#Zawgyi
ပါေမာကၡေဒါက္တာ ေအာင္ထြန္းသက္ (စီးပြားေရးပညာရွင္)
Multi-level Marketing (MLM) က ဘာ ေကာင္းက်ဳိးမွ မရွိဘူး။ ဆိုးက်ဳိးေတြပဲ ရွိတယ္။ ရွင္းရွင္း ေျပာရရင္ လူေတြကို လိုက္လိမ္ေနတာ။ Marketing လုပ္တာက တျခားနည္းေတြ အမ်ားႀကီး ရွိပါတယ္။ သီအိုရီအရ ေျပာရင္ ဒီစနစ္ကို ဆရာ လက္မခံဘူး။ စားသုံးသူကို ကုန္ပစၥည္း တိုက္႐ိုက္ ေရာင္းတယ္ဆိုတဲ့ Marketing စနစ္နဲ႔ သြားေရာလို႔ မရဘူး။ ဒီစနစ္က တစ္ဆင့္ခ်င္း သြားတယ္။ ဟိုးေအာက္ဆုံး ေနာက္ဆုံးအဆင့္က လူေတြက ခံရတာပဲ။ ဒီကိစၥကို ထိထိေရာက္ေရာက္ အေရးယူေပးဖို႔ လိုတယ္။ ခက္တာက ဆရာတို႔ ႏိုင္ငံမွာက ဥပေဒမွာ အားနည္းခ်က္ေတြ ရွိေနတာ။ အခုေခတ္မွာက အြန္လိုင္းေတြလည္း ေပၚလာၿပီး အလုပ္ မရွိသူတို႔ အိမ္မွာပဲ ေနရသူတို႔အတြက္ အြန္လိုင္းကေန စီးပြားေရး လုပ္လို႔ရတယ္။ ျမန္မာႏိုင္ငံက MLM က ေတာ္ေတာ္ႀကီးထြားေနၿပီ ဆရာ မႀကဳိက္ တာက မသိတဲ့၊ မရွိတဲ့လူေတြကို လိုက္လိမ္တာ မႀကဳိက္ဆုံးပဲ။ တတ္လိုသိလို႔ ခံရတာသူေတြကို ဆရာ မေျပာလိုဘူး။ ဒါေပမဲ့ အလိမ္ခံရတာကလည္း လိမ္တဲ့ သူတင္ မဟုတ္ဘူး အလိမ္ ခံရသူမွာလည္း အျပစ္ရွိတယ္။ အျခား ႏိုင္ငံေတြမွာလည္း MLM နဲ႔ပတ္သက္ၿပီး ေကာင္းတာ ဘာမွမရွိဘူး။ ဒီဟာက ဆင္းရဲတဲ့သူေတြအေပၚ ဝန္ထုပ္ဝန္ပိုး ပိုျဖစ္ေစတာပဲ ရွိတယ္။ MLM ကို ေကာင္းတာ ေျပာတဲ့သူေတြက သူတို႔ကို အားေပးတဲ့သူေတြ ေထာက္ခံတဲ့ သူေတြပဲ ရွိတယ္။ ဘာနဲ႔တူလဲ ဆိုေတာ့ ႏွစ္လုံးထီလိုပဲ။ ႏွစ္လုံးထီနဲ႔ ခ်မ္းသာသြားတဲ့သူ မရွိဘူး။ MLM မွာလည္း မြဲသြားတဲ့ သူေတြပဲ ရွိတယ္။ ဥပေဒ အတြက္က လႊတ္ေတာ္ေတြမွာ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေရးႀကီးအဆို တင္သြင္းဖို႔ ေမးခြန္းေတြ ေမးဖို႔ လိုေနၿပီ။ ျပည္ေထာင္စုအဆင့္ မဟုတ္ရင္ေတာင္ ရန္ကုန္တိုင္းက အေရးႀကီးအဆို တင္မွာဆိုရင္ အျခား ျပည္နယ္နဲ႔ တိုင္းေတြမွာ လိုက္ လုပ္လာမွာပဲ၊ အေရးယူမႈေတြ ထိထိေရာက္လုပ္ဖို႔ လုိေနၿပီ။
________________________________________________________________________
#Unicode
