Update News
recent

ထပ္ေဆာင္းဝန္ေဆာင္မႈအခ်ိဳ႕ေၾကာင့္ ဖုန္းဘီလ္ျဖတ္ေတာက္ခံရမႈ MPT ျပန္ျဖည့္ေပးမည္ဟုဆို


#Zawgyi
 ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း(MPT)၏ ထပ္ေဆာင္း ဝန္ေဆာင္မႈအခ်ိဳ႕ေၾကာင့္ အလို အေလ်ာက္ ဖုန္းဘီလ္ျဖတ္ေတာက္ မႈမ်ားအတြက္ သံုးစြဲသူမ်ားအား ဖုန္းဘီလ္ျပန္လည္ျဖည့္သြင္းေပး မည္ဟု သတင္းရရွိသည္။

MPT ဆင္းမ္ကတ္အသံုးျပဳ သူမ်ားသည္ ထပ္ေဆာင္း ဝန္ ေဆာင္မႈမ်ား မယူထားဘဲ ဝန္ ေဆာင္ခေပးေနရျခင္းျဖစ္စဥ္မ်ား ေပၚေပါက္ခဲ့၍ ျဖတ္ေတာက္ခံရ သူမ်ားအား ဖုန္းဘီလ္ျပန္လည္ ျဖည့္သြင္းေပးမည္ဟု ျမန္မာ့ဆက္ သြယ္ေရးလုပ္ငန္းက ၾသဂုတ္ ၂၉ ရက္တြင္ သတင္းထုတ္ျပန္သည္။

‘‘ရယူထားျခင္း မရွိတ့ဲ ဝန္ ေဆာင္မႈမ်ားအတြက္၊ ဝန္ေဆာင္ ခေပးခဲ့ရတဲ့ သံုးစြဲသူမ်ားအတြက္ ဖုန္းေငြျပန္လည္ျဖည့္သြင္းေပးဖုိ႔ ကို အျမန္ဆံုးေဆာင္ရြက္သြားႏုိင္ ဖို႔ အခ်ိန္နဲ႔ တစ္ေျပးညီလုပ္ေဆာင္ ေနပါတယ္။ အခုျဖစ္ရပ္အတြက္ သံုးစြဲသူေတြ အဆင္မေျပမႈေတြ ျဖစ္ေပၚခဲ့တဲ့အေပၚ ကြၽန္ေတာ္တို႔ MPT အေနနဲ႔ အႏူးအၫႊတ္ေတာင္း ပန္ပါတယ္။ အနာဂတ္မွာ အလားတူျဖစ္ရပ္မ်ိဳး ထပ္မံျဖစ္ပြားျခင္း မရွိေအာင္လည္း ကြၽန္ေတာ္တို႔ ဘက္က ေဆာင္ရြက္ေနပါၿပီ’’ဟု MPT ၏ စီးပြားေရးဆိုင္ရာ အရာရွိခ်ဳပ္မစၥတာ Koichi Kawase က ေျပာသည္။


MPT ၏ ထပ္ေဆာင္းဝန္ ေဆာင္မႈမ်ားမွတစ္ဆင့္ ဖုန္းဘီလ္ မွားယြင္းျဖတ္ေတာက္မႈမ်ားအ တြက္ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ ေနၿပီး ျဖတ္ေတာက္ခံခဲ့ရသည့္ သံုးစြဲသူမ်ားအား ၾသဂုတ္ ၂၉ ရက္မွ စတင္ကာ တစ္ပတ္အတြင္း ဖုန္းဘီလ္ျပန္လည္ျဖည့္သြင္းေပး မည္ဟု သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ဖုန္းဘီလ္အလိုအေလ်ာက္ ျဖတ္ေတာက္ခံရျခင္း ရွိ၊ မရွိႏွင့္ ဖုန္းဘီလ္ျပန္လည္ျဖည့္သြင္းေပး  မႈအေျခအေနမ်ားကို MPT ၏ လိုတရဝက္ဘ္ဆိုက္ http:// lotayamm.mm မွ အဆင့္ဆင့္ စစ္ေဆးမႈျပဳလုပ္ႏုိင္ေၾကာင္း သိရသည္။

