မဲသေဝါတိုက္ပဲြ ႏွစ္ဘက္ထိခိုက္ေသဆံုးမႈ ရိွ
#Zawgyi
ကရင္ျပည္နယ္ လွိဳင္းဘြဲျမိဳ႕နယ္ မဲသေ၀ါေဒသမွာ ခြဲထြက္ဒိီေကဘီိေအဘက္ကေန အေျချပဳထားတဲ့ တပ္စခမ္းေတြကို ျမန္မာ့တပ္ မေတာ္နဲ႕ နယ္ျခားေစာင့္တပ္BGF ပူးေပါင္းတပ္တို႕ကေန တိုက္ခိုက္သိမ္းပိုက္နိုင္ခဲ့ေပမယ့္ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြါးေနစဲလို႕ ႏွစ္ဖက္ တပ္ ဖြဲ႕တာ၀န္ရွိသူေတြကေျပာပါတယ္။ ဒီရက္ပိုင္းအတြင္း ျမန္မာ့တပ္မေတာ္ဘက္ကလဲ တပ္အင္အားတိုးခ်ဲ႕ေနရာယူမႈေတြရွိလာေန သလို ဒီေကဘီိေအဘက္က ေျပာက္က်ားစံနစ္နဲ႕ခုခံသြားမယ္လို႕လဲဆိုပါတယ္။ ဒီတိုက္ပြဲေၾကာင့္တိမ္းေရွာင္လာတဲ့ စစ္ေျပးဒုကၡ သည္ ဦးေရ(၄၀၀၀)အထိရွိလာျပီး စစ္ေဘးလြတ္ရာျမိဳင္ၾကီးငူေဒသမွာ ေသာင္တင္ေနဆဲျဖစ္ပါတယ္။ ထိုင္းအေျခစိုက္VOAသတင္း ေထာက္နိုင္ကြန္းအိမ္ကေန သတင္းေပးပို႕ထား ပါတယ္။
ျမန္မာ့တပ္မေတာ္နဲ႕ ကရင္နယ္ျခားေစာင့္တပ္ပူးေပါင္းအင္အားနဲ႕ထိုးစစ္ဆင္ေနမွဳေၾကာင့္ ကရင္ျပည္နယ္ မဲသေ၀ါေဒသက ခြဲထြက္ဒိီေကဘီေအ အဖြဲ႕ရဲ႕အထိုင္စခန္းေတြလက္လႊတ္ခဲ့ရေပမယ့္ အခုခ်ိန္ထိ တိုက္ပြဲျဖစ္ပြါးေနစဲလို႕ ဒီေကဘီေအျပန္ၾကားေရး အရာရွိ ဗိုလ္ၾကီးေစာရဲထက္ကေျပာပါတယ္။
“လက္ရွိရွိေနတဲ့ စခန္းေတြကေနၿပီးေတာ့ ဆုတ္ခြာၿပီးေတာ့ အနီးအနားပတ္၀န္းက်င္နဲ႔ က်ေနာ္တို႔ ထိန္းခ်ဳပ္နယ္ေျမေဒသ တခုလံုးမွာ တပ္ေတြျဖန္႔ ၿပီးေတာ့ က်ေနာ္တို႔ ေျပာက္က်ားနည္းဗ်ဴဟာနဲ႔ က်ေနာ္တို႔ စစ္ကစားပါတယ္။ ဒီေန႔မနက္ကတည္းကပစ္ၾကတယ္။ မေန႔ကလည္း လူအင္အားစုစုေပါင္း ၁၀ ေယာက္ေက်ာ္က်ဆံုးတယ္ဆိုၿပီး သတင္းရပါတယ္။ ဘယ္မွာပစ္တယ္ဆိုတာေတာ့ ေနရာအတည္တက်မရွိဘူး။”
မေန႕ကမနက္ပိုင္းမွာ ဒိီေကဘီေအအေျချပဳစခန္းေတြျဖစ္တဲ့ ရိကၡာကုန္း ၊ ဘုရားကုန္း၊ ၀ါးဘိုးေတာင္စခမ္း နဲ႕ ဗိုလ္ေက်ာ္သက္စခန္း စတဲ့ စခန္း(၄)ခုကို ျမန္မာ့တပ္မေတာ္နဲ႕ ကရင္နယ္ျခားေစာင့္တပ္တို႕ကေန သိမ္းပိုက္နိုင္ခဲ့တာပါ။