ပါမောက္ခဒေါက်တာ အောင်ထွန်းသက် (စီးပွားရေးပညာရှင်)
Multi-level Marketing (MLM) က ဘာ ကောင်းကျိုးမှ မရှိဘူး။ ဆိုးကျိုးတွေပဲ ရှိတယ်။ ရှင်းရှင်း ပြောရရင် လူတွေကို လိုက်လိမ်နေတာ။ Marketing လုပ်တာက တခြားနည်းတွေ အများကြီး ရှိပါတယ်။ သီအိုရီအရ ပြောရင် ဒီစနစ်ကို ဆရာ လက်မခံဘူး။ စားသုံးသူကို ကုန်ပစ္စည်း တိုက်ရိုက် ရောင်းတယ်ဆိုတဲ့ Marketing စနစ်နဲ့ သွားရောလို့ မရဘူး။ ဒီစနစ်က တစ်ဆင့်ချင်း သွားတယ်။ ဟိုးအောက်ဆုံး နောက်ဆုံးအဆင့်က လူတွေက ခံရတာပဲ။ ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုတယ်။ ခက်တာက ဆရာတို့ နိုင်ငံမှာက ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာ။ အခုခေတ်မှာက အွန်လိုင်းတွေလည်း ပေါ်လာပြီး အလုပ် မရှိသူတို့ အိမ်မှာပဲ နေရသူတို့အတွက် အွန်လိုင်းကနေ စီးပွားရေး လုပ်လို့ရတယ်။ မြန်မာနိုင်ငံက MLM က တော်တော်ကြီးထွားနေပြီ ဆရာ မကြိုက် တာက မသိတဲ့၊ မရှိတဲ့လူတွေကို လိုက်လိမ်တာ မကြိုက်ဆုံးပဲ။ တတ်လိုသိလို့ ခံရတာသူတွေကို ဆရာ မပြောလိုဘူး။ ဒါပေမဲ့ အလိမ်ခံရတာကလည်း လိမ်တဲ့ သူတင် မဟုတ်ဘူး အလိမ် ခံရသူမှာလည်း အပြစ်ရှိတယ်။ အခြား နိုင်ငံတွေမှာလည်း MLM နဲ့ပတ်သက်ပြီး ကောင်းတာ ဘာမှမရှိဘူး။ ဒီဟာက ဆင်းရဲတဲ့သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတာပဲ ရှိတယ်။ MLM ကို ကောင်းတာ ပြောတဲ့သူတွေက သူတို့ကို အားပေးတဲ့သူတွေ ထောက်ခံတဲ့ သူတွေပဲ ရှိတယ်။ ဘာနဲ့တူလဲ ဆိုတော့ နှစ်လုံးထီလိုပဲ။ နှစ်လုံးထီနဲ့ ချမ်းသာသွားတဲ့သူ မရှိဘူး။ MLM မှာလည်း မွဲသွားတဲ့ သူတွေပဲ ရှိတယ်။ ဥပဒေ အတွက်က လွှတ်တော်တွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်းဖို့ မေးခွန်းတွေ မေးဖို့ လိုနေပြီ။ ပြည်ထောင်စုအဆင့် မဟုတ်ရင်တောင် ရန်ကုန်တိုင်းက အရေးကြီးအဆို တင်မှာဆိုရင် အခြား ပြည်နယ်နဲ့ တိုင်းတွေမှာ လိုက် လုပ်လာမှာပဲ၊ အရေးယူမှုတွေ ထိထိရောက်လုပ်ဖို့ လိုနေပြီ။
#Credit The voice