တရားစြဲမခံရေတာ့တဲ့ ေဖြးေဖြး
#Zawgyi
ေၾကာ္ျငာ႐ိုက္ကူးရန္ ပ်က္ကြက္ခဲ့ေသာ သ႐ုပ္ေဆာင္ ေဖြးေဖြးကို ဥပေဒေၾကာင္းအရ တရားစြဲဆုိျခင္းႏွင့္ နစ္နာေၾကး ေတာင္းဆိုျခင္းမ်ား ျပဳလုပ္မည္မဟုတ္ေၾကာင္း ဒါ႐ိုက္တာစင္ ေရာ္ေမာင္ေမာင္က ေျပာၾကားသည္။
‘‘ေရွ႕ပိုင္းေသြးပူေနတဲ့အခ်ိန္မွာ မိမိရဲ႕ ဂုဏ္သိကၡာအတြက္ လုပ္တာျဖစ္ပါတယ္။ မီဒီယာအေပၚတင္တယ္။ ႐ုပ္ရွင္အစည္း အ႐ံုးကို စာတင္တယ္။ ေငြေၾကးရလိုျခင္းေၾကာင့္ မဟုတ္ပါဘူး’’ဟု အဆုိပါကိစၥျဖစ္ပြားအခ်ိန္က လူမႈကြန္ရက္စာမ်က္ႏွာေပၚသို႔ ေဖာ္ျပခဲ့သည့္အေၾကာင္းအရာႏွင့္ပတ္ သက္၍ ၎က ေျပာ သည္။ထို႔အျပင္ ၎အေနျဖင့္ သ႐ုပ္ေဆာင္ေဖြးေဖြးႏွင့္ အႏု ပညာေလာကသားအခ်င္းခ်င္း ေနာက္ပိုင္းတြင္လည္း ျပန္လည္ ဆံုေတြ႕ႏုိင္ေသာေၾကာင့္ ယင္းကဲ့သို႔ ဆံုးျဖတ္ျခင္းျဖစ္သည္ဟု စင္ေရာ္ေမာင္ေမာင္က ဆုိသည္။
ေၾကာ္ျငာ႐ိုက္ကူးရန္ ေဖြးေဖြးထံ စရန္ေငြအျဖစ္ ေပးအပ္ထားေသာ ေငြက်ပ္သိန္းႏွစ္ဆယ္ကိုလည္း ျပန္လည္ေတာင္းယူ မည္မဟုတ္သကဲ့သို႔ ေဖြးေဖြးႏွင့္ ေၾကာ္ျငာ႐ိုက္ကူးရန္ ေစာင့္ ဆုိင္းခဲ့ရေသာေၾကာင့္ ကုန္က်သည့္စရိတ္မ်ားကိုလည္း ျပန္လည္ေတာင္းယူေတာ့မဟုတ္ေၾကာင္း ဒါ႐ိုက္တာစင္ေရာ္ ေမာင္ေမာင္က ေျပာၾကားသည္။
ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္သည္ သ႐ုပ္ေဆာင္ေဖြးေဖြးကို စက္တင္ဘာ ၁၂ ရက္တြင္ Miniso စတုိးဆိုင္ဖြင့္ပြဲတက္ေရာက္ရန္ႏွင့္ ေၾကာ္ျငာ႐ိုက္ကူးရန္ ကမ္းလွမ္းခဲ့ျခင္း ျဖစ္ၿပီး စရန္ေငြအျဖစ္ ေငြက်ပ္သိန္းႏွစ္ဆယ္ ေပးအပ္ခဲ့ျခင္းျဖစ္သည္။အဆိုပါကိစၥႏွင့္ပတ္သက္၍ ႐ုပ္ရွင္အစည္းအ႐ံုးတြင္ စက္တင္ဘာ ၁၉ ရက္က ေဖြးေဖြးႏွင့္ေတြ႕ဆံုရန္ စီစဥ္ခဲ့ေသာ္လည္း ေဖြးေဖြးကိုယ္တိုင္ လာေရာက္ႏုိင္ျခင္းမရွိဘဲ ေဖြးေဖြး၏ မိခင္သာ လာေရာက္ခဲ့ေၾကာင္း ၎ကဆိုသည္။
သုိ႔ေသာ္လည္း ေၾကာ္ျငာ႐ိုက္ကူးမည့္ေန႔တြင္ ေဖြးေဖြး ဘက္က ေၾကာ္ျငာ႐ိုက္ကူးရန္ ပ်က္ကြက္ခဲ့ေသာေၾကာင့္ ႐ုပ္ရွင္အစည္းအ႐ံုးမွတစ္ဆင့္ အေရးယူေပးရန္ တုိင္ၾကားခဲ့ျခင္းျဖစ္ သည္။
__________________________________________________________________________
#Unicode
