ထုိင္းနယ္စပ္ဂိတ္သံုးခုတြင္ ယေန႔မွစ၍ E-visa ျဖင့္ ခြင့္ျပဳသြားမည္
#Zawgyi
ျမန္မာႏွင့္ထုိင္း ႏွစ္ႏိုင္ငံၾကားရွိ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ တာခ်ီလိတ္၊ ျမဝတီႏွင့္ ေကာ့ ေသာင္းတို႔မွတစ္ဆင့္ ျပည္တြင္း သို႔ လာေရာက္လည္ပတ္ေသာ ႏုိင္ငံျခားသားခရီးသြား ဧည့္သည္ မ်ားကို စက္တင္ဘာ ၁ ရက္(ယ ေန႔)မွ စတင္၍ E-visa ျဖင့္ ေလွ်ာက္ထားႏုိင္ရန္ ခြင့္ျပဳေပး မည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ခရီး သြားလာေရးဝန္ႀကီးဌာနမွ သ တင္းရရွိသည္။
‘‘ထုိင္းဘက္က နယ္စပ္ဂိတ္ သံုးခုကေန လာၿပီး လည္ပတ္တဲ့ ခရီးသြားဧည့္သည္ေတြကို စက္ တင္ဘာ ၁ ရက္ကစၿပီး E-Visa နဲ႔ ေလွ်ာက္ထားၿပီး လာေရာက္ လည္ပတ္ႏိုင္ဖို႔အတြက္ ခြင့္ျပဳေပး သြားမွာျဖစ္ၿပီး Visa ေလွ်ာက္ထား မႈအတြက္ လိုအပ္တဲ့ လုပ္ငန္းေတြ အတြက္ လဝက ဘက္ကေန ေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါ တယ္’’ဟု ဟိုတယ္ႏွင့္ ခရီးသြား လာေရးဝန္ႀကီးဌာန သတင္းႏွင့္ ျပန္ၾကားေရးဌာနမွ ၫႊန္ၾကားေရး မွဴး ဦးျမင့္ေထြးက ေျပာသည္။
ျမန္မာႏုိင္ငံသို႔ လာေရာက္ လည္ပတ္သည့္ ႏိုင္ငံျခားသားခရီး သြားဧည့္သည္မ်ားအတြက္ အြန္ လိုင္းေပၚမွ ေလွ်ာက္ထားႏိုင္သည့္ E-Visaစနစ္ကို ၂၀၁၄ စက္တင္ဘာ ၁ ရက္တြင္ စတင္ခြင့္ျပဳေပးခဲ့ၿပီး ယခင္က ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔ရွိ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မ်ားတြင္သာ ခြင့္ျပဳထားခဲ့ေသာ္လည္း ယခုႏွစ္၌ ထိုင္းနယ္စပ္ဂိတ္သံုးခု တြင္ တိုးခ်ဲ႕ခြင့္ျပဳလိုက္ျခင္းျဖစ္ ေၾကာင္း သိရသည္။
၂၀၁၆ ဇန္နဝါရီမွ ဇြန္လအ တြင္း ျပည္တြင္းသို႔ လာေရာက္ လည္ပတ္ေသာ ႏိုင္ငံျခားသားခရီးသြားဧည့္သည္ ၂ ဒသမ ၁ သန္းေက်ာ္ရွိၿပီး ၇၁ ရာခိုင္ႏႈန္းသည္ နယ္စပ္ေဒသမ်ားမွ တစ္ဆင့္ ဝင္ေရာက္ျခင္းျဖစ္ေၾကာင္း ဟိုတယ္ ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ၏စာရင္းမ်ားအရ သိရသည္။
_________________________________________________________________________
#Unicode
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကြားရှိ နယ်စပ်ဂိတ်များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့ သောင်းတို့မှတစ်ဆင့် ပြည်တွင်း သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် များကို စက်တင်ဘာ ၁ ရက်(ယ နေ့)မှ စတင်၍ E-visa ဖြင့် လျှောက်ထားနိုင်ရန် ခွင့်ပြုပေး မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။
‘‘ထိုင်းဘက်က နယ်စပ်ဂိတ် သုံးခုကနေ လာပြီး လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကို စက် တင်ဘာ ၁ ရက်ကစပြီး E-Visa နဲ့ လျှောက်ထားပြီး လာရောက် လည်ပတ်နိုင်ဖို့အတွက် ခွင့်ပြုပေး သွားမှာဖြစ်ပြီး Visa လျှောက်ထား မှုအတွက် လိုအပ်တဲ့ လုပ်ငန်းတွေ အတွက် လဝက ဘက်ကနေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်’’ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနမှ ညွှန်ကြားရေး မှူး ဦးမြင့်ထွေးက ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီး သွားဧည့်သည်များအတွက် အွန် လိုင်းပေါ်မှ လျှောက်ထားနိုင်သည့် E-Visaစနစ်ကို ၂၀၁၄ စက်တင်ဘာ ၁ ရက်တွင် စတင်ခွင့်ပြုပေးခဲ့ပြီး ယခင်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင်သာ ခွင့်ပြုထားခဲ့သော်လည်း ယခုနှစ်၌ ထိုင်းနယ်စပ်ဂိတ်သုံးခု တွင် တိုးချဲ့ခွင့်ပြုလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
၂၀၁၆ ဇန်နဝါရီမှ ဇွန်လအ တွင်း ပြည်တွင်းသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည် ၂ ဒသမ ၁ သန်းကျော်ရှိပြီး ရ၁ ရာခိုင်နှုန်းသည် နယ်စပ်ဒေသများမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၏စာရင်းများအရ သိရသည်။
#Credit 7Days