ဗဟန္းလူသတ္မႈက်ဴးလြန္သူဆိုသူကို ေမာ္လၿမိဳင္တြင္ ဖမ္းမိ
#Zawgyi
ဗဟန္းၿမိဳ႕နယ္ ဥႆဖ ရားလမ္းရွိ လံုးခ်င္းႏွစ္ထပ္တိုက္ တြင္ ျဖစ္ပြားခဲ့သည့္ လူသတ္မႈႏွင့္ ပတ္သက္၍ သံသယရွိသူအမ်ိဳး သား ေအာင္ဇင္ဗိုလ္ဆိုသူကို ေမာ္လၿမိဳင္ၿမိဳ႕ ဒိုင္းဝန္မီးပိြဳင့္၌ ၾသဂုတ္ ၂၉ ရက္ ည ၉ နာရီေက်ာ္တြင္ ဖမ္းဆီးမိခဲ့ေၾကာင္း သတင္းရရွိ သည္။
လူသတ္မႈျဖစ္ပြားခဲ့သည့္ေန အိမ္၌ အသက္(၄၀)ႏွစ္အရြယ္ မခုိင္မာလာ၊ အသက္(၉)ႏွစ္အ ရြယ္ ၎၏သမီး၊ အသက္(၈) ႏွစ္အရြယ္ သားျဖစ္သူႏွင့္ အေဒၚျဖစ္သူတို႔ေနထုိင္ၾကၿပီး ၾသဂုတ္ ၂၉ ရက္ နံနက္ ၂ နာရီေက်ာ္တြင္ အဆိုပါေနအိမ္၌ လာေရာက္တည္းခို သည့္ အမ်ိဳးသားက လည္ပင္းညႇစ္သတ္ျဖတ္ခဲ့ေၾကာင္း ဗဟန္းၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
‘‘သတ္တဲ့အမ်ိဳးသားဓာတ္ပံု ကို Yangon Police ေဖ့စ္ဘြတ္ခ္ ကေန အကူအညီေတာင္းလိုက္ တယ္။ ဒီပံုေတြ တစ္ႏုိင္ငံလံုးျပန္႔ သြားတယ္။ သူ႔ကို ေမာ္လၿမိဳင္ဒိုင္း ဝန္းမီးပိြဳင့္မွာ ရဲတပ္ဖြဲ႕ဝင္ေတြက ျမင္တယ္။ သူ႔ကို ဖမ္းၿပီး စစ္ေဆး တဲ့အခါမွာေတာ့ ျပစ္မႈက်ဴးလြန္ သူျဖစ္ေၾကာင္း သိရတာပါ’’ဟု အဆိုပါရဲအရာရွိက ေျပာသည္။
ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသား ကို အခ်ိန္မီဖမ္းဆီးႏိုင္ေရး ကူညီ ေဆာင္ရြက္ေပးၾကေသာ ေမာ္လၿမိဳင္ၿမိဳ႕ေန ျပည္သူမ်ားႏွင့္ ဒိုင္းဝန္းကြင္းနယ္ေျမရဲစခန္းမွ ဖမ္းဆီး ေပးခဲ့သျဖင့္ ယခုကဲ့သို႔ ဖမ္းဆီးႏိုင္ျခင္းျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒ သႀကီးရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦး က ေျပာသည္။
‘‘အခုလို ဖမ္းမိတာက အား လံုးဝုိင္းဝန္းကူညီေဆာင္ရြက္ေပး လို႔ မိတာပါ။ ဖမ္းဆီးရမိခ်ိန္မွာ ရဲစခန္းအခ်င္းခ်င္း ခ်ိတ္ဆက္ၿပီး ျပစ္မႈက်ဴးလြန္သူကို သြားေရာက္ ေခၚေဆာင္ခဲ့ပါတယ္။ သူ႔မွာ စိတ္ ေရာဂါရွိ၊ မရွိေတာ့ မစစ္ရေသး ပါဘူး’’ဟု အဆိုပါရဲအရာရွိက ေျပာသည္။
လည္ပင္းညႇစ္ခံရသည့္ က ေလးငယ္ႏွစ္ဦးမွာ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ အတြင္းလူနာ အျဖစ္ တက္ေရာက္ကုသေနၿပီး ျပစ္မႈက်ဴးလြန္သူဟု သံသယရွိသူ တနသၤာရီတိုင္းေဒသႀကီး ကြၽန္းစုၿမိဳ႕နယ္ေန ေအာင္ဇင္ဗိုလ္(၃၀) ႏွစ္ကို ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။
__________________________________________________________________________
#Unicode
ဗဟန်းမြို့နယ် ဥဿဖ ရားလမ်းရှိ လုံးချင်းနှစ်ထပ်တိုက် တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူအမျိုး သား အောင်ဇင်ဗိုလ်ဆိုသူကို မော်လမြိုင်မြို့ ဒိုင်းဝန်မီးပွိုင့်၌ သြဂုတ် ၂၉ ရက် ည ၉ နာရီကျော်တွင် ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိ သည်။
လူသတ်မှုဖြစ်ပွားခဲ့သည့်နေ အိမ်၌ အသက်(၄၀)နှစ်အရွယ် မခိုင်မာလာ၊ အသက်(၉)နှစ်အ ရွယ် ၎င်း၏သမီး၊ အသက်(၈) နှစ်အရွယ် သားဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့နေထိုင်ကြပြီး သြဂုတ် ၂၉ ရက် နံနက် ၂ နာရီကျော်တွင် အဆိုပါနေအိမ်၌ လာရောက်တည်းခို သည့် အမျိုးသားက လည်ပင်းညှစ်သတ်ဖြတ်ခဲ့ကြောင်း ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘သတ်တဲ့အမျိုးသားဓာတ်ပုံ ကို Yangon Police ဖေ့စ်ဘွတ်ခ် ကနေ အကူအညီတောင်းလိုက် တယ်။ ဒီပုံတွေ တစ်နိုင်ငံလုံးပြန့် သွားတယ်။ သူ့ကို မော်လမြိုင်ဒိုင်း ဝန်းမီးပွိုင့်မှာ ရဲတပ်ဖွဲ့ဝင်တွေက မြင်တယ်။ သူ့ကို ဖမ်းပြီး စစ်ဆေး တဲ့အခါမှာတော့ ပြစ်မှုကျူးလွန် သူဖြစ်ကြောင်း သိရတာပါ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ပြစ်မှုကျူးလွန်သူ အမျိုးသား ကို အချိန်မီဖမ်းဆီးနိုင်ရေး ကူညီ ဆောင်ရွက်ပေးကြသော မော်လမြိုင်မြို့နေ ပြည်သူများနှင့် ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းမှ ဖမ်းဆီး ပေးခဲ့သဖြင့် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။
‘‘အခုလို ဖမ်းမိတာက အား လုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေး လို့ မိတာပါ။ ဖမ်းဆီးရမိချိန်မှာ ရဲစခန်းအချင်းချင်း ချိတ်ဆက်ပြီး ပြစ်မှုကျူးလွန်သူကို သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။ သူ့မှာ စိတ် ရောဂါရှိ၊ မရှိတော့ မစစ်ရသေး ပါဘူး’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
လည်ပင်းညှစ်ခံရသည့် က လေးငယ်နှစ်ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက်ကုသနေပြီး ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်နေ အောင်ဇင်ဗိုလ်(၃၀) နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၀၂ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
#Credit 7Days