သိမ္းပိုက္ရရွိထားတဲ့ ဒီေကဘိီေအစခန္းေတြကို ျမန္မာ့တပ္မေတာ္နဲ႕ ကရင္နယ္ျခားေစာင့္တပ္တို႕ကေန အထိုင္ခ်ေနရာယူထား ျပီးေပမဲ့ ဒီေကဘီေအအဖြဲ႕ေတြနဲ႕ေတာ့ တိုက္ပြဲျဖစ္ပြါးေနဆဲလို႕ ကရင္နယ္ျခားေစာင့္တပ္ အမွတ္၁၀၁၇တပ္ရင္းက ဒုုရင္းမွဴး ဗိုလ္မွဴးေက်ာ္ေနာကေျပာပါတယ္။
“အဲဒီဘက္မွာေတာ့ ရိကၡာကုန္း တို႔ဘာတို႔က သူတို႔သိမ္းပိုက္ၿပီးေတာ့ ကိုင္ထားတာကို တပ္နဲ႔ BGF နဲ႔။ သူတို႔က်ေတာ့ အဲဒီတ၀ိုက္မွာ လက္ပစ္ဗံုးတို႔ဘာတို႔ ေျပာက္က်ားစနစ္နဲ႔ ျပန္ပစ္တာတို႔ေတာ့ ျပန္ရွိတာေပါ့။”
စက္တင္ဘာလ(၂)ရက္ေန႕ကေနစတင္ျဖစ္ပြါးခဲ့တဲ့ မဲသေ၀ါတိုက္ပြဲမွာ ထိခိုက္က်ဆုံးမွဳမ်ားျပားနေပမယ့္ အေရအတြက္ကိုေတာ့ အတည္မျပဳနိုင္ေသးပါဘူး။
လက္ရွိမွာျမန္မာ့တပ္မေတာ္ဘက္ကအင္အားျဖည့္တင္းျပီး ထပ္မံထိုးစစ္ဆင္လာေနသလို ေပၚတာအထမ္းသမားေတြကိုလဲ အဓမၼဖမ္းဆီးေနတယ္လို႕ ဒီေကဘီေအဘက္ကစြပ္စြဲေျပာဆိုပါတယ္။
“တပ္မေတာ္ဘက္ကဆိုရင္ တပ္ရင္း ၇ ရင္း ဗ်ဴဟာ၂ ခုထပ္ၿပီးေတာ့ အင္အားတိုးလာတယ္။ တပ္မေတာ္က ဒီေပၚတာ ဆြဲတဲ့အေနအထားရွိတယ္ နယ္ေျမ ၄ ခုမွာေပါ့ေနာ္ ။ အခုမြန္ျပည္နယ္ က်ိဳက္ေကာ္မွာ မေန႔ကဆိုရင္ ေပၚတာဆြဲတယ္၊ မေန႔ညကပဲ ျမိဳင္ႀကီးငူေဒသဘက္မွာ ကေလာ့ေထာ့ရြာ၊ တမုသားရြာ၊ ေနာက္ မအဲရြာ အဲဒီမွာေတြ သူတို႔ ေပၚတာဆြဲတယ္။”
ဒါေပမယ့္ ျမိဳင္ႀကီးငူေဒသအတြင္း ေပၚတာ၀န္ထမ္းဖမ္းဆီးတဲ့သတင္းဟာ တပ္မေတာ္ကေန စစ္ေၾကာင္းခ်ီတက္တဲ့ လမ္းေၾကာမွာ ေဒသခံရြာသားေတြပုန္းေရွာင္တာျဖစ္တယ္လို႕ ျမိဳင္ၾကီးငူေဒသခံ ေစတနာ၀န္ထမ္းကိုေက်ာ္ေလးကဆိုပါတယ္။
“ရဲေဘာ္ေတြ ေပၚတာဖမ္းတာေတာ့မဟုတ္ပါဘူး ဘာျဖစ္တာလဲဆိုေတာ့ ရဲေဘာ္ေတြတအားတက္လာတဲ့အခါက်ေတာ့ စိုးရိမ္လို႔ ေရွာင္တိမ္းေနတာပါ။ ေတာင္စြန္းရြာ၊ မအဲရြာ၊ ကမြတ္လဲရြာတို႔ မွာ တိမ္းေရွာင္ေနတာပါ။ အင္အားကေတာ့ ကား ၁၉ စီးတက္လာတာပါ ၁၇ ရက္ေန႔က တက္လာတာ ။ ရဲေဘာ္ေတြ တစီးကို ၂၀-၃၀ ေလာက္ေတာ့ပါတယ္။”
မဲသေ၀ါေဒသတိုက္ပြဲေၾကာင့္ မဲသေ၀ါေဒသရြာေပါင္း(၂၀)ကရြာသား(၄၀၀၀)ေက်ာ္ဟာ ျမိဳင္ၾကီးငူေဒသဘက္ကို တိမ္းေရွာင္ေန ရသလို သူတို႕ရဲ႕ေနထိုင္စားေသာက္ေရးအတြက္ အစိုးရအပါအ၀င္အနယ္နယ္အရပ္ရပ္ကေစတနာရွင္ေတြကေန လာေရာက္ အကူညီေပးေဆာင္ေနၾကပါတယ္။
