Update News
recent

ေစ်းကြက္အတြင္း ေရာင္းခ်ေနသည့္ ႏႈတ္ခမ္းနီမ်ားကို နမူနာယူ စစ္ေဆးရာ အခ်ဳိ႕ေသာ ႏႈတ္ခမ္းနီမ်ားတြင္ ခြင့္မျပဳဆိုးေဆး Rhodamine B အသံုးျပဳထားေၾကာင္း စစ္ေဆးေတြ႕ရွိ


#Zawgyi
ေစ်းကြက္အတြင္း ေရာင္းခ်ေနသည့္ ႏႈတ္ခမ္းနီမ်ားကို နမူနာယူစစ္ေဆးရာ အခ်ဳိ႕ေသာ ႏႈတ္ခမ္းနီမ်ားတြင္ ခြင့္မျပဳဆိုးေဆး Rhodamine B အသံုးျပဳထားေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္ဟု အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ (တိုင္းေဒသႀကီး/ ျပည္နယ္) ေဒါက္တာခင္ခ်စ္၏ ေျပာၾကားခ်က္ အရ သိရသည္။

“ေစ်းကြက္မွာ ေရာင္းေနတဲ့ မည္သည့္အလွကုန္ပစၥည္းမဆို နမူနာယူ ဓာတ္ခြဲစစ္ေဆးမႈေတြ လုပ္ပါတယ္။ အခုဆိုရင္ ႏႈတ္ခမ္းနီေတြမွာ ခြင့္မျပဳဆိုးေဆးေတြ ပါေနတာ ေတြ႕ေနရတယ္။ ဒါ့အျပင္ ႏႈတ္ခမ္းနီကို အေရာင္လွဖို႔နဲ႔ ၾကာၾကာခံေအာင္ ခဲလို႔ေခၚတဲ့ Lead ေတြကို ထည့္ပါတယ္။ အဲဒါေတြက Inorganic Compounds ေတြျဖစ္ၿပီးေတာ့ သံုးစြဲမိသူေတြအတြက္ အႏၲရာယ္ အရမ္းႀကီးပါတယ္။ အလွကုန္ေတြကို စစ္တဲ့ေနရာမွာ ဓာတ္ခြဲခန္းေတြမွာ နမူနာယူၿပီး စစ္သလို Mobile Lab ေတြနဲ႔ ေစ်းကြက္ထဲအထိ ဆင္းၿပီး Test Kits ေတြနဲ႔ အရင္ဆံုးပါလား၊ မပါဘူးလား စမ္းတယ္။ တခ်ဳိ႕ေသာ ႏႈတ္ခမ္းနီေတြကို ၀ယ္လိုက္ရင္ အေရာင္ေတြ အရမ္းေတာက္ေနတာမ်ဳိးေတြ ေတြ႕သလို အနံ႔ကိုၾကည့္လိုက္ရင္လည္း မေကာင္းပါဘူး။ ဒီပစၥည္းေတြမွာ အေရာင္ေတြကို ဘာေတြမ်ား ထည့္ထားသလဲ စမ္းပါတယ္။ ျမန္မာႏုိင္ငံမွာ Rhodamine B ကို အမ်ားဆံုး သံုးတာေတြ႕ရတယ္။ ဒီဆိုးေဆးက ေစ်းလည္း ေပါတယ္၊ ခ်ည္ထည္ေတြကို သံုးတဲ့အခါမွာ ဆိုးတဲ့ ဆိုးေဆးလည္း ျဖစ္တယ္။ အစားအေသာက္ေတြမွာလည္း ဒီဆိုးေဆးကို သံုးတာမ်ားပါတယ္” ဟု ေဒါက္တာခင္ခ်စ္က ဆိုသည္။

အစားအေသာက္မ်ားတြင္လည္း ခြင့္မျပဳဆိုးေဆး Rhodamine B အသံုးျပဳသည္ကို ေတြ႕ရေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ အမ်ားဆံုး ေတြ႕ရွိရေသာ ခြင့္မျပဳဆိုးေဆးမ်ားမွာ Auramine O, Rhodamine B, Sudan Dyes, Orange II တို႔ျဖစ္ေၾကာင္းႏွင့္ ထိုခြင့္မျပဳဆိုးေဆးမ်ားသည္ အစာအိမ္ အူလမ္းေၾကာင္း ေရာင္ရမ္းျခင္း၊ ပ်ဳိ႕ျခင္း၊ အန္ျခင္း၊ ဦးေႏွာက္အာ႐ံုေၾကာ ထိုင္းမႈိင္းျခင္းစေသာ လတ္တေလာ ဆိုးက်ဳိးမ်ား ျဖစ္ေပၚေစၿပီး ေရရွည္တြင္ ခႏၶာကိုယ္ ႀကီးထြားမႈကို ထိခိုက္ေစျခင္း၊ အသည္းႏွင့္ ေက်ာက္ကပ္မ်ား ပ်က္စီးျခင္းႏွင့္ ကင္ဆာေရာဂါမ်ားကို ျဖစ္ေပၚေစႏုိင္ေၾကာင္း အစားအေသာက္ႏွင့္ ေဆး၀ါးဌာန၏ ေျပာၾကားခ်က္အရ သိရသည္။

