Update News
recent

ပဲေလာကအတြင္း က်ပ္သန္းေထာင္ခ်ီ ေငြေၾကးျပႆနာ ေျဖရွင္းရန္ အသင္းက စတင္စိစစ္


#Zawgyi
အစိုးရသစ္လက္ထက္ တြင္ ပထမဆုံးအႀကိမ္ ျဖစ္ပြား ေသာ ပဲေလာက၌ က်ပ္သန္း ေထာင္ခ်ီေငြေၾကး အ႐ႈပ္အရွင္း ျဖစ္ပြားေနမႈကို စတင္စိစစ္ေနၿပီ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ ပဲမ်ဳိးစုံ ႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ သတင္းရရွိသည္။

ပဲကုန္သည္ ႏွစ္ဆယ္ခန္႔ႏွင့္ အေရာင္းအ၀ယ္ ျပဳလုပ္ထား သည့္ သိန္းသန္းကုမၸဏီသည္ ပဲ မ်ဳိးစုံေစ်းႏႈန္းမ်ား ဇူလုိင္က စတင္ က်ဆင္းလာေသာေၾကာင့္ ေငြ ေၾကးဆုံး႐ႈံးမႈမ်ားၿပီး စာရင္းမရွင္း ႏုိင္သျဖင့္ အသင္းထံ အကူအညီ ေတာင္းခံခဲ့သည္။

ျပည္ပသို႔ ပဲစင္းငုံအပါအ၀င္ ပဲမ်ဳိးစုံတင္ပို႔ေရာင္းခ်ေနေသာ သိန္း သန္း ကုမၸဏီက ေျဖရွင္းေပးရန္ အသင္းသို႔ေပးပို႔သည့္ စာရင္း၌ လက္ရွိ အခ်ိန္အထိ က်ပ္သန္း ေလးေထာင္ႏွင့္ အေမရိကန္ေဒၚ လာသုံးသိန္းအထိ ရွိေနသည္။

အဆုိပါ ေငြေၾကးအ႐ႈပ္အ ရွင္းႏွင့္ပတ္သက္၍ ေပးရန္၊ ရရန္ စာရင္းတင္ျပသူ ဆယ္ဦးခန္႔ရွိၿပီး အဆုိပါစာရင္းမ်ားကို စိစစ္ေနဆဲ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံပဲမ်ဳိးစုံႏွင့္ ႏွမ္းကုန္သည္မ်ားအသင္း ဒုဥကၠ႒ ဦးခင္ဟန္က ေျပာသည္။

ယင္းေငြေၾကးအ႐ႈပ္အရွင္း စာရင္းကုိ ၾသဂုတ္ ၂၉ ရက္တြင္ ေနာက္ဆုံးထားၿပီး ေပးရန္၊ ရရန္ရွိ သည့္ စာရင္းတင္ျပရန္ အသင္းက ထုတ္ျပန္ထားသည္။

‘‘သူတုိ႔တင္ျပလာတဲ့စာရင္း ကို စိစစ္ေနဆဲပဲ ရွိေသးတယ္။ ဘာေၾကာင့္ ျဖစ္တယ္ဆိုတာက ေတာ့ အတည္မျပဳႏုိင္ေသးဘူး’’ ဟု ျမန္မာႏုိင္ငံပဲမ်ဳိးစုံႏွင့္ ႏွမ္းကုန္ သည္မ်ားအသင္း အတြင္းေရးမွဴး ဦးမင္းကိုဦးက ေျပာသည္။

လက္ရွိ ေငြေၾကးအ႐ႈပ္အ ရွင္းျဖစ္ေနသည့္ ကုမၸဏီသည္ ပဲစင္းငုံ အဓိကေရာင္း၀ယ္သည့္ ကုမၸဏီ ျဖစ္ေသာ္လည္း မတ္ပဲ ေရာင္းမွား ၀ယ္မွားေၾကာင့္ ယခု ကဲ့သို႔ ေငြေၾကးအ႐ႈပ္အရွင္းျဖစ္ရေၾကာင္း အသင္းမွ သတင္းရရွိသည္။

ဇူလုိင္မွစ၍ အိႏိၵယက မတ္ပဲႏွင့္ ပဲစင္းငုံ အ၀ယ္ရပ္နားၿပီး ေနာက္ ျပည္တြင္း ေစ်းကြက္၌ မတ္ပဲတစ္တန္လွ်င္ က်ပ္ေလး သိန္းေက်ာ္၊ ပဲစင္းငုံတစ္တန္လွ်င္ က်ပ္ငါးသိန္းေက်ာ္ ေစ်းႏႈန္းက် ဆင္းလာသည္။

၂၀၁၄ ေမလကလည္း ႀကိဳ ေရာင္းႀကိဳ၀ယ္မႈေၾကာင့္ မုိးသက္ ကုမၸဏီႏွင့္ ျပည္တြင္းျပည္ပ ပဲ ကုမၸဏီ ၂၁ ခုတို႔ ေငြေၾကးအ႐ႈပ္ အရွင္းျပႆနာျဖစ္ပြားၿပီး ျမန္မာ ႏုိင္ငံပဲမ်ဳိးစုံႏွင့္ ႏွမ္းကုန္သည္အ သင္းက ၾကား၀င္ ေျဖရွင္းေပးခဲ့ရသည္။