ကရင္ျပည္နယ္အစိုးရအေနနဲ႕အစားအေသာက္ အ၀တ္အထည္နဲ႕ က်န္းမာေရးေစာင့္ေရွာက္မွဳေတြ ေပးေဆာင္ေနတယ္လို႕ သာသနာေရး၀န္ၾကီး ဦးမင္းတင္၀င္းကအခုလိုေျပာပါတယ္။
“က်န္းမာေရးကိစၥေတြ သူတို႔မွာေတာ့ ေဆးရံုရွိေနၿပီးသားေလ က်ေနာ္တို႔ ဒီကေနၿပီးေတာ့ ဆရာ၊ ဆရာမ အလွည့္က်လႊတ္ထားေပးတယ္။ စားဖို႔အတြက္ဆန္မျပတ္ေအာင္လည္း က်ေနာ္တို႔လုပ္ေပးတယ္။ သူတို႔က သတ္သတ္လြတ္ပဲ ျမိဳင္ၾကီးငူေဒသမွာ စားရတာကို ဆိုေတာ့ က်ေနာ္တို႔က ဆန္၊စားစရာ။ ေနာက္တခုက ခုနေျပာတဲ့ က်န္းမာေရး၊ ေဆး ေနာက္တခုက အ၀တ္အစား”
စက္တင္ဘာလဆန္းကေန ဒီကေန႕အထိျဖစ္ပြါးေနဆဲမဲသေ၀ါတိုက္ပြဲအတြင္း ႏွစ္ဖက္တပ္ေတြထိခိုက္မွဳမ်ားျပားေနသလို စစ္ေဘးေရွာင္ရြာသားတဦးလဲ ေျမျမဳတ္ဗံုးနင္းမိတာေၾကာင့္ ေသဆုံးမွဳျဖစ္ပြါးခဲ့ပါတယ္။
ကရင္ျပည္နယ္ မဲသေ၀ါေဒသအတြင္းျဖစ္ပြါးေနတဲ့တိုက္ပြဲနဲ႕ပက္သက္လို႕ KNU ေခၚကရင္အမ်ိဳးသားအစည္းရံုးကလည္း တိုက္ပြဲ ရပ္တန္႕ေပးဖို႕စက္တင္ဘာ(၁၃)ရက္ေန႕က ေၾကညာခ်က္ထုတ္ျပန္ေတာင္းဆိုထားပါတယ္။
မဲသေ၀ါေဒသတိုက္ပြဲျဖစ္ပြါးမႈနဲ႕ပတ္သက္လို႕ ဒီေကဘီေအတပ္ေတြအေနနဲ႕ တပ္မေတာ္စစ္ေၾကာင္းနဲ႕ နယ္ျခားေစာင့္တပ္စခမ္း ေတြကို လက္နက္ၾကီးေတြနဲ႕ပစ္ခတ္ျခင္း မိုင္းေထာင္ေဖါက္ခြဲတိုက္ခိုက္ျခင္းေတြဆက္တိုက္လုပ္ေဆာင္ေနတာေၾကာင့္ တပ္မ ေတာ္ကေန ဝါးဘိုးေတာင္-က်ဳံေထာ္နယ္ေျမႏွင့္ မဲသေဝါနယ္ေျမသို႔ အကန္႔အသတ္ရည္မွန္းခ်က္သတ္မွတ္ေပးျပီး တပ္သြင္း ရွင္း လင္းေစရာမွာ စက္တင္ဘာလ ၁၅ ရက္အထိ တိုက္ပြဲ ၁၃ ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႕ ျမန္မာ့တပ္မေတာ္ကေန စက္တင္ဘာ(၁၆) ရက္စြဲနဲ႕ သတင္းထုတ္ျပန္ ထားပါတယ္။
__________________________________________________________________________
#Unicode