Auramine O (အ၀ါေရာင္) ကို ခ်ည္၊ သိုးေမြး၊ ပိုးထည္၊ စကၠဴ၊ သားေရမ်ားကို အေရာင္ဆိုးရာတြင္ အသံုးျပဳရျခင္းျဖစ္ၿပီး လက္ဖက္၊ ပဲႀကီးေလွာ္၊ မွ်စ္မ်ားတြင္ အမ်ားဆံုး အသံုးျပဳေနသည္ကို ေတြ႕ရေၾကာင္း၊ Rhodamine B (အနီေရာင္/ပန္းေရာင္) ကို ေရာဂါ ရွာေဖြရာတြင္ အသံုးျပဳသည့္ ဓာတ္ခြဲခန္းသံုး ဆိုးေဆးတစ္မ်ဳိးျဖစ္ၿပီး ခ်ည္၊ သိုးေမြး၊ ပိုးထည္၊ စကၠဴ၊ သားေရမ်ား အေရာင္ဆိုးရာတြင္လည္း အသံုးျပဳေၾကာင္း၊ Sudan Dyes (အနီေရာင္) သည္ ဖိနပ္၊ သားေရမ်ားကို အေရာင္ဆိုးေသာ ဆိုးေဆးျဖစ္ၿပီး ယင္းကို င႐ုတ္သီးမႈန္႔၊ အေရာင္တင္မႈန္႔မ်ားတြင္ အမ်ားဆံုး အသံုးျပဳေနေၾကာင္းႏွင့္ OrangeII (လိေမၼာ္ေရာင္)ကို ခ်ည္၊ သိုးေမြးမ်ားကို အေရာင္ဆိုးရာတြင္ အသံုးျပဳရျခင္းျဖစ္ၿပီး ယင္းကို င႐ုတ္သီးမႈန္႔၊ ယိုစံု၊ ပဲနီေလးစသည္တို႔တြင္ အေရာင္လွေစရန္ ရည္ရြယ္ကာ အသံုးျပဳေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆိုးေဆးမ်ားတြင္ သဘာ၀ဆိုးေဆး (Natural Food Dyes) ႏွင့္ ဓာတုဆိုးေဆး (Artificial Dyes) ဟူ၍ ရွိေသာ္လည္း သဘာ၀ဆိုးေဆးမွာ ထုတ္လုပ္ရန္ ခက္ခဲျခင္း၊ ကုန္က်စရိတ္ မ်ားျပားျခင္းတို႔ေၾကာင့္ အသံုးမျပဳၾကဘဲ ကုန္က်စရိတ္ သက္သာၿပီးတြက္ ေျခကိုက္သည့္ ဓာတုဆိုးေဆးမ်ားကိုသာ အသံုးျပဳမႈ မ်ားရျခင္းျဖစ္ေၾကာင္း၊ အလွကုန္ပစၥည္း ဓာတ္ခြဲစစ္ေဆးမႈမ်ားကို ေနျပည္ေတာ္ရွိ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာန၌ပင္ အမ်ားဆံုး စစ္ေဆးႏုိင္ေၾကာင္း သိရသည္။
_________________________________________________________________________
#Unicode
စျေးကွက်အတွင်း ရောင်းချနေသည့် နှုတ်ခမ်းနီများကို နမူနာယူစစ်ဆေးရာ အချို့သော နှုတ်ခမ်းနီများတွင် ခွင့်မပြုဆိုးဆေး Rhodamine B အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းဒေသကြီး/ ပြည်နယ်) ဒေါက်တာခင်ချစ်၏ ပြောကြားချက် အရ သိရသည်။

