Update News
recent

ခရီးသည္တင္ယာဥ္လိုင္း ၃၀ ကို တုိင္းအစိုးရခြင့္ျပဳခ်က္ျဖင့္ ဖ်က္သိမ္း


#Zawgyi
ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲ ေနေသာ ခရီးသည္တင္ယာဥ္ လုိင္းမ်ားမွ ယာဥ္လိုင္း ၃၀ ခန္႔ကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရ၏ ခြင့္ျပဳခ်က္ျဖင့္ ဖ်က္သိမ္းခဲ့ ေၾကာင္း မထသ (ဗဟို)မွ သတင္း ရရွိသည္။

‘‘အစိုးရအဖြဲ႕ကို တင္ျပၿပီး ခြင့္ျပဳမိန္႔နဲ႔ ဖ်က္သိမ္းလုိက္တာ ျဖစ္တယ္။ အခု ဖ်က္လုိက္တဲ့ ယာဥ္လုိင္းေတြကလည္း ယာဥ္ ေျပးဆြဲျခင္းမရွိဘဲ လိုင္းယူထား တာေတြမ်ားတယ္’’ ဟု မထသ (ဗဟို) ဥကၠ႒ ဦးလွေအာင္က ေျပာသည္။

ဖ်က္သိမ္းမည့္ ခရီးသည္ တင္ယာဥ္ လုိင္းမ်ားမွာ မထသ (ရန္ကုန္တုိင္းေဒသႀကီး) လက္ ေအာက္ရွိ ယာဥ္လုိင္းသံုးလိုင္း၊ မထသ (အေရွ႕ပိုင္းခ႐ိုင္)လက္ ေအာက္ရွိ ယာဥ္လုိင္းႏွစ္လုိင္း၊ မထသ (အေနာက္ပိုင္းခ႐ုိင္) လက္ေအာက္ရွိ ယာဥ္လုိင္းေလး လိုင္း၊ မထသ (ေတာင္ပိုင္းခ႐ိုင္) လက္ေအာက္ရွိ ယာဥ္လိုင္းရွစ္ လိုင္း၊ (ေျမာက္ပိုင္းခ႐ိုင္)လက္ ေအာက္ရွိ ယာဥ္လိုင္းတစ္လိုင္း၊ ဗႏၶဳလ (ပါရမီ) လက္ေအာက္ရွိ ယာဥ္လိုင္းႏွစ္လုိင္း၊ ေရႊရန္ကုန္ လက္ေအာက္ရွိ ယာဥ္လုိင္းေျခာက္လုိင္း၊ စည္ပင္သာယာ နယ္နိမိတ္

အတြင္းရွိ ယာဥ္လုိင္းႏွစ္လုိင္းႏွင့္ စည္ပင္သာယာနယ္နိမိတ္ျပင္ပရွိ ယာဥ္လိုင္းႏွစ္လိုင္းတုိ႔ ျဖစ္သည္။

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေန သည့္ ခရီးသည္တင္ ယာဥ္လုိင္း မ်ားသည္ ခရီးသည္အင္အားႏွင့္ ယာဥ္အင္အားတုိ႔ကို စနစ္တက် တြက္ခ်က္ျခင္းမရွိဘဲ ခရီးစဥ္လမ္းေၾကာင္းမ်ားသာ ေဖာ္ထုတ္ေျပး ဆြဲခဲ့၍ ခရီးသည္မ်ား၌ အဆင္ မေျပမႈမ်ားရွိသျဖင့္ ပိုမိုစနစ္က် ေစရန္ ရန္ကုန္တိုင္းေဒသႀကီး အဖြဲ႕က ႀကိဳးပမ္းေနေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနသည့္ ခရီးသည္တင္ ယာဥ္လုိင္းေပါင္း ၃၅၈ လုိင္းကို ဖ်က္သိမ္းကာ ယာဥ္လုိင္းငါးဆယ္ ျဖင့္ ေျပးဆြဲရန္ စီစဥ္ေနၿပီး လက္ ရွိ ယာဥ္လိုင္းရွိၿပီး ေျပးဆြဲျခင္းမရွိ သည့္လိုင္းမ်ားကို ေလွ်ာ့ျခင္းျဖစ္ ေၾကာင္း မထသ (ဗဟို)မွ သတင္း ရရွိသည္။

