ဗဟန္းလူသတ္မႈက်ဴးလြန္သူကို ဖမ္းဆီးေပးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား ဂုဏ္ျပဳဆုေငြ က်ပ္တစ္ေသာင္းစီရ
#Zawgyi
ဗဟန္းၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့သည့္ လူသတ္မႈတြင္ က်ဴးလြန္သူကို ဖမ္းဆီးေပးေသာ မြန္ျပည္နယ္ ဒိုင္းဝန္ကြင္းနယ္ေျမရဲစခန္းမွဴးႏွင့္ ရဲတပ္ဖြဲ႕ဝင္ငါးဦးအား မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ဘိုဘိုဦးက ဂုဏ္ျပဳဆုေငြ တစ္ဦးလွ်င္ တစ္ေသာင္းက်ပ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သတင္းရရွိသည္။
ဗဟန္းၿမိဳ႕နယ္ ဥႆဖရား လမ္းရွိ လံုးခ်င္းႏွစ္ထပ္တိုက္တြင္ ေနထုိင္ေသာ မိသားစုဝင္သံုးဦး အား လည္ပင္းညႇစ္သတ္ခဲ့သူ ေအာင္ဇင္ဗိုလ္ကို ေမာ္လၿမိဳင္ၿမိဳ႕ ဒိုင္းဝန္မီးပိြဳင့္တြင္ ၾသဂုတ္ ၂၉ ရက္ည ၉ နာရီေက်ာ္၌ ဖမ္းဆီးရမိခဲ့ ျခင္းျဖစ္သည္။
‘‘စခန္းမွဴး ရဲအုပ္ေအာင္ ေက်ာ္ေထြးနဲ႔ ဒုရဲအုပ္မင္းထြန္း အပါအဝင္ အားလံုးေျခာက္ဦး ဆု ခ်တာပါ။ ဆုေငြကေတာ့ တစ္ဦး တစ္ေသာင္းက်ပ္ႏႈန္းနဲ႔ အားလံုး ေျခာက္ေသာင္းက်ပ္ ဆုခ်ပါ တယ္။ လွည့္ကင္းပတ္ေနတုန္း မသကၤာလို႔ ဖမ္းဆီးစစ္ေမးရင္းက ေနမိတာပါ’’ဟု ဒိုင္းဝန္ကြင္းနယ္ ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
အလားတူ ၂၀၁၄ စက္တင္ ဘာ ၁၆ ရက္က စစ္ေတြၿမိဳ႕ ဆတ္႐ိုးက်ေခ်ာင္း ဆိပ္ခံတံတားတြင္ ရပ္တန္႔ထားသည့္ စက္ေလွေပၚမွ အေမရိကန္ႏိုင္ငံလုပ္ လက္ပစ္ဗံုးႏွစ္လံုးႏွင့္ ေဖာက္ခြဲပစၥည္းအခ်ိဳ႕ ဖမ္းဆီးရမိခဲ့သည့္ ရဲတပ္သား အား ဆုေငြငါးေသာင္းက်ပ္ ခ်ီးျမႇင့္ခဲ့သည္။ ရဲလက္စြဲဥပေဒစာအုပ္ တြင္ ရဲခ်ဳပ္အဆင့္ရွိသူ၏ နာမည္ေကာင္း လက္မွတ္ႏွင့္ ဂုဏ္ျပဳခံရပါက ဆုေငြက်ပ္တစ္ေသာင္းရၿပီး ခ႐ိုင္အဆင့္ႏွင့္ ၿမိဳ႕နယ္အဆင့္ရဲမ်ားကို ငါးေထာင္က်ပ္ သတ္မွတ္ထားသည္။
__________________________________________________________________________
#Unicode
ဗဟန်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် ကျူးလွန်သူကို ဖမ်းဆီးပေးသော မွန်ပြည်နယ် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်ငါးဦးအား မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ဂုဏ်ပြုဆုငွေ တစ်ဦးလျှင် တစ်သောင်းကျပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဗဟန်းမြို့နယ် ဥဿဖရား လမ်းရှိ လုံးချင်းနှစ်ထပ်တိုက်တွင် နေထိုင်သော မိသားစုဝင်သုံးဦး အား လည်ပင်းညှစ်သတ်ခဲ့သူ အောင်ဇင်ဗိုလ်ကို မော်လမြိုင်မြို့ ဒိုင်းဝန်မီးပွိုင့်တွင် သြဂုတ် ၂၉ ရက်ည ၉ နာရီကျော်၌ ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။
‘‘စခန်းမှူး ရဲအုပ်အောင် ကျော်ထွေးနဲ့ ဒုရဲအုပ်မင်းထွန်း အပါအဝင် အားလုံးခြောက်ဦး ဆု ချတာပါ။ ဆုငွေကတော့ တစ်ဦး တစ်သောင်းကျပ်နှုန်းနဲ့ အားလုံး ခြောက်သောင်းကျပ် ဆုချပါ တယ်။ လှည့်ကင်းပတ်နေတုန်း မသင်္ကာလို့ ဖမ်းဆီးစစ်မေးရင်းက နေမိတာပါ’’ဟု ဒိုင်းဝန်ကွင်းနယ် မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အလားတူ ၂၀၁၄ စက်တင် ဘာ ၁၆ ရက်က စစ်တွေမြို့ ဆတ်ရိုးကျချောင်း ဆိပ်ခံတံတားတွင် ရပ်တန့်ထားသည့် စက်လှေပေါ်မှ အမေရိကန်နိုင်ငံလုပ် လက်ပစ်ဗုံးနှစ်လုံးနှင့် ဖောက်ခွဲပစ္စည်းအချို့ ဖမ်းဆီးရမိခဲ့သည့် ရဲတပ်သား အား ဆုငွေငါးသောင်းကျပ် ချီးမြှင့်ခဲ့သည်။ ရဲလက်စွဲဥပဒေစာအုပ် တွင် ရဲချုပ်အဆင့်ရှိသူ၏ နာမည်ကောင်း လက်မှတ်နှင့် ဂုဏ်ပြုခံရပါက ဆုငွေကျပ်တစ်သောင်းရပြီး ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ရဲများကို ငါးထောင်ကျပ် သတ်မှတ်ထားသည်။
#Credit 7Days