ကြော်ငြာရိုက်ကူးရန် ပျက်ကွက်ခဲ့သော သရုပ်ဆောင် ဖွေးဖွေးကို ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းနှင့် နစ်နာကြေး တောင်းဆိုခြင်းများ ပြုလုပ်မည်မဟုတ်ကြောင်း ဒါရိုက်တာစင် ရော်မောင်မောင်က ပြောကြားသည်။
‘‘ရှေ့ပိုင်းသွေးပူနေတဲ့အချိန်မှာ မိမိရဲ့ ဂုဏ်သိက္ခာအတွက် လုပ်တာဖြစ်ပါတယ်။ မီဒီယာအပေါ်တင်တယ်။ ရုပ်ရှင်အစည်း အရုံးကို စာတင်တယ်။ ငွေကြေးရလိုခြင်းကြောင့် မဟုတ်ပါဘူး’’ဟု အဆိုပါကိစ္စဖြစ်ပွားအချိန်က လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ဖော်ပြခဲ့သည့်အကြောင်းအရာနှင့်ပတ် သက်၍ ၎င်းက ပြော သည်။ထို့အပြင် ၎င်းအနေဖြင့် သရုပ်ဆောင်ဖွေးဖွေးနှင့် အနု ပညာလောကသားအချင်းချင်း နောက်ပိုင်းတွင်လည်း ပြန်လည် ဆုံတွေ့နိုင်သောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု စင်ရော်မောင်မောင်က ဆိုသည်။
ကြော်ငြာရိုက်ကူးရန် ဖွေးဖွေးထံ စရန်ငွေအဖြစ် ပေးအပ်ထားသော ငွေကျပ်သိန်းနှစ်ဆယ်ကိုလည်း ပြန်လည်တောင်းယူ မည်မဟုတ်သကဲ့သို့ ဖွေးဖွေးနှင့် ကြော်ငြာရိုက်ကူးရန် စောင့် ဆိုင်းခဲ့ရသောကြောင့် ကုန်ကျသည့်စရိတ်များကိုလည်း ပြန်လည်တောင်းယူတော့မဟုတ်ကြောင်း ဒါရိုက်တာစင်ရော် မောင်မောင်က ပြောကြားသည်။
ဒါရိုက်တာစင်ရော်မောင်မောင်သည် သရုပ်ဆောင်ဖွေးဖွေးကို စက်တင်ဘာ ၁၂ ရက်တွင် Miniso စတိုးဆိုင်ဖွင့်ပွဲတက်ရောက်ရန်နှင့် ကြော်ငြာရိုက်ကူးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး စရန်ငွေအဖြစ် ငွေကျပ်သိန်းနှစ်ဆယ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးတွင် စက်တင်ဘာ ၁၉ ရက်က ဖွေးဖွေးနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ဖွေးဖွေးကိုယ်တိုင် လာရောက်နိုင်ခြင်းမရှိဘဲ ဖွေးဖွေး၏ မိခင်သာ လာရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။
သို့သော်လည်း ကြော်ငြာရိုက်ကူးမည့်နေ့တွင် ဖွေးဖွေး ဘက်က ကြော်ငြာရိုက်ကူးရန် ပျက်ကွက်ခဲ့သောကြောင့် ရုပ်ရှင်အစည်းအရုံးမှတစ်ဆင့် အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ် သည်။
#Credit 7Days