Update News
recent

ပြင်စလူမြို့တွင် လူသတ်မှု ဖြစ်စဉ်အား လူသေမှုအဖြစ် ရဲတပ်ဖွဲ့က အမှုဖွင့်မှုကို ဒေသခံများ မကျေနပ်သောကြောင့် ရဲချုပ် အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများထံ တိုင်ကြား


#Zawgyi

ဖြစ်စဉ်မှာ သြဂုတ် ၄ ရက်က ပြင်စလူမြို့ ပဒဲကောကျေးရွာတွင် နေထိုင်သော ဒေါ်ကြည်ဝင်း (၅၈) နှစ်မှာ ၎င်းနေထိုင်ရာ ကျေးရွာမှ နှစ်မိုင်ခွဲခန့်ဝေးသော စလူဆိပ်ကျေးရွာသို့ နေ့စဉ်လုပ်ငန်းစဉ် တစ်ခုဖြစ်သော ဈေးရောင်းချခြင်းအား လုပ်ကိုင်ရန် နေအိမ်မှ နံနက် ၆ နာရီခန့်တွင် ထွက်ခွာသွားခဲ့ကြောင်း၊ ဒေါ်ကြည်ဝင်းမှာ ယင်းနေ့တွင် ပုံမှန်အိမ်ပြန်ရောက်နေကျဖြစ်သော နံနက် ၉ နာရီခန့်တွင် ပြန်မရောက်ခဲ့သည်ကို ညနေ ၅ နာရီခန့်၌ အနီးဝန်းကျင် နေထိုင်သူများမှ သတိပြုမိသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ကျေးရွာသားများက ဒေါ်ကြည်ဝင်းဈေးရောင်းသွားရာ လမ်းတစ်လျှောက် လိုက်လံရှာဖွေရာတွင် စလူဆိပ် ကျေးရွာဘက်ခြမ်း ချောင်းကူးတံတားနှင့် ပေ ၁၀၀ ခန့်အကွာတွင် ဒေါ်ကြည်ဝင်းဈေးရောင်းရာတွင် အသုံးပြုသော ပစ္စည်းများကိုသာ တွေ့ရှိရပြီး လူကို မတွေ့ရှိခဲ့ရကြောင်း၊ အလင်းရောင် အားနည်းလာမှုကြောင့် ကျေးရွာသားများက ဒေါ်ကြည်ဝင်းအား ဆက်လက် မရှာဖွေနိုင်တော့ဘဲ သြဂုတ် ၅ ရက် နံနက်ပိုင်း၌ ဆက်လက်ရှာဖွေရာတွင် ယမန်နေ့က ဒေါ်ကြည်ဝင်း၏ ဈေးရောင်းရာတွင် အသုံးပြုသော ပစ္စည်းများ တွေ့ရှိရသည့် နေရာနှင့် ၃၅ ပေခန့်ဝေးသည့် ခရာဆူးခြုံအတွင်းတွင် မိုးကာအပြာရောင်စဖြင့် ပတ်ထားကာ လည်ပင်းနှင့် ခါးတွင်ချည်ထားသော အထုပ်အတွင်း၌ ဒေါ်ကြည်ဝင်းအား သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ယင်းနောက် အလောင်းအား တာဝန်ရှိသူများမှ စစ်ဆေးရာတွင် ယာမျက်လုံးပေါ်တွင် သုံးလက်မခန့် ကွဲပြဲဒဏ်ရာ တစ်ခု၊ လည်ပင်းနှင့် မျက်နှာများတွင် ညိုမည်းနေသော ဒဏ်ရာများအပြင် ယာဘက်နားရွက်မှာ ပြတ်ထွက်နေပြီး ဒေါ်ကြည်ဝင်း တပ်ဆင်မြဲဖြစ်သည့် နားကပ်များမှာ မရှိတော့သည်ကို တွေ့ရှိရကြောင်း၊ ဒေါ်ကြည်ဝင်း၏ အလောင်းတွေ့ရှိသည့် နေရာအနီးတွင် တစ်ဆက်တည်းဖြစ်သည့် သားမက်သားတုတ် အပိုင်းကျိုး တစ်ခုကိုပါ တွေ့ရှိရကြောင်း၊ ယင်းနောက် တာဝန်ရှိသူများက ဒေါ်ကြည်ဝင်း၏ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့ကြောင်း၊ ကျေးရွာမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူး ဦးဝင်းနိုင်မှာ ဒေါ်ကြည်ဝင်း သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းရာတွင် ဒေါ်ကြည်ဝင်းသေဆုံးပြီး နှစ်ရက်အကြာ၌ ကျေးရွာမှ ရုတ်တရက် ပျောက်ဆုံးသွားခဲ့သူ ကိုပိုင်စိုးဦး၏ နေအိမ်သို့ ရာအိမ်မှူး ဦးဝင်းနိုင်က သွားရောက်စုံစမ်းရာမှ ကိုပိုင်စိုးဦး၏ နေအိမ်တွင် ဒေါ်ကြည်ဝင်းတပ်ဆင်မြဲဖြစ်သည့် နားကပ်တစ်ဖက်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ရာအိမ်မှူး ဦးဝင်းနိုင်က သိမ်းဆည်းရမိသော နားကပ်တစ်ဖက်အား ရဲတပ်ဖွဲ့အား ခေါ်ယူအပ်နှံရာတွင် ရဲတပ်ဖွဲ့မှ လက်ခံခြင်း မပြုဘဲ ရာအိမ်မှူးဦးဝင်းနိုင်ကိုသာ ဆက်လက်သိမ်းဆည်းထားရန် ပြောဆိုခဲ့ကြောင်း၊ ယင်းအမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ လပွတ္တာမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ရာတွင် လူသတ်မှုဖြင့် တရားစွဲဆိုခြင်း မပြုဘဲ လူသေမှုဖြင့်သာ တရားစွဲဆိုခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

