ငလ်င္ဒဏ္ခံ ပုဂံေရွးေဟာင္း ေစတီ၊ ပုထိုးမ်ားမွ ပစၥည္းမ်ားကို ျပတိုက္တြင္ မွတ္တမ္းျပဳစုထားရွိမည္
#Zawgyi
ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးသြားသည့္ ေစတီ၊ ပုထိုးမ်ားမွ ေရွးေဟာင္း ပစၥည္းမ်ားကို စနစ္တက်မွတ္တမ္း ျပဳစုၿပီး ပုဂံေဒသရွိ ေရွးေဟာင္းျပတုိက္ တြင္ ထားရွိသြားမည္ျဖစ္ေၾကာင္း ေညာင္ဦးခ႐ိုင္၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ သိရွိရသည္။
ဘုရားေစတီမ်ားမွ ေရွးေဟာင္းလက္ရာ၊ နံရံပန္းခ်ီမ်ား၊ ဝတၱဳပစၥည္းမ်ား စ သည္ ျဖင့္ ရရွိသည္ေနရာႏွင့္ ပစၥည္းအမ်ိဳးအစား၊ ေပအရွည္ စသည္ျဖင့္ အေသး စိတ္ မွတ္တမ္းတင္ထားမည္ျဖစ္ကာ လက္ရွိတြင္ ေလာကနႏၵာေစတီ မွ က်ပ္သိန္းသံုးရာတန္ စိန္ဖူးေတာ္ႏွစ္လံုးကိုလည္း ေဂါပကအဖြဲ႔မွ စနစ္တက် သိမ္းဆည္းထားရွိေၾကာင္း သိရသည္။
“NGO အဖြဲ႔ေတြနဲ႔ ဆရာေတာ္၊ သံဃာေတာ္ေတြကလည္း ဒီဟာကို ျမန္ျမန္ ရွင္းလင္း ေစခ်င္တယ္။ ႏိုင္ငံေတာ္ ဖက္ကလည္း ယူနက္စကိုဝင္ခ်င္ေတာ့ ယူနက္စကို ပညာရွင္ေတြနဲ႔ ေရွးေဟာင္းသုေတသန ပညာရွင္ေတြက ေသခ်ာ သိမ္းဆည္းၿပီး စနစ္တက် လုပ္ခ်င္တယ္။ NGO အဖြဲ႔အစည္းေတြ၊ ဆရာေတာ္ ေတြ နဲ႔ ေဒသခံေတြကို ေသခ်ာနားလည္ေအာင္ ရွင္းျပရတာေပါ့။”ဟု ေညာင္ဦး ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးစိုးတင့္ကေျပာသည္။
ေရွးေဟာင္း ဘုရားေစတီပုထိုးမ်ားမွ ဝတၳဳပစၥည္းမ်ားေတြ႔ရွိပါက ေတြ႔ရွိသည့္ ေနရာအား ဓာတ္ပံုမွတ္တမ္းတင္ကာ မည္သည့္ဘုရားအတြင္းမွ ရရွိသည္ကို အမွတ္အသားျဖင့္ လာေရာက္အပ္ေပးမွသာ မူလေရွးေဟာင္းလက္ရာမ်ား ကို အေသးစိတ္ မွတ္တမ္းတင္ႏိုင္မည္ျဖစ္ေၾကာင္း ပုဂံေရွးေဟာင္းျပတိုက္မွ စာရင္းေရးသြင္း မွတ္တမ္းတင္ျခင္း တာဝန္ယူထားသူ မေဘဘီကေျပာသည္။
“တကယ္လို႔ ေကာက္ရတဲ့သူေတြက အဲဒီပစၥည္းကိုမေကာက္ခင္ ဓာတ္ပံု၊ ဗီြဒီယို မွတ္တမ္း ယူေစခ်င္တယ္။ ေကာက္ရတဲ့သူေတြက ဒီအတိုင္း လာလာ ပို႔ေနတဲ့ အခါက်ေတာ့ ဘယ္လိုပံုစံနဲ႔ ျပဳတ္က်တယ္။ ဘယ္ေနရာက ဟာဆုိတာ ေကာက္ေၾကာင္း လိုက္ဖို႔ရာက် ခက္ခဲတယ္”ဟု မေဘဘီကေျပာသည္။
လက္ရွိတြင္ ငလ်င္ေဘးဒဏ္ခံခဲ့ရေသာ ေစတီပုထိုးမ်ား မိုးဒဏ္မခံရေစရန္ ေစတီ(၄၁)ဆူအား အမိုးအကာ ျပဳလုပ္ေပးလ်က္ရွိၿပီး ၾသဂုတ္ ၃၀ ရက္အထိ ေရွေဟာင္းေစတီပုထိုး(၁၈)ဆူမွာ အမိုးအကာ ျပဳလုပ္ေပးၿပီးျဖစ္ကာ က်န္ရွိ သည့္ ေစတီမ်ားကိုလည္း ျငမ္းဆင္ျခင္း၊ မိုးကာအုပ္ႏိုင္ရန္ ျပင္ဆင္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
