လမ္းေပၚတြင္ ေရခ်ိဳးအရြဲ႕တိုက္သည့္ ကရင္မိန္းကေလးေၾကာင့္ ခ႐ိုင္၀န္မွ လမ္းျပင္ရန္ အမိန္႔ထုတ္
#Zawgyi
ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္ မယ္လမတ္ၿမိဳ႕နယ္မွာ ပ်က္စီးေနတဲ့ လမ္းေပၚေရခ်ိဳးၿပီး အရြဲ႕တိုက္တဲ့ ကရင္မိန္းကေလးတဦးေၾကာင့္ ခ႐ိုင္၀န္မွ အဆိုပါလမ္းကို အျမန္ဆံုးျပဳျပင္ဖို႔ အမိန္႔ ထုတ္လုိက္တယ္လို႔ ေခါင္ဆြတ္ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။
မယ္လမတ္ၿမိဳ႕နယ္၊ ဖရထတ္ေက်းရြာအုပ္စု ဘန္႔တိန္ထတ္ရြာက အသက္ ၂၂ ႏွစ္ရြယ္ ပါရမီ ေခၚ နန္းေဆာင္အထိခ်ား ကုဆြန္တကြန္းဖတ္ ဆိုသူ မိန္းကေလးဟာ ဘန္ေကာက္မွာ အလုပ္သြားလုပ္ၿပီး ရြာအျပန္လမ္းမွာ ခ်ိဳင့္ခြက္ေတြ ျဖစ္ေနတာကို ေတြ႔တာေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ တိုင္ပင္ၿပီး ထဘီရင္ရွားနဲ႔ ခ်ိဳင့္ခြက္က ေရအိုင္ေလးမွာ ေရခ်ိဳးတဲ့ဓာတ္ပံု ႐ိုက္ကူးၿပီး လူမႈကြန္ရက္ကေနတဆင့္ သူ႔သူငယ္ခ်င္းနဲ႔ ကရင္လူမ်ိဳးအသိုင္းအ၀ိုင္းေတြၾကားမွာ ျဖန္႔ေ၀ခဲ့တာလို႔ သူမရဲ႕ အေဒၚျဖစ္သူက သတင္းေထာက္ကို ေျပာပါတယ္။
ခ်ိဳင့္ခြက္ေတြဟာ ရြာအ၀င္လမ္းမေပၚမွာရွိၿပီး ႏွစ္ေတြၾကာခဲ့ေပမယ့္ သက္ဆိုင္ရာက လာေရာက္ျပဳျပင္ေပးတာ မရွိေၾကာင္း၊ မေတာ္တဆထိခိုက္မႈလည္း မၾကာခဏ ျဖစ္ပြြားေလ့ရွိတယ္လို႔ ဆိုပါတယ္။
လမ္းေပၚေရခ်ိဳးေနတဲ့ပံု လူမႈကြန္ရက္မွာ ျပန္႔ၿပီးတဲ့ေနာက္ ေ၀ဖန္မႈေတြ ျမင့္တက္ၿပီး မၾကာခင္မွာပဲ ခ႐ိုင္၀န္မွ ေက်းရြာအုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္မႉးေတြကို ေခၚယူေမးျမန္းကာ အဆိုပါ လမ္းကို စစ္ေဆးၿပီး အျမန္ဆံုးျပဳျပင္ဖို႔ ညႊန္ၾကားလိုက္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
__________________________________________________________________________
#Unicode
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်မှာ ပျက်စီးနေတဲ့ လမ်းပေါ်ရေချိုးပြီး အရွဲ့တိုက်တဲ့ ကရင်မိန်းကလေးတဦးကြောင့် ခရိုင်ဝန်မှ အဆိုပါလမ်းကို အမြန်ဆုံးပြုပြင်ဖို့ အမိန့် ထုတ်လိုက်တယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မယ်လမတ်မြို့နယ်၊ ဖရထတ်ကျေးရွာအုပ်စု ဘန့်တိန်ထတ်ရွာက အသက် ၂၂ နှစ်ရွယ် ပါရမီ ခေါ် နန်းဆောင်အထိချား ကုဆွန်တကွန်းဖတ် ဆိုသူ မိန်းကလေးဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ပြီး ရွာအပြန်လမ်းမှာ ချိုင့်ခွက်တွေ ဖြစ်နေတာကို တွေ့တာကြောင့် သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ထဘီရင်ရှားနဲ့ ချိုင့်ခွက်က ရေအိုင်လေးမှာ ရေချိုးတဲ့ဓာတ်ပုံ ရိုက်ကူးပြီး လူမှုကွန်ရက်ကနေတဆင့် သူ့သူငယ်ချင်းနဲ့ ကရင်လူမျိုးအသိုင်းအဝိုင်းတွေကြားမှာ ဖြန့်ဝေခဲ့တာလို့ သူမရဲ့ အဒေါ်ဖြစ်သူက သတင်းထောက်ကို ပြောပါတယ်။
ချိုင့်ခွက်တွေဟာ ရွာအဝင်လမ်းမပေါ်မှာရှိပြီး နှစ်တွေကြာခဲ့ပေမယ့် သက်ဆိုင်ရာက လာရောက်ပြုပြင်ပေးတာ မရှိကြောင်း၊ မတော်တဆထိခိုက်မှုလည်း မကြာခဏ ဖြစ်ပွွားလေ့ရှိတယ်လို့ ဆိုပါတယ်။
လမ်းပေါ်ရေချိုးနေတဲ့ပုံ လူမှုကွန်ရက်မှာ ပြန့်ပြီးတဲ့နောက် ဝေဖန်မှုတွေ မြင့်တက်ပြီး မကြာခင်မှာပဲ ခရိုင်ဝန်မှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မှူးတွေကို ခေါ်ယူမေးမြန်းကာ အဆိုပါ လမ်းကို စစ်ဆေးပြီး အမြန်ဆုံးပြုပြင်ဖို့ ညွှန်ကြားလိုက်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
#Credit Mizzima