ရက္ပိုင္းအတြင္း ႏုိင္ငံျခားေငြ တန္ဖိုး ဆက္တိုက္ ျမင့္တက္
#Zawgyi
အစိုးရ၏ ေယဘုယ်ဆန္ ေသာ စီးပြားေရးမူဝါဒ ထုတ္ျပန္ၿပီး တစ္လေက်ာ္အၾကာတြင္ ျပည္ တြင္း၌ စီးပြားေရးေႏွးေကြးေနျခင္း ေၾကာင့္ ႏုိင္ငံျခားေငြတန္ဖိုး ဆက္ တိုက္ျမင့္တက္လာၿပီး က်ပ္ေငြ တန္ဖိုးက်ဆင္းလာေၾကာင္း သတင္းရရွိသည္။
ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာေရြး ေကာက္ပြဲ မတုိင္မီကတည္းက ႏုိင္ငံေရးအေျခအေနေစာင့္ၾကည့္ ေနေသာ စီးပြားေရးလုပ္ငန္းရွင္ မ်ားမွာ ယေန႔အထိ လုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္ျခင္း မရွိေသးဘဲ ေစာင့္ၾကည့္ေနသည့္ အဆင့္သာရွိ၍ ျပည္တြင္း၌ ႏုိင္ငံျခားေငြရွားပါးကာ ေဈးႏႈန္းျမင့္တက္လာျခင္းျဖစ္သည္ဟု စီးပြားေရး လုပ္ငန္းရွင္မ်ားက ေျပာသည္။
ဩဂုတ္ ၃၁ ရက္တြင္ ျပင္ပ ေဈးကြက္၌ အေမရိကန္တစ္ေဒၚ လာလွ်င္ ၁,၂၂၂ က်ပ္ သို႔ ျမင့္ တက္လာၿပီး တ႐ုတ္ေငြ တစ္ယြမ္ လွ်င္ ၁၈၀ က်ပ္ေက်ာ္၊ ထိုင္းတစ္ ဘတ္လွ်င္ ၃၅ က်ပ္ေက်ာ္သို႔ ျမင့္ တက္လာသည္။ ဩဂုတ္ ၁ ရက္ တြင္ အေမရိကန္ တစ္ေဒၚလာ လွ်င္ ၁,၈၀၀ က်ပ္ခန္႔၊ တ႐ုတ္ေငြ တစ္ယြမ္လွ်င္ ၁၇၅ က်ပ္၊ ထုိင္း ဘတ္ေငြ တစ္ဘတ္လွ်င္ ၃၄ က်ပ္ခန္႔ရွိခဲ့သည္။ ဩဂုတ္ တစ္လ အတြင္းမွာပင္ အေမရိကန္တစ္ ေဒၚလာလွ်င္ က်ပ္ ၄၀ ေက်ာ္ ျမင့္ တက္ခဲ့သည္။
ေဒၚလာေဈး ဆက္တိုက္ျမင့္ တက္လာျခင္းသည္ ျပည္ပပို႔ကုန္ က႑မွ ႏုိင္ငံျခားဝင္ေငြေလ်ာ့က် ျခင္းေၾကာင့္ဟု စီးပြားေရးလုပ္ငန္း ရွင္မ်ားက သံုးသပ္ထားသည္။ ျမန္မာႏုိင္ငံ၏ အဓိကကုန္သြယ္ ဖက္ႏုိင္ငံျဖစ္ေသာ တ႐ုတ္ႏုိင္ငံ ႏွင့္ နယ္စပ္ ကုန္သြယ္ေရးတြင္ ဇူလုိင္၌ ျဖစ္ပြားေသာ ေရႊလီျမစ္ ေရႀကီးမႈ၊ တ႐ုတ္အစိုးရ၏ ေမွာင္ ခိုဖမ္းဆီးမႈတုိ႔ေၾကာင့္ ကုန္သြယ္ ေရးရပ္နားခဲ့ရသည္။ ထို႔ေၾကာင့္ႏုိင္ငံျခားဝင္ေငြေလ်ာ့က်ၿပီး ပို႔ကုန္ရေငြ တန္ဖိုးမ်ား ျမင့္တက္ကာ ေဒၚလာေဈး ျမင့္တက္ရျခင္းဟု ပို႔ကုန္လုပ္ငန္းရွင္ အခ်ိဳ႕က ဆုိ သည္။
‘‘ေဒၚလာေဈးတက္တာ အ ေျခခံ လူတန္းစားေတြအတြက္ ကုန္ေဈးႏႈန္းႀကီးတဲ့ ဒုကၡခံရမွာပဲ’’ ဟု စီးပြားေရးပညာရွင္ ဦးေဇာ္ေဖ ဝင္းက ေျပာသည္။
ျမန္မာႏုိင္ငံတြင္ ေဆးဝါး၊ လူသံုးကုန္ပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းေနရသျဖင့္ ေဒၚလာေဈးျမင့္တက္ပါက ေထြေထြကုန္ေဈး ႏႈန္းမ်ားပါ ျမင့္တက္လာမည္ဟု ဆုိသည္။
