Update News
recent

ဆြဲႀကိဳးခ် ေသဆုံးခဲ့သည့္ တစ္လမ္းတည္းေန အမ်ဳိးသားကဲ့သုိ႔ ေသဆုံးျပမည္ဟု ဇနီးႏွင့္ သမီးျဖစ္သူအား စေနာက္ခဲ့သူတစ္ဦး ဆြဲႀကိဳးခ် ေသဆုံးမႈျဖစ္ပြား


#Zawgyi
မဂၤလာဒံုၿမိဳ႕နယ္ ေပါက္ကုန္းရပ္ကြက္တြင္ ဆြဲႀကိဳးခ် ေသဆံုးခဲ့သည့္ တစ္လမ္းတည္းေန အမ်ဳိးသားတစ္ဦးကဲ့သို႔ ေသဆံုးျပမည္ဟု ဇနီးႏွင့္သမီး ျဖစ္သူအား စေနာက္ခဲ့သူတစ္ဦး အမွန္တကယ္ ဆြဲႀကိဳးခ် ေသဆံုးမႈျဖစ္ပြားခဲ့ေႀကာင္း စက္တင္ဘာ ၂၆ ရက္က ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ သိရသည္။

စက္တင္ဘာ ၂၅ ရက္ နံနက္ ၇ နာရီခန္႔ တြင္ မဂၤလာဒံုၿမိဳ႕နယ္ ေပါက္ကုန္းရပ္ကြက္ သုခိတာလမ္းသြယ္ရိွ ေနအိမ္တစ္အိမ္ေရွ႕ ဗန္ဒါပင္တြင္ အမ်ဳိးသားတစ္ဦး ဆြဲႀကိဳးခ် ေသဆံုးေၾကာင္း သတင္းရရိွသျဖင့္ သက္ဆိုင္ရာ တာ၀န္ရိွသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ေသဆံုးသူမွာ ယင္းလမ္းတြင္ ေနထိုင္သည့္ ကို.... (၂၅) ႏွစ္ ဆိုသူျဖစ္ေၾကာင္း သိရသည္။

ဆက္လက္ စစ္ေဆးရာ ေသဆံုးသူမွာ စက္တင္ဘာ ၂၄ ရက္ ည ၁၀ နာရီခန္႔တြင္ ေနအိမ္သို႔ အရက္ အလြန္အကြၽံေသာက္သံုး၍ ေရာက္ရိွလာၿပီး ပန္းကန္မ်ားအား ကန္ခဲ့ေၾကာင္း၊ ထိုသို႔ ကန္ခဲ့သည့္အတြက္ မိခင္ ျဖစ္သူမွ ဆူလိုက္သျဖင့္ ၎မွာ ေနအိမ္ေပၚရိွ အ၀တ္လွန္းႀကိဳးအားျဖဳတ္ကာ ေနအိမ္ေရွ႕သို႔ ဆင္းသြားၿပီး ေနာက္ေန႔နံနက္တြင္ ယင္းကဲ့သို႔ ဆြဲႀကိဳးခ် ေသဆံုးေနသည္ကို ေတြ႕ရိွခဲ့ရေၾကာင္း သိရသည္။

ယင္းသို႔ ကို.... (၂၅)  ႏွစ္ ဆြဲႀကိဳးခ် ေသဆံုးသည္ကို  တစ္လမ္းတည္းေန ဦး.... (၆၀ ႏွစ္) က ၎၏ ဇနီးႏွင့္ သမီးျဖစ္သူတို႔အား ထိုကဲ့သို႔ ဆြဲႀကိဳးခ် ေသဆံုးျပရမလားဟု ေနာက္ေျပာင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေနာက္ေျပာင္ခဲ့ၿပီးေနာက္ ယင္းေန႔ မြန္းလြဲ ၂ နာရီေက်ာ္တြင္ ေနအိမ္ေအာက္ထပ္၌ ဦး.... (၆၀ ႏွစ္) ၏ အသံမၾကားရသျဖင့္ ၎၏ဇနီးႏွင့္ သမီးျဖစ္သူတို႔က ေနအိမ္ေအာက္ထပ္သို႔ ဆင္းၾကည့္ရာ ဦး.... (၆၀) ႏွစ္မွာ စတီးေလွကား လက္ရန္းတြင္ ဆြဲႀကိဳးခ်ေသဆံုးေနသည္ကို ေတြ႕ရိွခဲ့ရေၾကာင္း သိရသည္။

