူေရြးၿပီးဖိတ္ၾကားခဲ့လို႔ လုပ္ငန္းရွင္ေတြက စီမံကိန္းနဲ႔  ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကို ေဝဖန္ေနၾကတယ္လုိ႔ သိရပါတယ္။

ခရီးစဥ္အတြက္ ျမန္္မာႏုိင္ငံကုန္သည္ေတြနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္အပါအဝင္ ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္တို႔လုိ႔ စီးပြားေရးဆုိင္ရာ အသင္းအဖြဲ႕ေတြကုိ မဖိတ္ဘဲ စီးပြားေရးလုပ္ငန္းရွင္ေတြကုိပဲ လူေရြးဖိတ္ခဲ့လို႔ အခုလိုေ၀ဖန္မႈေတြ ထြက္ေပၚလာတာပါ။ဒီလိုဖိတ္ၾကားခဲ့တာေၾကာင့္ အစိုးရေႂကြးေၾကာ္ေနတဲ့ ပြင့္လင္းျမင္သာမႈနဲ႔ တန္းတူအခြင့္အေရးရရွိတာေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္စရာျဖစ္ေနတယ္လို႔ စီးပြား ေရးလုပ္ငန္းရွင္တခ်ိဳ႕က ေျပာခဲ့ၿပီး အစိုးရအေနနဲ႔ ႏုိင္ငံျခားခရီးစဥ္ေတြမွာ လုပ္ငန္းရွင္ေတြကုိ ဖိတ္ေခၚရာမွာ သတ္မွတ္ခ်က္အတုိင္းေခၚယူျခင္း ျဖစ္ႏုိင္တယ္လို႔ ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

ႏုိင္ငံေတာ္၏အတုိင္ပင္ခံ ပုဂၢိဳလ္က ႏိုဝင္ဘာ ၁ ရက္ကေန ၅ ရက္အထိ ဂ်ပန္ႏုိင္ငံကို သြားေရာက္ကာ ဂ်ပန္ဘုရင္မင္းျမတ္ အပါအဝင္ ဂ်ပန္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး၊ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ ေတြ႔ဆံုမယ္လို႔ သိရပါတယ္။
__________________________________________________________________________
#Unicode
လုပ်ငန်းရှင် တချို့ကိုပဲရွေးဖိတ်လို့ ဝေဖန်သံတွေ ထွက်လာတာပါ။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ကိုလိုက်ပါမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို လူရွေးပြီးဖိတ်ကြားခဲ့လို့ လုပ်ငန်းရှင်တွေက စီမံကိန်းနဲ့  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဝေဖန်နေကြတယ်လို့ သိရပါတယ်။

ခရီးစဉ်အတွက် မြန််မာနိုင်ငံကုန်သည်တွေနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အပါအဝင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့လို့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေကို မဖိတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေကိုပဲ လူရွေးဖိတ်ခဲ့လို့ အခုလိုဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ။ဒီလိုဖိတ်ကြားခဲ့တာကြောင့် အစိုးရကြွေးကြော်နေတဲ့ ပွင့်လင်းမြင်သာမှုနဲ့ တန်းတူအခွင့်အရေးရရှိတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်စရာဖြစ်နေတယ်လို့ စီးပွား ရေးလုပ်ငန်းရှင်တချို့က ပြောခဲ့ပြီး အစိုးရအနေနဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ရာမှာ သတ်မှတ်ချက်အတိုင်းခေါ်ယူခြင်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ဂျပန်နိုင်ငံကို သွားရောက်ကာ ဂျပန်ဘုရင်မင်းမြတ် အပါအဝင် ဂျပန်အစိုးရအဖွဲ့ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံမယ်လို့ သိရပါတယ်။
#Credit Duwun
aung  yein chan

aung yein chan

Powered by Blogger.