“စျေးကွက်မှာ ရောင်းနေတဲ့ မည်သည့်အလှကုန်ပစ္စည်းမဆို နမူနာယူ ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်ပါတယ်။ အခုဆိုရင် နှုတ်ခမ်းနီတွေမှာ ခွင့်မပြုဆိုးဆေးတွေ ပါနေတာ တွေ့နေရတယ်။ ဒါ့အပြင် နှုတ်ခမ်းနီကို အရောင်လှဖို့နဲ့ ကြာကြာခံအောင် ခဲလို့ခေါ်တဲ့ Lead တွေကို ထည့်ပါတယ်။ အဲဒါတွေက Inorganic Compounds တွေဖြစ်ပြီးတော့ သုံးစွဲမိသူတွေအတွက် အန္တရာယ် အရမ်းကြီးပါတယ်။ အလှကုန်တွေကို စစ်တဲ့နေရာမှာ ဓာတ်ခွဲခန်းတွေမှာ နမူနာယူပြီး စစ်သလို Mobile Lab တွေနဲ့ စျေးကွက်ထဲအထိ ဆင်းပြီး Test Kits တွေနဲ့ အရင်ဆုံးပါလား၊ မပါဘူးလား စမ်းတယ်။ တချို့သော နှုတ်ခမ်းနီတွေကို ၀ယ်လိုက်ရင် အရောင်တွေ အရမ်းတောက်နေတာမျိုးတွေ တွေ့သလို အနံ့ကိုကြည့်လိုက်ရင်လည်း မကောင်းပါဘူး။ ဒီပစ္စည်းတွေမှာ အရောင်တွေကို ဘာတွေများ ထည့်ထားသလဲ စမ်းပါတယ်။ မြန်မာနိုင်ငံမှာ Rhodamine B ကို အများဆုံး သုံးတာတွေ့ရတယ်။ ဒီဆိုးဆေးက စျေးလည်း ပေါတယ်၊ ချည်ထည်တွေကို သုံးတဲ့အခါမှာ ဆိုးတဲ့ ဆိုးဆေးလည်း ဖြစ်တယ်။ အစားအသောက်တွေမှာလည်း ဒီဆိုးဆေးကို သုံးတာများပါတယ်” ဟု ဒေါက်တာခင်ချစ်က ဆိုသည်။

အစားအသောက်များတွင်လည်း ခွင့်မပြုဆိုးဆေး Rhodamine B အသုံးပြုသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရှိရသော ခွင့်မပြုဆိုးဆေးများမှာ Auramine O, Rhodamine B, Sudan Dyes, Orange II တို့ဖြစ်ကြောင်းနှင့် ထိုခွင့်မပြုဆိုးဆေးများသည် အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းစသော လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ရေရှည်တွင် ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပေါ်စေနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးဌာန၏ ပြောကြားချက်အရ သိရသည်။

Auramine O (အဝါရောင်) ကို ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်ပြီး လက်ဖက်၊ ပဲကြီးလှော်၊ မျှစ်များတွင် အများဆုံး အသုံးပြုနေသည်ကို တွေ့ရကြောင်း၊ Rhodamine B (အနီရောင်/ပန်းရောင်) ကို ရောဂါ ရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးတစ်မျိုးဖြစ်ပြီး ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများ အရောင်ဆိုးရာတွင်လည်း အသုံးပြုကြောင်း၊ Sudan Dyes (အနီရောင်) သည် ဖိနပ်၊ သားရေများကို အရောင်ဆိုးသော ဆိုးဆေးဖြစ်ပြီး ယင်းကို ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်များတွင် အများဆုံး အသုံးပြုနေကြောင်းနှင့် OrangeII (လိမ္မော်ရောင်)ကို ချည်၊ သိုးမွေးများကို အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်ပြီး ယင်းကို ငရုတ်သီးမှုန့်၊ ယိုစုံ၊ ပဲနီလေးစသည်တို့တွင် အရောင်လှစေရန် ရည်ရွယ်ကာ အသုံးပြုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုးဆေးများတွင် သဘာဝဆိုးဆေး (Natural Food Dyes) နှင့် ဓာတုဆိုးဆေး (Artificial Dyes) ဟူ၍ ရှိသော်လည်း သဘာဝဆိုးဆေးမှာ ထုတ်လုပ်ရန် ခက်ခဲခြင်း၊ ကုန်ကျစရိတ် များပြားခြင်းတို့ကြောင့် အသုံးမပြုကြဘဲ ကုန်ကျစရိတ် သက်သာပြီးတွက် ခြေကိုက်သည့် ဓာတုဆိုးဆေးများကိုသာ အသုံးပြုမှု များရခြင်းဖြစ်ကြောင်း၊ အလှကုန်ပစ္စည်း ဓာတ်ခွဲစစ်ဆေးမှုများကို နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ပင် အများဆုံး စစ်ဆေးနိုင်ကြောင်း သိရသည်။
#Credit Elevens New
aung  yein chan

aung yein chan

Powered by Blogger.