Update News
recent
မကွေးမြို့ မှာ တုတ် ၊ ဓား လက်နက်များ ကိုင်ဆောင်ကာ လမ်းသွားလမ်းလာ ဆိုင်ကယ်များအား တားဆီး၍ ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ လူတစ်စု ဖမ်းဆီးမိ
#Zawgyi
ဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးမှ တရားခံများအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်ညွန်ကြားမှုဖြင့် မကွေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်သက်အောင်စိုး၊ ဒုရဲအုပ်သိန်းနိုင်ဝင်း၊ ရဲဒုတပ်ကြပ် နိုင်ဦး၊ရဲတပ်သားဝဏ္ဏမင်းထက်တို့သည် မကွေးမြို့မရဲစခန်းမှူးဒုရဲမှူးစိန်အောင်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ သတင်းများစုဆောင်းရှာဖွေပြီး စုံစမ်းရာ မကွေးမြို့၊ စိုက်ပျိုးရေးဝင်းအတွင်းနေ ဦးအောင်နိုင်၏သား ဥာဏ်လင်းအောင် ပါဝင်ကြောင်း သတင်းအရခေါ်ယူစစ်ဆေးရာမှ တရားခံများကို အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်မှာ မကွေးမြို့၊ နတ်မောက်လမ်း၊ စိုက်ပျိုးရေးဝင်းအတွင်းနေ ---
၁။ ဥာဏ်လင်းအောင်(သ)၂၃နှစ်(ဖ)ဦးအောင်နိုင်၊ ဆီစက်လုပ်သား။
__________________________________________________________________________
#Unicode
၂၀၁၆ခုနှစ် သြဂုတ်လ ၃၁ ရက်နေ ့ ည ၈ နာရီ အချိန်ခန် ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ တောင်တွင်းလမ်းနှင့် မြင်းကင်းလမ်းထောင့် ဗိဿနိုးအဆောင်ရှေ့တွင် လူတစ်စုမှ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ကာ လမ်းသွားလမ်းလာ ဆိုင်ကယ်များအား တားဆီး၍ ခြိမ်းခြောက်ငွေတောင်းခံ ခဲ့ကြောင်း သိရသည်။
ဦးအောင်ဘုန်းမြင့်ကြည်၏ ဆိုင်ကယ်ကို ရပ်တန့်ပြီး လူ(၇)ဦးမှ ဝိုင်းကာ ခြိမ်းခြောက်ပြီး ငွေတောင်းနေစဉ် ဦးအောင်ဘုန်းမြင့်ကြည်၏ သူငယ်ချင်းများ ရောက်လာသဖြင့် လူ(၇)ဦးမှာ ၂၆ယ/၉၃၇၅၄ နံပါတ်ပါ ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်(၃)စီးဖြင့် ထွက်ပြေးသွားသဖြင့် ဦးအောင်ဘုန်းမြင့်ကြည်မှ တရားလိုပြုလုပ်တိုင်တန်းရာ မကွေးမြို့မ ရဲစခန်း(ပ)၁၇၄၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် လက်ခံအမှုဖွင့်အရေးယူ ခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးမှ တရားခံများအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်ညွန်ကြားမှုဖြင့် မကွေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်သက်အောင်စိုး၊ ဒုရဲအုပ်သိန်းနိုင်ဝင်း၊ ရဲဒုတပ်ကြပ် နိုင်ဦး၊ရဲတပ်သားဝဏ္ဏမင်းထက်တို့သည် မကွေးမြို့မရဲစခန်းမှူးဒုရဲမှူးစိန်အောင်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ သတင်းများစုဆောင်းရှာဖွေပြီး စုံစမ်းရာ မကွေးမြို့၊ စိုက်ပျိုးရေးဝင်းအတွင်းနေ ဦးအောင်နိုင်၏သား ဉာဏ်လင်းအောင် ပါ၀င်ကြောင်း သတင်းအရခေါ်ယူစစ်ဆေးရာမှ တရားခံများကို အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်မှာ မကွေးမြို့၊ နတ်မောက်လမ်း၊ စိုက်ပျိုုးရေးဝင်းအတွင်းနေ ---
၁။ ဉာဏ်လင်းအောင်(သ)၂၃နှစ်(ဖ)ဦးအောင်နိုင်၊ ဆီစက်လုပ်သား။
၂။ အောင်ဇေယျာ(ခ)မိုးဒီ(သ)၁၉နှစ်(ဖ)ဦးညွန့်လှိုင်၊ မှီခို။
၃။ ဝေဖြိုးအောင်(သ)၁၉နှစ်(ဖ)ဦးမျိုးအောင်၊ လေထိုးကျွတ်ဖာ။
၄။ ချစ်ကို(သ)၁၇နှစ်(ဖ)ဦးကံကောင်း၊ လေထိုးကျွတ်ဖာ။
၅။ ခိုင်သက်အောင်(သ)၁၈နှစ်(ဖ)ဦးအောင်ကျော်စိုး၊ ဝင်း 2 ကုန်စုံဆိုင်လုပ်သား။
၆။ ပျိုဝိုင်း(သ)၂၁နှစ်(ဖ)ဦးမြဝင်း၊ ပွဲရုံလုပ်သား၊ ဥသျှစ်ကုန်းရွာ၊ တောင်တွင်းကြီးမြို့နယ် (လက်ရှိနေရပ်၊ ကုတင်၁၀၀ဆေးရုံဝင်း၊ နတ်မောက်လမ်း၊ မကွေးမြို့။
၇။ဟိန်းထက်အောင်(သ)၁၈နှစ်(ဖ)ဦးစံမောင်း၊ ဟိန်းစတားဆိုင်ကယ်ပြုပြင်ဆိုင်၊ ချမ်းမြေ့သာယာ(ဂ)အုပ်စု(၃)လမ်း၊ မကွေးမြို့နေသူတို့ ဖြစ်သည်။
အခင်းဖြစ်ညက အရက်သေစာသောက်စားပြီး သံတုတ်များ၊ ဓားများကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာကြပြီး မကွေးမြို့၊ တောင်တွင်းလမ်းနှင့် မြင်းကင်းလမ်း ထောင့် ဗိဿနိုးဆောင် အမှောင်ရိပ်တွင် ရပ်ကာ လမ်းသွားလမ်းလာ ဆိုင်ကယ်များအား အရှည် (၁၈)လက်မခန့်ရှိ စတီးလ်ပိုက်လုံး (၂)ချောင်း၊ အရှည်(၂၀)လက်ခန့်ရှိ ဓား(၁)ချောင်း၊ အရိုးအသွား(၈)လက်မခန့်ရှိ စတီးလ်ခေါက်ဓားမြောင်တို့ကိုင်ဆောင်ကာ ခြိမ်းခြောက်ပြီး ငွေတောင်းခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။
တရားခံ(၇)ဦးအား စစ်ဆေးခဲ့ရာ မကွေးနယ်မြေရဲစခန်း(ပ)၁၅၉၁/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၂၅/၄၂၇/၁၁၄ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်ကြောင်း ဆက်စပ်၍ စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
#Credit   ygn media
aung  yein chan
aung yein chan
Powered by Blogger.