Update News
recent

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် PDF ဖေ့စ်ဘွတ်ခ်တွင် ထုတ်ပြန်


#Zawgyi






__________________________________________________________________________
#Unicode
တက္ကသိုလ်ဝင်ခွင့်စာမေး ပွဲ အောင်မြင်သူများအတွက် အ ဆင့်မြင့်ပညာဦးစီးဌာနက ထုတ် ဝေသည့် ၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ် (PDF)ကို ပညာ ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ သြဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။


၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ကို ပညာရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာ Ministry of Education, Myanmar (https://www.facebook. com/moe.gov.mm/?fref=ts) တွင် သြဂုတ် ၂၉ ရက်က ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူများ၏ တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာများကို ပညာ ရေးတက္ကသိုလ်အားကစားခန်းမ ၌ သြဂုတ် ၁၈ ရက်တွင် စတင် လက်ခံလျက်ရှိပြီး သြဂုတ် ၃၁ ရက်အထိ ပိတ်ရက်မရှိ ရုံးချိန်အ တွင်း လာရောက်လျှောက်ထား နိုင်ကြောင်း အဆင့်မြင့်ပညာဦး စီးဌာန (ရန်ကုန်ရုံးခွဲ)က ကြေညာ သည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့စာမေး ပွဲဖြေဆိုကြသည့် သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အ မှတ်စာရင်း၊ အရည်အချင်း မှတ် တမ်းစာချုပ်ရမှတ်အဆင့်၊ တက္က သိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် လျှောက်လွှာပုံစံအိတ်ကို သြဂုတ် ၁၇ ရက်မှစ၍ ကိုယ်တိုင်ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ် ရာတွင် တက္ကသိုလ်အလိုက် လျှောက်ထားသည့် ကျောင်းသား များကို တက္ကသိုလ်မှ လက်ခံနိုင် သည့် အရေအတွက်အတိုင်း တက္ကသိုလ်စာမေးပွဲရမှတ်များအ ပေါ် အဓိကအခြေခံသည့် ယှဉ် ပြိုင်စနစ်ဖြင့် ဦးရေစိစစ်၍ ၀င်ခွင့် လက်ခံမည်ဖြစ်ကြောင်း တက္က သိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအ ဖွဲ့က ကြေညာထားသည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေး ပွဲကို တစ်နိုင်ငံလုံးမှ ၀င်ရောက် ဖြေဆိုသူ ခြောက်သိန်းကျော်အ နက် နှစ်သိန်းခန့်အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်း များအရ သိရသည်။
#Credit   7Days
aung  yein chan

aung yein chan

Related Posts:

Powered by Blogger.