_______________________________________________________________________
#Unicode
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် စေတီ၊ ပုထိုးများမှ ရှေးဟောင်း ပစ္စည်းများကို စနစ်တကျမှတ်တမ်း ပြုစုပြီး ပုဂံဒေသရှိ ရှေးဟောင်းပြတိုက် တွင် ထားရှိသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
ဘုရားစေတီများမှ ရှေးဟောင်းလက်ရာ၊ နံရံပန်းချီများ၊ ဝတ္တုပစ္စည်းများ စ သည် ဖြင့် ရရှိသည်နေရာနှင့် ပစ္စည်းအမျိုးအစား၊ ပေအရှည် စသည်ဖြင့် အသေး စိတ် မှတ်တမ်းတင်ထားမည်ဖြစ်ကာ လက်ရှိတွင် လောကနန္ဒာစေတီ မှ ကျပ်သိန်းသုံးရာတန် စိန်ဖူးတော်နှစ်လုံးကိုလည်း ဂေါပကအဖွဲ့မှ စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သိရသည်။
“NGO အဖွဲ့တွေနဲ့ ဆရာတော်၊ သံဃာတော်တွေကလည်း ဒီဟာကို မြန်မြန် ရှင်းလင်း စေချင်တယ်။ နိုင်ငံတော် ဖက်ကလည်း ယူနက်စကိုဝင်ချင်တော့ ယူနက်စကို ပညာရှင်တွေနဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေက သေချာ သိမ်းဆည်းပြီး စနစ်တကျ လုပ်ချင်တယ်။ NGO အဖွဲ့အစည်းတွေ၊ ဆရာတော် တွေ နဲ့ ဒေသခံတွေကို သေချာနားလည်အောင် ရှင်းပြရတာပေါ့။”ဟု ညောင်ဦး ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကပြောသည်။
ရှေးဟောင်း ဘုရားစေတီပုထိုးများမှ ဝတ္ထုပစ္စည်းများတွေ့ရှိပါက တွေ့ရှိသည့် နေရာအား ဓာတ်ပုံမှတ်တမ်းတင်ကာ မည်သည့်ဘုရားအတွင်းမှ ရရှိသည်ကို အမှတ်အသားဖြင့် လာရောက်အပ်ပေးမှသာ မူလရှေးဟောင်းလက်ရာများ ကို အသေးစိတ် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းပြတိုက်မှ စာရင်းရေးသွင်း မှတ်တမ်းတင်ခြင်း တာဝန်ယူထားသူ မဘေဘီကပြောသည်။
“တကယ်လို့ ကောက်ရတဲ့သူတွေက အဲဒီပစ္စည်းကိုမကောက်ခင် ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်း ယူစေချင်တယ်။ ကောက်ရတဲ့သူတွေက ဒီအတိုင်း လာလာ ပို့နေတဲ့ အခါကျတော့ ဘယ်လိုပုံစံနဲ့ ပြုတ်ကျတယ်။ ဘယ်နေရာက ဟာဆိုတာ ကောက်ကြောင်း လိုက်ဖို့ရာကျ ခက်ခဲတယ်”ဟု မဘေဘီကပြောသည်။
လက်ရှိတွင် ငလျင်ဘေးဒဏ်ခံခဲ့ရသော စေတီပုထိုးများ မိုးဒဏ်မခံရစေရန် စေတီ(၄၁)ဆူအား အမိုးအကာ ပြုလုပ်ပေးလျက်ရှိပြီး သြဂုတ် ၃၀ ရက်အထိ ရှေဟောင်းစေတီပုထိုး(၁၈)ဆူမှာ အမိုးအကာ ပြုလုပ်ပေးပြီးဖြစ်ကာ ကျန်ရှိ သည့် စေတီများကိုလည်း ငြမ်းဆင်ခြင်း၊ မိုးကာအုပ်နိုင်ရန် ပြင်ဆင်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#Credit YGN Media