________________________________________________________________________
#Unicode
လပွတ္တာခရိုင် ပြင်စလူမြို့တွင် သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ် တစ်ခုအား ရဲတပ်ဖွဲ့မှ လူသေမှုအဖြစ်သာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့မှုကို ဒေသခံများမှ မကျေနပ်သောကြောင့် ရဲချုပ်နှင့်တကွ အစိုးရအဖွဲ့ တာဝန်ရှိသူများထံ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၄ ရက်က ပြင်စလူမြို့ ပဒဲကောကျေးရွာတွင် နေထိုင်သော ဒေါ်ကြည်ဝင်း (၅၈) နှစ်မှာ ၎င်းနေထိုင်ရာ ကျေးရွာမှ နှစ်မိုင်ခွဲခန့်ဝေးသော စလူဆိပ်ကျေးရွာသို့ နေ့စဉ်လုပ်ငန်းစဉ် တစ်ခုဖြစ်သော စျေးရောင်းချခြင်းအား လုပ်ကိုင်ရန် နေအိမ်မှ နံနက် ၆ နာရီခန့်တွင် ထွက်ခွာသွားခဲ့ကြောင်း၊ ဒေါ်ကြည်ဝင်းမှာ ယင်းနေ့တွင် ပုံမှန်အိမ်ပြန်ရောက်နေကျဖြစ်သော နံနက် ၉ နာရီခန့်တွင် ပြန်မရောက်ခဲ့သည်ကို ညနေ ၅ နာရီခန့်၌ အနီးဝန်းကျင် နေထိုင်သူများမှ သတိပြုမိသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ကျေးရွာသားများက ဒေါ်ကြည်ဝင်းစျေးရောင်းသွားရာ လမ်းတစ်လျှောက် လိုက်လံရှာဖွေရာတွင် စလူဆိပ် ကျေးရွာဘက်ခြမ်း ချောင်းကူးတံတားနှင့် ပေ ၁၀၀ ခန့်အကွာတွင် ဒေါ်ကြည်ဝင်းစျေးရောင်းရာတွင် အသုံးပြုသော ပစ္စည်းများကိုသာ တွေ့ရှိရပြီး လူကို မတွေ့ရှိခဲ့ရကြောင်း၊ အလင်းရောင် အားနည်းလာမှုကြောင့် ကျေးရွာသားများက ဒေါ်ကြည်ဝင်းအား ဆက်လက် မရှာဖွေနိုင်တော့ဘဲ သြဂုတ် ၅ ရက် နံနက်ပိုင်း၌ ဆက်လက်ရှာဖွေရာတွင် ယမန်နေ့က ဒေါ်ကြည်ဝင်း၏ စျေးရောင်းရာတွင် အသုံးပြုသော ပစ္စည်းများ တွေ့ရှိရသည့် နေရာနှင့် ၃၅ ပေခန့်ဝေးသည့် ခရာဆူးခြုံအတွင်းတွင် မိုးကာအပြာရောင်စဖြင့် ပတ်ထားကာ လည်ပင်းနှင့် ခါးတွင်ချည်ထားသော အထုပ်အတွင်း၌ ဒေါ်ကြည်ဝင်းအား သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ယင်းနောက် အလောင်းအား တာဝန်ရှိသူများမှ စစ်ဆေးရာတွင် ယာမျက်လုံးပေါ်တွင် သုံးလက်မခန့် ကွဲပြဲဒဏ်ရာ တစ်ခု၊ လည်ပင်းနှင့် မျက်နှာများတွင် ညိုမည်းနေသော ဒဏ်ရာများအပြင် ယာဘက်နားရွက်မှာ ပြတ်ထွက်နေပြီး ဒေါ်ကြည်ဝင်း တပ်ဆင်မြဲဖြစ်သည့် နားကပ်များမှာ မရှိတော့သည်ကို တွေ့ရှိရကြောင်း၊ ဒေါ်ကြည်ဝင်း၏ အလောင်းတွေ့ရှိသည့် နေရာအနီးတွင် တစ်ဆက်တည်းဖြစ်သည့် သားမက်သားတုတ် အပိုင်းကျိုး တစ်ခုကိုပါ တွေ့ရှိရကြောင်း၊ ယင်းနောက် တာဝန်ရှိသူများက