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသမှာ ခွဲထွက်ဒိီကေဘီိအေဘက်ကနေ အခြေပြုထားတဲ့ တပ်စခမ်းတွေကို မြန်မာ့တပ် မတော်နဲ့ နယ်ခြားစောင့်တပ်BGF ပူးပေါင်းတပ်တို့ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေစဲလို့ နှစ်ဖက် တပ် ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်ဘက်ကလဲ တပ်အင်အားတိုးချဲ့နေရာယူမှုတွေရှိလာနေ သလို ဒီကေဘီိအေဘက်က ပြောက်ကျားစံနစ်နဲ့ခုခံသွားမယ်လို့လဲဆိုပါတယ်။ ဒီတိုက်ပွဲကြောင့်တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခ သည် ဦးရေ(၄၀၀၀)အထိရှိလာပြီး စစ်ဘေးလွတ်ရာမြိုင်ကြီးငူဒေသမှာ သောင်တင်နေဆဲဖြစ်ပါတယ်။ ထိုင်းအခြေစိုက်VOAသတင်း ထောက်နိုင်ကွန်းအိမ်ကနေ သတင်းပေးပို့ထား ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်ပူးပေါင်းအင်အားနဲ့ထိုးစစ်ဆင်နေမှုကြောင့် ကရင်ပြည်နယ် မဲသဝေါဒေသက ခွဲထွက်ဒိီကေဘီအေ အဖွဲ့ရဲ့အထိုင်စခန်းတွေလက်လွှတ်ခဲ့ရပေမယ့် အခုချိန်ထိ တိုက်ပွဲဖြစ်ပွါးနေစဲလို့ ဒီကေဘီအေပြန်ကြားရေး အရာရှိ ဗိုလ်ကြီးစောရဲထက်ကပြောပါတယ်။
“လက်ရှိရှိနေတဲ့ စခန်းတွေကနေပြီးတော့ ဆုတ်ခွာပြီးတော့ အနီးအနားပတ်ဝန်းကျင်နဲ့ ကျနော်တို့ ထိန်းချုပ်နယ်မြေဒေသ တခုလုံးမှာ တပ်တွေဖြန့် ပြီးတော့ ကျနော်တို့ ပြောက်ကျားနည်းဗျူဟာနဲ့ ကျနော်တို့ စစ်ကစားပါတယ်။ ဒီနေ့မနက်ကတည်းကပစ်ကြတယ်။ မနေ့ကလည်း လူအင်အားစုစုပေါင်း ၁၀ ယောက်ကျော်ကျဆုံးတယ်ဆိုပြီး သတင်းရပါတယ်။ ဘယ်မှာပစ်တယ်ဆိုတာတော့ နေရာအတည်တကျမရှိဘူး။”
မနေ့ကမနက်ပိုင်းမှာ ဒိီကေဘီအေအခြေပြုစခန်းတွေဖြစ်တဲ့ ရိက္ခာကုန်း ၊ ဘုရားကုန်း၊ ၀ါးဘိုးတောင်စခမ်း နဲ့ ဗိုလ်ကျော်သက်စခန်း စတဲ့ စခန်း(၄)ခုကို မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကနေ သိမ်းပိုက်နိုင်ခဲ့တာပါ။
သိမ်းပိုက်ရရှိထားတဲ့ ဒီကေဘိီအေစခန်းတွေကို မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကနေ အထိုင်ချနေရာယူထား ပြီးပေမဲ့ ဒီကေဘီအေအဖွဲ့တွေနဲ့တော့ တိုက်ပွဲဖြစ်ပွါးနေဆဲလို့ ကရင်နယ်ခြားစောင့်တပ် အမှတ်၁၀၁၇တပ်ရင်းက ဒုုရင်းမှူး ဗိုလ်မှူးကျော်နောကပြောပါတယ်။