လက္ရွိ အစိုးရသစ္လက္ ထက္တြင္ ျမန္မာႏုိင္ငံ၏ ေငြေၾကးေဖာင္းပြမႈသည္ ၁၂ ရာခိုင္ႏႈန္း ေက်ာ္ရွိၿပီး ယခုႏွစ္၌ ၁ ရာခိုင္ႏႈန္း ေက်ာ္ ျမင့္တက္လာသည္။ ကုန္ ေဈးႏႈန္းႀကီးလာျခင္းေၾကာင့္ ေငြ ေၾကးေဖာင္းပြမႈ ျမင့္တက္လာခ်ိန္ တြင္ ေဒၚလာေဈးျမင့္တက္မႈ ေၾကာင့္ ကုန္ေဈးႏႈန္း ထပ္မံႀကီးျမင့္လာပါက ေငြေၾကးေဖာင္းပြမႈ ထပ္မံျမင့္တက္လာမည္ဟု စီးပြားေရးပညာရွင္ ဦးလွေမာင္က ေျပာၾကားသည္။
ေငြေၾကး ေဖာင္းပြမႈမ်ား သည့္ ႏုိင္ငံမ်ားတြင္ ႏုိင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္မႈနည္း ပါးေလ့ရွိသည္ကိုလည္း အစိုးရ က သတိထားသင့္ေၾကာင္း ဦးလွ ေမာင္က ဆုိသည္။
လက္ရွိ အစိုးရသည္ ၿငိမ္း ခ်မ္းေရးကိုသာ အဓိကထားၿပီး ေဆာင္ရြက္ေန၍ စီးပြားေရးကို အာ႐ံုစိုက္မႈလစ္ဟင္းျခင္း ျဖစ္ႏုိင္သည္ဟု ဦးေဇာ္ေဖဝင္းက ေျပာသည္။ ၂၁ ပင္လံုညီလာခံၿပီးလွ်င္ အစိုးရ အေနျဖင့္ စီးပြားေရးကို ျပန္လည္အာ႐ံုစိုက္မည္ထင္ေၾကာင္း ၎က ေျပာသည္။
_________________________________________________________________________
#Unicode
အစိုးရ၏ ယေဘုယျဆန် သော စီးပွားရေးမူဝါဒ ထုတ်ပြန်ပြီး တစ်လကျော်အကြာတွင် ပြည် တွင်း၌ စီးပွားရေးနှေးကွေးနေခြင်း ကြောင့် နိုင်ငံခြားငွေတန်ဖိုး ဆက် တိုက်မြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးကျဆင်းလာကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေး ကောက်ပွဲ မတိုင်မီကတည်းက နိုင်ငံရေးအခြေအနေစောင့်ကြည့် နေသော စီးပွားရေးလုပ်ငန်းရှင် များမှာ ယနေ့အထိ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း မရှိသေးဘဲ စောင့်ကြည့်နေသည့် အဆင့်သာရှိ၍ ပြည်တွင်း၌ နိုင်ငံခြားငွေရှားပါးကာ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ဩဂုတ် ၃၁ ရက်တွင် ပြင်ပ ဈေးကွက်၌ အမေရိကန်တစ်ဒေါ် လာလျှင် ၁,၂၂၂ ကျပ် သို့ မြင့် တက်လာပြီး တရုတ်ငွေ တစ်ယွမ် လျှင် ၁၈၀ ကျပ်ကျော်၊ ထိုင်းတစ် ဘတ်လျှင် ၃၅ ကျပ်ကျော်သို့ မြင့် တက်လာသည်။ ဩဂုတ် ၁ ရက် တွင် အမေရိကန် တစ်ဒေါ်လာ လျှင် ၁,၈၀၀ ကျပ်ခန့်၊ တရုတ်ငွေ တစ်ယွမ်လျှင် ၁၇၅ ကျပ်၊ ထိုင်း ဘတ်ငွေ တစ်ဘတ်လျှင် ၃၄ ကျပ်ခန့်ရှိခဲ့သည်။ ဩဂုတ် တစ်လ အတွင်းမှာပင် အမေရိကန်တစ် ဒေါ်လာလျှင် ကျပ် ၄၀ ကျော် မြင့် တက်ခဲ့သည်။