ဒေါ်ကြည်ဝင်း၏ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့ကြောင်း၊ ကျေးရွာမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူး ဦးဝင်းနိုင်မှာ ဒေါ်ကြည်ဝင်း သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းရာတွင် ဒေါ်ကြည်ဝင်းသေဆုံးပြီး နှစ်ရက်အကြာ၌ ကျေးရွာမှ ရုတ်တရက် ပျောက်ဆုံးသွားခဲ့သူ ကိုပိုင်စိုးဦး၏ နေအိမ်သို့ ရာအိမ်မှူး ဦးဝင်းနိုင်က သွားရောက်စုံစမ်းရာမှ ကိုပိုင်စိုးဦး၏ နေအိမ်တွင် ဒေါ်ကြည်ဝင်းတပ်ဆင်မြဲဖြစ်သည့် နားကပ်တစ်ဖက်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ရာအိမ်မှူး ဦးဝင်းနိုင်က သိမ်းဆည်းရမိသော နားကပ်တစ်ဖက်အား ရဲတပ်ဖွဲ့အား ခေါ်ယူအပ်နှံရာတွင် ရဲတပ်ဖွဲ့မှ လက်ခံခြင်း မပြုဘဲ ရာအိမ်မှူးဦးဝင်းနိုင်ကိုသာ ဆက်လက်သိမ်းဆည်းထားရန် ပြောဆိုခဲ့ကြောင်း၊ ယင်းအမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ လပွတ္တာမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ရာတွင် လူသတ်မှုဖြင့် တရားစွဲဆိုခြင်း မပြုဘဲ လူသေမှုဖြင့်သာ တရားစွဲဆိုခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော့်ကို တရားရုံးကခေါ်တော့ သွားတယ်။ ရောက်တော့ စာရေးမကနေပြီးတော့ ရဲတင်ထားတဲ့ သက်သေခံစာကို ဖတ်ကြည့်ပါ။ ဖတ်ကြည့်ပြီးတော့ မှန်ရင် လက်မှတ် ထိုးသွား။ စစ်နေမယ်ဆိုရင် ကြာမယ်လို့ ပြောတယ်။ ကျွန်တော်က ဖတ်ကြည့်တော့ ရဲက ရေးထားတာ တံတားနားမှာ သေတယ်၊ သေမှုသေခင်း ရိုးရိုးသေတယ်လို့ သူက ပြောထားတယ်။ နောက် မိုးကာတစ်စပါတယ် ပြောတယ်။ မိုးကာနဲ့ ပတ်ထားတာ မဟုတ်ဘဲ တွေ့တယ်။ နောက် သူ့ပစ္စည်းတွေ ပါတယ်ပေါ့။ နောက် တုတ်တွေ နားကပ်တွေကိုတော့ ထည့်မရေးထားဘူး။ အမှုထိမ်ချန်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ကျွန်တော်က ဘယ်ထိုးနိုင်မလဲ။ ကျွန်တော်ထိုးမယ်ဆိုရင် ကျွန်တော်ပါ အမှုထိမ်ချန်တဲ့အထဲ ပါသွားမှာပေါ့” ဟု ရဲတပ်ဖွဲ့မှ သက်သေစာရင်း တင်သွင်းထားပြီး သေဆုံးသူ ဒေါ်ကြည်ဝင်းအလောင်းအား လိုက်လံရှာဖွေရှာတွင် ပါ၀င်ခဲ့သူ ဦးဌေးဝင်းက ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်စလူမြို့ ရဲစခန်းသို့ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ပြန်လည် ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။
#Credit   Elevens news
aung  yein chan

aung yein chan

Powered by Blogger.