Update News
recent

အၾကမ္းဖက္ လုပ္ရပ္ျဖစ္သည့္ နယူးေယာက္တြင္ ေပါက္ကြဲမႈ ျဖစ္ခဲ့ျခင္းက ေပါင္းအိုးမီးဖိုျဖင့္ ဗုံးေထာင္ေဖာက္ခဲြခဲ့ျခင္းျဖစ္


#Zawgyi
 နယူးေယာက္တြင္ စက္တင္ဘာ ၁၇ ရက္က ျဖစ္ပြားသည့္ ဗုံးေထာင္ေဖာက္ခြဲမႈ ႏွစ္ရပ္စလုံးသည္ ၂၀၁၃ ခုႏစ္က ေဘာ့စတြန္မာရာသြန္ၿပိဳင္ပြဲ ေဖာက္ခြဲမႈတြင္ အသုံးျပဳသည့္ နည္းလမ္းအတိုင္း ဗုံးဆန္မ်ား ေပါင္းအိုးမီးဖိုအတြင္း ျဖည့္သိပ္ကာ ေဖာက္ခြဲမႈျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုခဲယမ္းျဖည့္ ေပါင္းအိုးျဖင့္ ေခါက္ဖုန္းႏွင့္ ခရစၥမတ္မီးသီးမ်ားကို အသုံးျပဳကာ ေဖာက္ခြဲေရးပစၥည္းျဖင့္ တီထြင္လုပ္ေဆာင္ထားျခင္းျဖစ္ေၾကာင္း ထိပ္တန္းဥပေဒတာဝန္ရွိသူတစ္ဦးကို ကိုးကားလ်က္ နယူးေယာက္တိုင္းမ္စ္တြင္ ေဖာ္ျပသည္။

မန္ဟတ္တန္ရွိ ခ်ယ္စီးအရပ္တြင္ ယင္းေပါင္းအိုးဗုံးျဖင့္ ေဖာက္ခြဲမႈ၌ လူေပါင္း ၂၉ ဦး ဒဏ္ရာရသည္။ ထိုေဖာက္ခြဲမႈက အၾကမ္းဖက္လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း ေဖာက္ခြဲသည့္ ရည္ရြယ္ခ်က္ကုိ မသိရေၾကာင္း တာဝန္ရွိသူမ်ားကဆိုသည္။

ခ်ယ္စီးအရပ္ ေပါက္ကြဲႏွင့္ လမ္းေလးလမ္းအကြာတြင္လည္း ေပါင္းအိုးဗုံး ေထာင္ထားသည္ကို ေတြ႔ရွိၿပီး ေဘးကင္းစြာ ဖယ္ရွားလိုက္ႏုိင္သည္။

အဆိုပါ ဗုံးႏွစ္လုံးႏွင့္ ကြဲျပားသည့္ လက္လုပ္ပိုက္ျပြန္ဗုံးတစ္လုံးလည္း စက္တင္ဘာ ၁၈ အေစာပိုင္းက နယူးဂ်ာစီတြင္ ေပါက္ကြဲမႈျဖစ္ခဲ့ေသာ္လည္း ယင္းေပါက္ကြဲမႈတြင္ ထိခုိက္ဒဏ္ရာရသူမရွိေၾကာင္း နယူးေယာက္ၿမိဳ႕ေတာ္ဝန္ အင္ဒ႐ူးေကာ္မိုက ေျပာသည္။

ေတြ႔ရွိသည့္ ေပါင္းအိုးဗုံးကို စက္တင္ဘာ ၁၈ ရက္က ရဲဌာနက ထိန္းခ်ဳပ္ေဖာက္ခြဲကာ ဖ်က္စီးပစ္ခဲ့ျခင္းျဖစ္သည္။
__________________________________________________________________________
#Unicode
 နယူးယောက်တွင် စက်တင်ဘာ ၁၇ ရက်က ဖြစ်ပွားသည့် ဗုံးထောင်ဖောက်ခွဲမှု နှစ်ရပ်စလုံးသည် ၂၀၁၃ ခုနစ်က ဘော့စတွန်မာရာသွန်ပြိုင်ပွဲ ဖောက်ခွဲမှုတွင် အသုံးပြုသည့် နည်းလမ်းအတိုင်း ဗုံးဆန်များ ပေါင်းအိုးမီးဖိုအတွင်း ဖြည့်သိပ်ကာ ဖောက်ခွဲမှုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုခဲယမ်းဖြည့် ပေါင်းအိုးဖြင့် ခေါက်ဖုန်းနှင့် ခရစ္စမတ်မီးသီးများကို အသုံးပြုကာ ဖောက်ခွဲရေးပစ္စည်းဖြင့် တီထွင်လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ထိပ်တန်းဥပဒေတာဝန်ရှိသူတစ်ဦးကို ကိုးကားလျက် နယူးယောက်တိုင်းမ်စ်တွင် ဖော်ပြသည်။

မန်ဟတ်တန်ရှိ ချယ်စီးအရပ်တွင် ယင်းပေါင်းအိုးဗုံးဖြင့် ဖောက်ခွဲမှု၌ လူပေါင်း ၂၉ ဦး ဒဏ်ရာရသည်။ ထိုဖောက်ခွဲမှုက အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ဖောက်ခွဲသည့် ရည်ရွယ်ချက်ကို မသိရကြောင်း တာဝန်ရှိသူများကဆိုသည်။

ချယ်စီးအရပ် ပေါက်ကွဲနှင့် လမ်းလေးလမ်းအကွာတွင်လည်း ပေါင်းအိုးဗုံး ထောင်ထားသည်ကို တွေ့ရှိပြီး ဘေးကင်းစွာ ဖယ်ရှားလိုက်နိုင်သည်။

အဆိုပါ ဗုံးနှစ်လုံးနှင့် ကွဲပြားသည့် လက်လုပ်ပိုက်ပြွန်ဗုံးတစ်လုံးလည်း စက်တင်ဘာ ၁၈ အစောပိုင်းက နယူးဂျာစီတွင် ပေါက်ကွဲမှုဖြစ်ခဲ့သော်လည်း ယင်းပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း နယူးယောက်မြို့တော်ဝန် အင်ဒရူးကော်မိုက ပြောသည်။

တွေ့ရှိသည့် ပေါင်းအိုးဗုံးကို စက်တင်ဘာ ၁၈ ရက်က ရဲဌာနက ထိန်းချုပ်ဖောက်ခွဲကာ ဖျက်စီးပစ်ခဲ့ခြင်းဖြစ်သည်။
#Credit  Mizzima
aung  yein chan

aung yein chan

Powered by Blogger.