ေသဆံုးသူ ဦး.... (၆၀) ႏွစ္မွာ အရက္ေသာက္စားတတ္သူ တစ္ဦးျဖစ္ကာ အစ အေနာက္သန္သူ တစ္ဦးျဖစ္ေၾကာင္း ရဲမႈခင္း မွတ္တမ္းမ်ားအရ သိရသည္။

“ပထမဆြဲႀကိဳးခ် ေသဆံုးတဲ့လူကလည္း အရက္ေၾကာင့္ေပါ့။ ေနာက္ ထပ္မံ ဆြဲႀကိဳးခ် ေသဆံုးတဲ့လူကလည္း အရက္ေသာက္တတ္ပါတယ္။ သူက ရပ္ကြက္ထဲမွာ ေနာက္ေျပာင္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူတစ္ဦး ျဖစ္ပါတယ္” ဟု မဂၤလာဒံုၿမိဳ႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးက ေျပာၾကားသည္။

အဆိုပါျဖစ္စဥ္ႏွစ္ခုအား မဂၤလာဒံုၿမိဳ႕မ ရဲစခန္းက ေသမႈေသခင္းျဖင့္ အမႈဖြင့္ထားၿပီး ဆက္လက္ စစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။    
_________________________________________________________________________
#Unicode
မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်တွင် ဆွဲကြိုးချ သေဆုံးခဲ့သည့် တစ်လမ်းတည်းနေ အမျိုးသားတစ်ဦးကဲ့သို့ သေဆုံးပြမည်ဟု ဇနီးနှင့်သမီး ဖြစ်သူအား စနောက်ခဲ့သူတစ်ဦး အမှန်တကယ် ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၂၅ ရက် နံနက် ရ နာရီခန့် တွင် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် သုခိတာလမ်းသွယ်ရှိ နေအိမ်တစ်အိမ်ရှေ့ ဗန်ဒါပင်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ယင်းလမ်းတွင် နေထိုင်သည့် ကို.... (၂၅) နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးရာ သေဆုံးသူမှာ စက်တင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်တွင် နေအိမ်သို့ အရက် အလွန်အကျွံသောက်သုံး၍ ရောက်ရှိလာပြီး ပန်းကန်များအား ကန်ခဲ့ကြောင်း၊ ထိုသို့ ကန်ခဲ့သည့်အတွက် မိခင် ဖြစ်သူမှ ဆူလိုက်သဖြင့် ၎င်းမှာ နေအိမ်ပေါ်ရှိ အဝတ်လှန်းကြိုးအားဖြုတ်ကာ နေအိမ်ရှေ့သို့ ဆင်းသွားပြီး နောက်နေ့နံနက်တွင် ယင်းကဲ့သို့ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းသို့ ကို.... (၂၅)  နှစ် ဆွဲကြိုးချ သေဆုံးသည်ကို  တစ်လမ်းတည်းနေ ဦး.... (၆၀ နှစ်) က ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူတို့အား ထိုကဲ့သို့ ဆွဲကြိုးချ သေဆုံးပြရမလားဟု နောက်ပြောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ နောက်ပြောင်ခဲ့ပြီးနောက် ယင်းနေ့ မွန်းလွဲ ၂ နာရီကျော်တွင် နေအိမ်အောက်ထပ်၌ ဦး.... (၆၀ နှစ်) ၏ အသံမကြားရသဖြင့် ၎င်း၏ဇနီးနှင့် သမီးဖြစ်သူတို့က နေအိမ်အောက်ထပ်သို့ ဆင်းကြည့်ရာ ဦး.... (၆၀) နှစ်မှာ စတီးလှေကား လက်ရန်းတွင် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူ ဦး.... (၆၀) နှစ်မှာ အရက်သောက်စားတတ်သူ တစ်ဦးဖြစ်ကာ အစ အနောက်သန်သူ တစ်ဦးဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

“ပထမဆွဲကြိုးချ သေဆုံးတဲ့လူကလည်း အရက်ကြောင့်ပေါ့။ နောက် ထပ်မံ ဆွဲကြိုးချ သေဆုံးတဲ့လူကလည်း အရက်သောက်တတ်ပါတယ်။ သူက ရပ်ကွက်ထဲမှာ နောက်ပြောင်ပြီး ပျော်ပျော်နေတတ်တဲ့သူတစ်ဦး ဖြစ်ပါတယ်” ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှစ်ခုအား မင်္ဂလာဒုံမြို့မ ရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။    
#Credit   Elevens News
aung  yein chan

aung yein chan

Powered by Blogger.