Update News
recent

ေနာင္ခ်ိဳၿမိဳ႕အဝင္ တိုးလ္ဂိတ္အနီးတြင္ လက္ဖက္ေျခာက္ႏွင့္ ေရာေႏွာ သယ္ ေဆာင္ လာသည့္ စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ


#Zawgyi
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕အဝင္ တိုးလ္ဂိတ္အနီးတြင္ ခရီးသည္ တင္ မွန္လံုယာဥ္ေပၚလိုက္ပါလာသူ ႏွစ္ဦးထံမွ လက္ဖက္ေျခာက္မ်ားႏွင့္ ေရာေႏွာ သယ္ေဆာင္လာသည့္ စိတ္ၾကြ႐ူးသြပ္ေဆးျပားသိန္း(၂၀၀)ဖိုးကို ၾသဂုတ္ ၂၉ ရက္၊ ညပိုင္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။
အမွတ္(၂၄)မူးယစ္တပ္ဖဲြ႔စု၊ ေနာင္ခ်ိဳလႈပ္ရွား အဖဲြ႔ဝင္မ်ားသည္ ေနာင္ခ်ိဳၿမိဳ႕ အဝင္တိုးလ္ဂိတ္တြင္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ေဆာင္ရြက္ေနစဥ္ လား႐ႈိးမွ မႏၱေလးဘက္သို႔ ေမာင္းလာေသာ ေရႊလား႐ႈိးခရီးသည္တင္ ယာဥ္ေပၚ ခုံအမွတ္(၁၉)ႏွင့္(၂၀)တို႔တြင္ လိုက္ပါလာသူတို႔၏ ခရီးေဆာင္အိတ္ အတြင္းမွ လက္ဖက္ေျခာက္မ်ား ႏွင့္ ေရာေႏွာသယ္ေဆာင္လာေသာ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား(၁၀၀၀၀) ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။
“ၿမိတ္ကေန လာသယ္တာလို႔ သိရပါတယ္။ ေဆးသံုးေနတဲ့သူေတြပါ။ သူတို႔ေဆးဝယ္ေနက် သူကခိုင္းလို႔ လာ သယ္ၾကတာပါ။ သယ္ခ(၁၀)သိန္းရမယ္လို႔ ေျပာပါတယ္။ ဒီလထဲမွာေတာ့ ခရီးသည္တင္ကားေပၚကေန ဖမ္းမိ တာမ်ားပါတယ္”ဟု အမွတ္(၂၄)မူးယစ္တပ္ဖဲြ႔စုမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
လက္ရွိတြင္ မူးယစ္ေဆးဝါးမ်ားအား သယ္ေဆာင္လာသူ တနသၤာရီတိုင္း ေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၃)ရပ္ ကြက္ေန ေအာင္ႏိုင္(၂၇)ႏွစ္ႏွင့္ ၿမိတ္ ၿမိဳ႕နယ္၊ ေက်ာက္တစ္လံုးရြာေန သန္းစိုး(၄၈)ႏွစ္တို႔အား ေနာင္ခ်ိဳၿမိဳ႕မ ရဲစ ခန္း မွ မယ(ပ)၉၈/၂၀၁၆၊ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ပုဒ္မ ၁၅/၁၉(က)/၂၁ တို႔ျဖင့္ အေရးယူ ေဆာင္ရြက္ေနကာ ၎တို႔ကို သယ္ေဆာင္ ခိုင္းသူ အား စံုစမ္းလ်က္ရွိေၾကာင္း သိရသည္။

_______________________________________________________________________________
#Unicode
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အဝင် တိုးလ်ဂိတ်အနီးတွင် ခရီးသည် တင် မှန်လုံယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးထံမှ လက်ဖက်ခြောက်များနှင့် ရောနှော သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားသိန်း(၂၀၀)ဖိုးကို သြဂုတ် ၂၉ ရက်၊ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု၊ နောင်ချိုလှုပ်ရှား အဖွဲ့ဝင်များသည် နောင်ချိုမြို့ အဝင်တိုးလ်ဂိတ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေစဉ် လားရှိုးမှ မန္တလေးဘက်သို့ မောင်းလာသော ရွှေလားရှိုးခရီးသည်တင် ယာဉ်ပေါ် ခုံအမှတ်(၁၉)နှင့်(၂၀)တို့တွင် လိုက်ပါလာသူတို့၏ ခရီးဆောင်အိတ် အတွင်းမှ လက်ဖက်ခြောက်များ နှင့် ရောနှောသယ်ဆောင်လာသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀၀၀) ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“မြိတ်ကနေ လာသယ်တာလို့ သိရပါတယ်။ ဆေးသုံးနေတဲ့သူတွေပါ။ သူတို့ဆေးဝယ်နေကျ သူကခိုင်းလို့ လာ သယ်ကြတာပါ။ သယ်ခ(၁၀)သိန်းရမယ်လို့ ပြောပါတယ်။ ဒီလထဲမှာတော့ ခရီးသည်တင်ကားပေါ်ကနေ ဖမ်းမိ တာများပါတယ်”ဟု အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ မြို့သစ်(၃)ရပ် ကွက်နေ အောင်နိုင်(၂၇)နှစ်နှင့် မြိတ် မြို့နယ်၊ ကျောက်တစ်လုံးရွာနေ သန်းစိုး(၄၈)နှစ်တို့အား နောင်ချိုမြို့မ ရဲစ ခန်း မှ မယ(ပ)၉၈/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အရေးယူ ဆောင်ရွက်နေကာ ၎င်းတို့ကို သယ်ဆောင် ခိုင်းသူ အား စုံစမ်းလျက်ရှိကြောင်း သိရသည်။
#Credit ygn media

aung  yein chan

aung yein chan

Powered by Blogger.