Update News
recent

လသာၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး တိုက္ခန္းေလွကား၌ က်ပ္ ၁၀ သိန္းဖိုး လုယက္ခံရ


#Zawgyi
လသာၿမိဳ႕နယ္ လသာ လမ္းရွိ အထပ္ျမင့္တိုက္ခန္းတြင္ ေနထုိင္သည့္ အသက္(၂၅)ႏွစ္အ ရြယ္ အမ်ိဳးသမီးတစ္ဦးကို အမ်ိဳးသားႏွစ္ဦးက တိုက္ခန္းေလွကား အတြင္း ဓားေထာက္၍ က်ပ္ဆယ္သိန္းဖိုးခန္႔ လုယက္ခဲ့ေၾကာင္း သတင္းရရွိသည္။

လသာလမ္းရွိ ခ်ယ္ရီမန္းစား ေသာက္ဆုိင္အနီး တိုက္ခန္းရွစ္ လႊာတြင္ ေနထိုင္သည့္ အသက္ (၂၅)ႏွစ္အရြယ္ အမ်ိဳးသမီး သည္ ၾသဂုတ္ ၂၈ ရက္ ည ၇ နာရီခန္႔က ေနအိမ္ေလွကား ငါးလႊာတြင္ ဓား ေထာက္လုယက္ခံခဲ့ရျခင္း ျဖစ္ ေၾကာင္း လသာၿမိဳ႕မရဲစခန္းမွ ရဲ အရာရိွတစ္ဦးက ဆိုသည္။


ေက်ာက္တံတားၿမိဳ႕နယ္အ တြင္း အလုပ္လုပ္ကိုင္သည့္ ၎အမ်ိဳးသမီးသည္ အလုပ္မွေနအိမ္ သို႔ ျပန္လာစဥ္ အမ်ိဳးသားႏွစ္ဦးက ေလွကားေပၚသို႔ အေနာက္မွ လိုက္ တက္လာၿပီး ဓားဟုယူဆရသည့္ အရာျဖင့္ ဝမ္းဗိုက္ကို ေထာက္ကာပါးစပ္အား လက္ကိုင္ပဝါျဖင့္ ပိတ္၍ မေအာ္ရန္ ေျပာဆိုခဲ့ေၾကာင္း ၎က ဆက္လက္ရွင္းျပသည္။

ထို႔ေနာက္ က်န္တစ္ဦးက အမ်ိဳးသမီးဝတ္ဆင္ထားသည့္ ေရႊဆြဲႀကိဳး၊ လက္ကိုင္အိတ္၊ က်ပ္ ငါးေသာင္းႏွင့္ လက္ကိုင္ဖုန္းတို႔ ကို လုယူကာ ထြက္ေျပးသြားခဲ့ ေၾကာင္း လသာၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆိုသည္။

 တိုက္ေလွကားအတြင္း အ မ်ိဳးသမီးတစ္ဦးထံမွ ဓားေထာက္ လုယက္ခဲ့သည့္ အမ်ိဳးသားႏွစ္ဦး ကို လသာၿမိဳ႕မရဲစခန္းက ျပစ္မႈ ပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္ကာ တရားခံအား စံုစမ္းလ်က္ရွိေၾကာင္း လသာၿမိဳ႕မရဲစခန္းက သိရသည္။
________________________________________________________________________
#Unicode
လသာမြို့နယ် လသာ လမ်းရှိ အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သည့် အသက်(၂၅)နှစ်အ ရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက တိုက်ခန်းလှေကား အတွင်း ဓားထောက်၍ ကျပ်ဆယ်သိန်းဖိုးခန့် လုယက်ခဲ့ကြောင်း သတင်းရရှိသည်။

လသာလမ်းရှိ ချယ်ရီမန်းစား သောက်ဆိုင်အနီး တိုက်ခန်းရှစ် လွှာတွင် နေထိုင်သည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီး သည် သြဂုတ် ၂၈ ရက် ည ရ နာရီခန့်က နေအိမ်လှေကား ငါးလွှာတွင် ဓား ထောက်လုယက်ခံခဲ့ရခြင်း ဖြစ် ကြောင်း လသာမြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ဆိုသည်။


ကျောက်တံတားမြို့နယ်အ တွင်း အလုပ်လုပ်ကိုင်သည့် ၎င်းအမျိုးသမီးသည် အလုပ်မှနေအိမ် သို့ ပြန်လာစဉ် အမျိုးသားနှစ်ဦးက လှေကားပေါ်သို့ အနောက်မှ လိုက် တက်လာပြီး ဓားဟုယူဆရသည့် အရာဖြင့် ဝမ်းဗိုက်ကို ထောက်ကာပါးစပ်အား လက်ကိုင်ပဝါဖြင့် ပိတ်၍ မအော်ရန် ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့နောက် ကျန်တစ်ဦးက အမျိုးသမီးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ လက်ကိုင်အိတ်၊ ကျပ် ငါးသောင်းနှင့် လက်ကိုင်ဖုန်းတို့ ကို လုယူကာ ထွက်ပြေးသွားခဲ့ ကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

 တိုက်လှေကားအတွင်း အ မျိုးသမီးတစ်ဦးထံမှ ဓားထောက် လုယက်ခဲ့သည့် အမျိုးသားနှစ်ဦး ကို လသာမြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ တရားခံအား စုံစမ်းလျက်ရှိကြောင်း လသာမြို့မရဲစခန်းက သိရသည်။
#Credit   7Days
aung  yein chan

aung yein chan

Powered by Blogger.