ဒေါ်လာဈေး ဆက်တိုက်မြင့် တက်လာခြင်းသည် ပြည်ပပို့ကုန် ကဏ္ဍမှ နိုင်ငံခြားဝင်ငွေလျော့ကျ ခြင်းကြောင့်ဟု စီးပွားရေးလုပ်ငန်း ရှင်များက သုံးသပ်ထားသည်။ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ် ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ နှင့် နယ်စပ် ကုန်သွယ်ရေးတွင် ဇူလိုင်၌ ဖြစ်ပွားသော ရွှေလီမြစ် ရေကြီးမှု၊ တရုတ်အစိုးရ၏ မှောင် ခိုဖမ်းဆီးမှုတို့ကြောင့် ကုန်သွယ် ရေးရပ်နားခဲ့ရသည်။ ထို့ကြောင့်နိုင်ငံခြားဝင်ငွေလျော့ကျပြီး ပို့ကုန်ရငွေ တန်ဖိုးများ မြင့်တက်ကာ ဒေါ်လာဈေး မြင့်တက်ရခြင်းဟု ပို့ကုန်လုပ်ငန်းရှင် အချို့က ဆို သည်။
‘‘ဒေါ်လာဈေးတက်တာ အ ခြေခံ လူတန်းစားတွေအတွက် ကုန်ဈေးနှုန်းကြီးတဲ့ ဒုက္ခခံရမှာပဲ’’ ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေ ဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသဖြင့် ဒေါ်လာဈေးမြင့်တက်ပါက ထွေထွေကုန်ဈေး နှုန်းများပါ မြင့်တက်လာမည်ဟု ဆိုသည်။
လက်ရှိ အစိုးရသစ်လက် ထက်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၁၂ ရာခိုင်နှုန်း ကျော်ရှိပြီး ယခုနှစ်၌ ၁ ရာခိုင်နှုန်း ကျော် မြင့်တက်လာသည်။ ကုန် ဈေးနှုန်းကြီးလာခြင်းကြောင့် ငွေ ကြေးဖောင်းပွမှု မြင့်တက်လာချိန် တွင် ဒေါ်လာဈေးမြင့်တက်မှု ကြောင့် ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်လာပါက ငွေကြေးဖောင်းပွမှု ထပ်မံမြင့်တက်လာမည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။
ငွေကြေး ဖောင်းပွမှုများ သည့် နိုင်ငံများတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနည်း ပါးလေ့ရှိသည်ကိုလည်း အစိုးရ က သတိထားသင့်ကြောင်း ဦးလှ မောင်က ဆိုသည်။
လက်ရှိ အစိုးရသည် ငြိမ်း ချမ်းရေးကိုသာ အဓိကထားပြီး ဆောင်ရွက်နေ၍ စီးပွားရေးကို အာရုံစိုက်မှုလစ်ဟင်းခြင်း ဖြစ်နိုင်သည်ဟု ဦးဇော်ဖေဝင်းက ပြောသည်။ ၂၁ ပင်လုံညီလာခံပြီးလျှင် အစိုးရ အနေဖြင့် စီးပွားရေးကို ပြန်လည်အာရုံစိုက်မည်ထင်ကြောင်း ၎င်းက ပြောသည်။
#Credit 7Days