Update News
recent

ရုပ်ရှင်ရိုက်ရင်း မျက်ကြည်လွှာပေါက်ပြဲခဲ့တဲ့ သက်မွန်မြင့်


#Zawgyi

မေ့သွားကြဦးမယ်
အခုလက်ရှိမှာ သက်မွန်မြင့်က ဒုတိယကိုယ်ဝန်ကိုလွယ်ထား၇ပြီး ဒုတိယကိုယ်ဝန်က သမီးလေးဖြစ်ကြောင်းသိရပါတယ်။
_______________________________________________________________________
#Unicode
ယခင်က ရုပ်ရှင်ရိုက်ရင်း မျက်ကြည်လွှာပေါက်ပြဲခဲ့တဲ့ဒဏ်ရာရရှိခဲ့တဲ့ သက်မွန်မြင့်က လတ်တလောမှာ အဲ့ဒီဒဏ်ရာကပြန်နာနေတယ်လို့ သိရပါတယ်။ သူ့အတွက်ပရိသတ်တွေစိတ်မပူစေဖို့ကိုလဲ သက်မွန်မြင့်က သူ့ရဲ့ ဖေ့ဘုတ်မှာ ရေးသားခဲ့ပါတယ်။

''အရမ်းတော့ မလန့်ကြပါနဲ့ ဒဏ်ရာဟောင်းပါ..
"ချစ်တယ်ပြောမှ လွှတ်မယ်"ရုပ်ရှင်ရိုက်တုန်းက ဖြစ်ခဲ့တဲ့ မျက်ကြည်လွှာပြဲသွားတဲ့ ဒဏ်ရာက သေရာပါ ဖြစ်သွားမလားတောင် မသိတော့ပါဘူး..ကားးရိုက်ရင် ဒေါသထွက်တဲ့အခန်းတို့ အသားကုန်ငိုရတဲ့အခန်းတို့ဆို မျက်လုံးတဝိုက်တင်မဟုတ်ဘူး ခေါင်းတခြမ်းပါ ကိုက်တတ်တာ..
ခု ကားရိုက်နားတော့ စာဖတ် ရုပ်ရှင်ကြည့် FB ကနေ ပရိတ်သတ်နဲ့ အဆက်သွယ်မပြတ်အောင်နေမယ် စိတ်ကူးပါတယ်.. နေကမကောင်း မျက်လုံးကနာ.. ဘဝ ဘဝ
မကြာမကြာတော့ ပုံတွေ ကြိုးစား တင်ပါ့မယ်နော်
မေ့သွားကြဦးမယ်
( ပျောက်နေလို့ ပြောပြတာနော်.. စိတ်ပူအောင်လုပ်တာ ဟုတ်ဘူး.. )
အခုလက်ရှိမှာ သက်မွန်မြင့်က ဒုတိယကိုယ်ဝန်ကိုလွယ်ထားရပြီး ဒုတိယကိုယ်ဝန်က သမီးလေးဖြစ်ကြောင်းသိရပါတယ်။
#Credit   7Days
aung  yein chan

aung yein chan

Powered by Blogger.