“အဲဒီဘက်မှာတော့ ရိက္ခာကုန်း တို့ဘာတို့က သူတို့သိမ်းပိုက်ပြီးတော့ ကိုင်ထားတာကို တပ်နဲ့ BGF နဲ့။ သူတို့ကျတော့ အဲဒီတဝိုက်မှာ လက်ပစ်ဗုံးတို့ဘာတို့ ပြောက်ကျားစနစ်နဲ့ ပြန်ပစ်တာတို့တော့ ပြန်ရှိတာပေါ့။”
စက်တင်ဘာလ(၂)ရက်နေ့ကနေစတင်ဖြစ်ပွါးခဲ့တဲ့ မဲသဝေါတိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုများပြားနပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာမြန်မာ့တပ်မတော်ဘက်ကအင်အားဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်လာနေသလို ပေါ်တာအထမ်းသမားတွေကိုလဲ အဓမ္မဖမ်းဆီးနေတယ်လို့ ဒီကေဘီအေဘက်ကစွပ်စွဲပြောဆိုပါတယ်။
“တပ်မတော်ဘက်ကဆိုရင် တပ်ရင်း ရ ရင်း ဗျူဟာ၂ ခုထပ်ပြီးတော့ အင်အားတိုးလာတယ်။ တပ်မတော်က ဒီပေါ်တာ ဆွဲတဲ့အနေအထားရှိတယ် နယ်မြေ ၄ ခုမှာပေါ့နော် ။ အခုမွန်ပြည်နယ် ကျိုက်ကော်မှာ မနေ့ကဆိုရင် ပေါ်တာဆွဲတယ်၊ မနေ့ညကပဲ မြိုင်ကြီးငူဒေသဘက်မှာ ကလော့ထော့ရွာ၊ တမုသားရွာ၊ နောက် မအဲရွာ အဲဒီမှာတွေ သူတို့ ပေါ်တာဆွဲတယ်။”
ဒါပေမယ့် မြိုင်ကြီးငူဒေသအတွင်း ပေါ်တာဝန်ထမ်းဖမ်းဆီးတဲ့သတင်းဟာ တပ်မတော်ကနေ စစ်ကြောင်းချီတက်တဲ့ လမ်းကြောမှာ ဒေသခံရွာသားတွေပုန်းရှောင်တာဖြစ်တယ်လို့ မြိုင်ကြီးငူဒေသခံ စေတနာဝန်ထမ်းကိုကျော်လေးကဆိုပါတယ်။
“ရဲဘော်တွေ ပေါ်တာဖမ်းတာတော့မဟုတ်ပါဘူး ဘာဖြစ်တာလဲဆိုတော့ ရဲဘော်တွေတအားတက်လာတဲ့အခါကျတော့ စိုးရိမ်လို့ ရှောင်တိမ်းနေတာပါ။ တောင်စွန်းရွာ၊ မအဲရွာ၊ ကမွတ်လဲရွာတို့ မှာ တိမ်းရှောင်နေတာပါ။ အင်အားကတော့ ကား ၁၉ စီးတက်လာတာပါ ၁၇ ရက်နေ့က တက်လာတာ ။ ရဲဘော်တွေ တစီးကို ၂၀-၃၀ လောက်တော့ပါတယ်။”
မဲသဝေါဒေသတိုက်ပွဲကြောင့် မဲသဝေါဒေသရွာပေါင်း(၂၀)ကရွာသား(၄၀၀၀)ကျော်ဟာ မြိုင်ကြီးငူဒေသဘက်ကို တိမ်းရှောင်နေ ရသလို သူတို့ရဲ့နေထိုင်စားသောက်ရေးအတွက် အစိုးရအပါအဝင်အနယ်နယ်အရပ်ရပ်ကစေတနာရှင်တွေကနေ လာရောက် အကူညီပေးဆောင်နေကြပါတယ်။