၂၀၁၄ တြင္ ပဲေလာက၌ တစ္ႏွစ္အတြင္း ေငြေၾကးျပႆနာ သုံးႀကိမ္ ျဖစ္ေပၚၿပီးေနာက္ အေရာင္းအ၀ယ္  ျပဳလုပ္ရာ၌ ေရာင္းသူ၊ ၀ယ္သူႏွစ္ဦးစလုံးက အာမခံစေပၚေငြထားရွိသည့္  စနစ္ျဖင့္ ျပဳလုပ္ရန္ ထိန္းခ်ဳပ္ထားသည္။ သို႔ေသာ္ ကုန္သည္အခ်ဳိ႕ေၾကာင့္ ျဖစ္ေပၚလာေသာ ေငြေၾကးအ႐ႈပ္ အရွင္းျပႆနာသည္ ဆက္လက္ ရွိေနဆဲ ျဖစ္သည္။
__________________________________________________________________________
#Unicode
အစိုးရသစ်လက်ထက် တွင် ပထမဆုံးအကြိမ် ဖြစ်ပွား သော ပဲလောက၌ ကျပ်သန်း ထောင်ချီငွေကြေး အရှုပ်အရှင်း ဖြစ်ပွားနေမှုကို စတင်စိစစ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်းမှ သတင်းရရှိသည်။

ပဲကုန်သည် နှစ်ဆယ်ခန့်နှင့် အရောင်းအဝယ် ပြုလုပ်ထား သည့် သိန်းသန်းကုမ္ပဏီသည် ပဲ မျိုးစုံစျေးနှုန်းများ ဇူလိုင်က စတင် ကျဆင်းလာသောကြောင့် ငွေ ကြေးဆုံးရှုံးမှုများပြီး စာရင်းမရှင်း နိုင်သဖြင့် အသင်းထံ အကူအညီ တောင်းခံခဲ့သည်။

ပြည်ပသို့ ပဲစင်းငုံအပါအဝင် ပဲမျိုးစုံတင်ပို့ရောင်းချနေသော သိန်း သန်း ကုမ္ပဏီက ဖြေရှင်းပေးရန် အသင်းသို့ပေးပို့သည့် စာရင်း၌ လက်ရှိ အချိန်အထိ ကျပ်သန်း လေးထောင်နှင့် အမေရိကန်ဒေါ် လာသုံးသိန်းအထိ ရှိနေသည်။

အဆိုပါ ငွေကြေးအရှုပ်အ ရှင်းနှင့်ပတ်သက်၍ ပေးရန်၊ ရရန် စာရင်းတင်ပြသူ ဆယ်ဦးခန့်ရှိပြီး အဆိုပါစာရင်းများကို စိစစ်နေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

ယင်းငွေကြေးအရှုပ်အရှင်း စာရင်းကို သြဂုတ် ၂၉ ရက်တွင် နောက်ဆုံးထားပြီး ပေးရန်၊ ရရန်ရှိ သည့် စာရင်းတင်ပြရန် အသင်းက ထုတ်ပြန်ထားသည်။

‘‘သူတို့တင်ပြလာတဲ့စာရင်း ကို စိစစ်နေဆဲပဲ ရှိသေးတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာက တော့ အတည်မပြုနိုင်သေးဘူး’’ ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

လက်ရှိ ငွေကြေးအရှုပ်အ ရှင်းဖြစ်နေသည့် ကုမ္ပဏီသည် ပဲစင်းငုံ အဓိကရောင်းဝယ်သည့် ကုမ္ပဏီ ဖြစ်သော်လည်း မတ်ပဲ ရောင်းမှား ၀ယ်မှားကြောင့် ယခု ကဲ့သို့ ငွေကြေးအရှုပ်အရှင်းဖြစ်ရကြောင်း အသင်းမှ သတင်းရရှိသည်။

ဇူလိုင်မှစ၍ အိန္ဒိယက မတ်ပဲနှင့် ပဲစင်းငုံ အဝယ်ရပ်နားပြီး နောက် ပြည်တွင်း စျေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ်လေး သိန်းကျော်၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်ငါးသိန်းကျော် စျေးနှုန်းကျ ဆင်းလာသည်။

၂၀၁၄ မေလကလည်း ကြို ရောင်းကြိုဝယ်မှုကြောင့် မိုးသက် ကုမ္ပဏီနှင့် ပြည်တွင်းပြည်ပ ပဲ ကုမ္ပဏီ ၂၁ ခုတို့ ငွေကြေးအရှုပ် အရှင်းပြဿနာဖြစ်ပွားပြီး မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်းက ကြားဝင် ဖြေရှင်းပေးခဲ့ရသည်။

၂၀၁၄ တွင် ပဲလောက၌ တစ်နှစ်အတွင်း ငွေကြေးပြဿနာ သုံးကြိမ် ဖြစ်ပေါ်ပြီးနောက် အရောင်းအဝယ်  ပြုလုပ်ရာ၌ ရောင်းသူ၊ ၀ယ်သူနှစ်ဦးစလုံးက အာမခံစပေါ်ငွေထားရှိသည့်  စနစ်ဖြင့် ပြုလုပ်ရန် ထိန်းချုပ်ထားသည်။ သို့သော် ကုန်သည်အချို့ကြောင့် ဖြစ်ပေါ်လာသော ငွေကြေးအရှုပ် အရှင်းပြဿနာသည် ဆက်လက် ရှိနေဆဲ ဖြစ်သည်။
#Credit   7Days
aung  yein chan

aung yein chan

Powered by Blogger.