ဖုန္းဘီလ္ ျပန္လည္ျဖည့္ သြင္းျခင္းကို ခ်က္ခ်င္းသိရွိႏုိင္မည္ မဟုတ္ဘဲ MPT ၏ GSM/WCDMA အသံုးျပဳသူမ်ားသည္ လိုတရဝက္ဘ္ဆိုက္စာမ်က္ႏွာသို႔ လည္းေကာင္း၊ CDMA အသံုးျပဳ သူမ်ားသည္ Call Center နံပါတ္ ၁၀၆ သို႔လည္းေကာင္း ဆက္ သြယ္ႏိုင္မည္ျဖစ္ေၾကာင္း သတင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
__________________________________________________________________________
#Unicode
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)၏ ထပ်ဆောင်း ဝန်ဆောင်မှုအချို့ကြောင့် အလို အလျောက် ဖုန်းဘီလ်ဖြတ်တောက် မှုများအတွက် သုံးစွဲသူများအား ဖုန်းဘီလ်ပြန်လည်ဖြည့်သွင်းပေး မည်ဟု သတင်းရရှိသည်။

MPT ဆင်းမ်ကတ်အသုံးပြု သူများသည် ထပ်ဆောင်း ဝန် ဆောင်မှုများ မယူထားဘဲ ဝန် ဆောင်ခပေးနေရခြင်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့၍ ဖြတ်တောက်ခံရ သူများအား ဖုန်းဘီလ်ပြန်လည် ဖြည့်သွင်းပေးမည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက သြဂုတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

‘‘ရယူထားခြင်း မရှိတဲ့ ဝန် ဆောင်မှုများအတွက်၊ ဝန်ဆောင် ခပေးခဲ့ရတဲ့ သုံးစွဲသူများအတွက် ဖုန်းငွေပြန်လည်ဖြည့်သွင်းပေးဖို့ ကို အမြန်ဆုံးဆောင်ရွက်သွားနိုင် ဖို့ အချိန်နဲ့ တစ်ပြေးညီလုပ်ဆောင် နေပါတယ်။ အခုဖြစ်ရပ်အတွက် သုံးစွဲသူတွေ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ကျွန်တော်တို့ MPT အနေနဲ့ အနူးအညွှတ်တောင်း ပန်ပါတယ်။ အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိအောင်လည်း ကျွန်တော်တို့ ဘက်က ဆောင်ရွက်နေပါပြီ’’ဟု MPT ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ်မစ္စတာ Koichi Kawase က ပြောသည်။


MPT ၏ ထပ်ဆောင်းဝန် ဆောင်မှုများမှတစ်ဆင့် ဖုန်းဘီလ် မှားယွင်းဖြတ်တောက်မှုများအ တွက် စုံစမ်းစစ်ဆေးမှုများပြုလုပ် နေပြီး ဖြတ်တောက်ခံခဲ့ရသည့် သုံးစွဲသူများအား သြဂုတ် ၂၉ ရက်မှ စတင်ကာ တစ်ပတ်အတွင်း ဖုန်းဘီလ်ပြန်လည်ဖြည့်သွင်းပေး မည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖုန်းဘီလ်အလိုအလျောက် ဖြတ်တောက်ခံရခြင်း ရှိ၊ မရှိနှင့် ဖုန်းဘီလ်ပြန်လည်ဖြည့်သွင်းပေး  မှုအခြေအနေများကို MPT ၏ လိုတရဝက်ဘ်ဆိုက် http:// lotayamm.mm မှ အဆင့်ဆင့် စစ်ဆေးမှုပြုလုပ်နိုင်ကြောင်း သိရသည်။

ဖုန်းဘီလ် ပြန်လည်ဖြည့် သွင်းခြင်းကို ချက်ချင်းသိရှိနိုင်မည် မဟုတ်ဘဲ MPT ၏ GSM/WCDMA အသုံးပြုသူများသည် လိုတရဝက်ဘ်ဆိုက်စာမျက်နှာသို့ လည်းကောင်း၊ CDMA အသုံးပြု သူများသည် Call Center နံပါတ် ၁၀၆ သို့လည်းကောင်း ဆက် သွယ်နိုင်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
#Credit  7Days
aung  yein chan

aung yein chan

Powered by Blogger.