ကရင်ပြည်နယ်အစိုးရအနေနဲ့အစားအသောက် အဝတ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဆောင်နေတယ်လို့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းကအခုလိုပြောပါတယ်။
“ကျန်းမာရေးကိစ္စတွေ သူတို့မှာတော့ ဆေးရုံရှိနေပြီးသားလေ ကျနော်တို့ ဒီကနေပြီးတော့ ဆရာ၊ ဆရာမ အလှည့်ကျလွှတ်ထားပေးတယ်။ စားဖို့အတွက်ဆန်မပြတ်အောင်လည်း ကျနော်တို့လုပ်ပေးတယ်။ သူတို့က သတ်သတ်လွတ်ပဲ မြိုင်ကြီးငူဒေသမှာ စားရတာကို ဆိုတော့ ကျနော်တို့က ဆန်၊စားစရာ။ နောက်တခုက ခုနပြောတဲ့ ကျန်းမာရေး၊ ဆေး နောက်တခုက အဝတ်အစား”
စက်တင်ဘာလဆန်းကနေ ဒီကနေ့အထိဖြစ်ပွါးနေဆဲမဲသဝေါတိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေထိခိုက်မှုများပြားနေသလို စစ်ဘေးရှောင်ရွာသားတဦးလဲ မြေမြုတ်ဗုံးနင်းမိတာကြောင့် သေဆုံးမှုဖြစ်ပွါးခဲ့ပါတယ်။
ကရင်ပြည်နယ် မဲသဝေါဒေသအတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲနဲ့ပက်သက်လို့ KNU ခေါ်ကရင်အမျိုးသားအစည်းရုံးကလည်း တိုက်ပွဲ ရပ်တန့်ပေးဖို့စက်တင်ဘာ(၁၃)ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။
မဲသဝေါဒေသတိုက်ပွဲဖြစ်ပွါးမှုနဲ့ပတ်သက်လို့ ဒီကေဘီအေတပ်တွေအနေနဲ့ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်တပ်စခမ်း တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း မိုင်းထောင်ဖေါက်ခွဲတိုက်ခိုက်ခြင်းတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် တပ်မ တော်ကနေ ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေသို့ အကန့်အသတ်ရည်မှန်းချက်သတ်မှတ်ပေးပြီး တပ်သွင်း ရှင်း လင်းစေရာမှာ စက်တင်ဘာလ ၁၅ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့တပ်မတော်ကနေ စက်တင်ဘာ(၁၆) ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။
#Credit VOA