ေနာက္ပိုင္း၌ ယာဥ္လုိင္းမ်ား ေလွ်ာ့ခ်ရာတြင္ ခရီးသြားျပည္သူ မ်ားႏွင့္ ယာဥ္ပိုင္ရွင္မ်ား အခက္ အခဲမျဖစ္ေအာင္ စိစစ္ၿပီး ေဆာင္ ရြက္မည္ျဖစ္ေၾကာင္း ဦးလွေအာင္က ေျပာသည္။
________________________________________________________________________
#Unicode
ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော ခရီးသည်တင်ယာဉ် လိုင်းများမှ ယာဉ်လိုင်း ၃၀ ခန့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖျက်သိမ်းခဲ့ ကြောင်း မထသ (ဗဟို)မှ သတင်း ရရှိသည်။

‘‘အစိုးရအဖွဲ့ကို တင်ပြပြီး ခွင့်ပြုမိန့်နဲ့ ဖျက်သိမ်းလိုက်တာ ဖြစ်တယ်။ အခု ဖျက်လိုက်တဲ့ ယာဉ်လိုင်းတွေကလည်း ယာဉ် ပြေးဆွဲခြင်းမရှိဘဲ လိုင်းယူထား တာတွေများတယ်’’ ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ဖျက်သိမ်းမည့် ခရီးသည် တင်ယာဉ် လိုင်းများမှာ မထသ (ရန်ကုန်တိုင်းဒေသကြီး) လက် အောက်ရှိ ယာဉ်လိုင်းသုံးလိုင်း၊ မထသ (အရှေ့ပိုင်းခရိုင်)လက် အောက်ရှိ ယာဉ်လိုင်းနှစ်လိုင်း၊ မထသ (အနောက်ပိုင်းခရိုင်) လက်အောက်ရှိ ယာဉ်လိုင်းလေး လိုင်း၊ မထသ (တောင်ပိုင်းခရိုင်) လက်အောက်ရှိ ယာဉ်လိုင်းရှစ် လိုင်း၊ (မြောက်ပိုင်းခရိုင်)လက် အောက်ရှိ ယာဉ်လိုင်းတစ်လိုင်း၊ ဗန္ဓုလ (ပါရမီ) လက်အောက်ရှိ ယာဉ်လိုင်းနှစ်လိုင်း၊ ရွှေရန်ကုန် လက်အောက်ရှိ ယာဉ်လိုင်းခြောက်လိုင်း၊ စည်ပင်သာယာ နယ်နိမိတ်

အတွင်းရှိ ယာဉ်လိုင်းနှစ်လိုင်းနှင့် စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ ယာဉ်လိုင်းနှစ်လိုင်းတို့ ဖြစ်သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် ခရီးသည်တင် ယာဉ်လိုင်း များသည် ခရီးသည်အင်အားနှင့် ယာဉ်အင်အားတို့ကို စနစ်တကျ တွက်ချက်ခြင်းမရှိဘဲ ခရီးစဉ်လမ်းကြောင်းများသာ ဖော်ထုတ်ပြေး ဆွဲခဲ့၍ ခရီးသည်များ၌ အဆင် မပြေမှုများရှိသဖြင့် ပိုမိုစနစ်ကျ စေရန် ရန်ကုန်တိုင်းဒေသကြီး အဖွဲ့က ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၃၅၈ လိုင်းကို ဖျက်သိမ်းကာ ယာဉ်လိုင်းငါးဆယ် ဖြင့် ပြေးဆွဲရန် စီစဉ်နေပြီး လက် ရှိ ယာဉ်လိုင်းရှိပြီး ပြေးဆွဲခြင်းမရှိ သည့်လိုင်းများကို လျှော့ခြင်းဖြစ် ကြောင်း မထသ (ဗဟို)မှ သတင်း ရရှိသည်။

နောက်ပိုင်း၌ ယာဉ်လိုင်းများ လျှော့ချရာတွင် ခရီးသွားပြည်သူ များနှင့် ယာဉ်ပိုင်ရှင်များ အခက် အခဲမဖြစ်အောင် စိစစ်ပြီး ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးလှအောင်က ပြောသည်။
#Credit    7Days
aung  yein chan

aung yein chan

Powered by Blogger.