Update News
recent

တာေမြတြင္ ဖမ္းမိသည့္ ဘဂၤါလီ ငါးဦးကုိ အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္စီ အမိန္႔ခ်


#Zawgyi
ပဲခူးတုိင္းေဒသႀကီး ျဖဴးၿမိဳ႕နယ္ ရန္ကုန္-မႏၱေလး လမ္းေဟာင္းေပၚတြင္ ေအာက္တုိဘာ ၂၉ ရက္ မြန္းလြဲ ၁၂ နာရီခြဲခန္႔က တပ္ၾကပ္အဆင့္ရွိ တပ္မေတာ္သား(အၿငိမ္းစား) တစ္ဦးကို တရားဝင္ မွတ္ပံုတင္ မပါရွိသည့္ အျဖဴေရာင္ ဟြန္ဒါဖစ္ ေမာ္ေတာ္ယာဥ္ တစ္စီးႏွင့္အတူ ဖမ္းဆီး ရမိခဲ့သည္ဟု ျဖဴးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးစံလွက ေျပာၾကားသည္။



၁၉၉၀ ေက်ာ္ေလာက္က တပ္မေတာ္ကေန တပ္ၾကပ္အဆင့္နဲ႔ အၿငိမ္းစား ယူခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိမွာ ျဖဴးၿမိဳ႕နယ္ ရြာသစ္ ေက်းရြာဘက္မွာ ေနတယ္လုိ႔ သိထားၿပီး ကားနဲ ့ပတ္သက္တဲ့ အခ်က္အလက္ေတြကို ကညနကို တင္ျပ ေတာင္းခံထားတယ္”ဟု ၎က ဆက္လက္ ေျပာၾကားသည္။



ျဖဴးၿမိဳ႕နယ္ ရန္ကုန္- မႏၱေလး လမ္းေဟာင္း မိုင္တုိင္ အမွတ္ ၁၄၁ ျဖဴးၿမိဳ႕မေစ်းအနီး အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ တစ္စီး ရပ္တန္႔ထားေၾကာင္း သတင္းအရ ျဖဴးၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူမ်ားက သက္ေသမ်ားႏွင့္ သြားေရာက္ စစ္ေဆးရာမွ ျဖဴးၿမိဳ႕နယ္ ရြာသစ္ေက်းရြာေန အသက္ ၅၇ ႏွစ္အရြယ္ တပ္မေတာ္ တပ္ၾကပ္ႀကီး (ၿငိမ္း) ဦးေအာင္လြင္ဆိုသူပိုင္ ေမာ္ေတာ္ယာဥ္ျဖစ္ၿပီး တရားဝင္ အေထာက္အထားမ်ား ေတာင္းခံရာတြင္ ျပသႏိုင္ျခင္း မရွိသည့္အတြက္ သက္ေသခံ အျဖဴေရာင္ ဟြန္ဒါဖစ္ယာဥ္ႏွင့္အတူ ျဖဴးၿမိဳ႕မရဲစခန္းတြင္ သိမ္းဆည္း ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု အဆိုပါ ရဲစခန္းမွ သိရသည္။



တရားမဝင္ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္ လက္ဝယ္ ထားရွိသည္ဟုဆိုေသာ ဦးေအာင္လြင္ကို ျဖဴးၿမိဳ႕မ ရဲစခန္းက (ပ)၇၀၂ /၂၀၁၆၊ ပို႔ကုန္၊ သြင္းကုန္-၈ အရ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း အဆုိပါ ရဲစခန္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။
__________________________________________________________________________
#Unicode
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က တပ်ကြပ်အဆင့်ရှိ တပ်မတော်သား(အငြိမ်းစား) တစ်ဦးကို တရားဝင် မှတ်ပုံတင် မပါရှိသည့် အဖြူရောင် ဟွန်ဒါဖစ် မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှူး ဒုရဲမှူးစံလှက ပြောကြားသည်။



၁၉၉၀ ကျော်လောက်က တပ်မတော်ကနေ တပ်ကြပ်အဆင့်နဲ့ အငြိမ်းစား ယူခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဖြူးမြို့နယ် ရွာသစ် ကျေးရွာဘက်မှာ နေတယ်လို့ သိထားပြီး ကားနဲ ့ပတ်သက်တဲ့ အချက်အလက်တွေကို ကညနကို တင်ပြ တောင်းခံထားတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။



ဖြူးမြို့နယ် ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၄၁ ဖြူးမြို့မစျေးအနီး အဖြူရောင် မော်တော်ယာဉ် တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့် သွားရောက် စစ်ဆေးရာမှ ဖြူးမြို့နယ် ရွာသစ်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် တပ်မတော် တပ်ကြပ်ကြီး (ငြိမ်း) ဦးအောင်လွင်ဆိုသူပိုင် မော်တော်ယာဉ်ဖြစ်ပြီး တရားဝင် အထောက်အထားများ တောင်းခံရာတွင် ပြသနိုင်ခြင်း မရှိသည့်အတွက် သက်သေခံ အဖြူရောင် ဟွန်ဒါဖစ်ယာဉ်နှင့်အတူ ဖြူးမြို့မရဲစခန်းတွင် သိမ်းဆည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ရဲစခန်းမှ သိရသည်။



တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် လက်ဝယ် ထားရှိသည်ဟုဆိုသော ဦးအောင်လွင်ကို ဖြူးမြို့မ ရဲစခန်းက (ပ)၇၀၂ /၂၀၁၆၊ ပို့ကုန်၊ သွင်းကုန်-၈ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
#Credit The Voice
aung  yein chan

aung yein chan

Powered by Blogger.