Update News
recent

အသက္ ၆၀ ေက်ာ္အရြယ္ အမ်ဳိးသား တစ္ဦးအား မီးေခ်ာင္းအက်ဳိးျဖင္႔ထုိးၿပီး ၀ါးရင္းတုတ္ျဖင့္ အႀကိမ္ႀကိမ္ ႐ိုက္ႏွက္ ထုိးသတ္မႈ လိႈင္ၿမိဳ႕နယ္တြင္ ျဖစ္ပြား


#Zawgyi
လိႈင္ၿမိဳ႕နယ္တြင္ အသက္ ၆၀ ေက်ာ္အ ရြယ္ အမ်ိဳးသားတစ္ဦးအား မီးေခ်ာင္းက်ဳိးျဖင့္ထုိးၿပီး ၀ါးရင္းတုတ္ျဖင့္ အႀကိမ္ႀကိမ္ ႐ုိက္ႏွက္ထုိးသတ္မႈ ဇူလုိင္ ၂၈ ရက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အေနာက္ပုိင္းခ႐ုိင္ ရဲတပ္ဖြဲ႕မွ စုံစမ္းသိရိွရသည္။

ဇူလုိင္ ၂၈ ရက္ နံနက္ ၆ နာရီခန္႔က လိႈင္ၿမိဳ႕နယ္ (၆) ရပ္ကြက္ သုခလမ္းတြင္ ေနထုိင္သည့္ ဦး...... (၆၂ ႏွစ္) သည္ တကၠစီေမာင္းႏွင္ရန္အတြက္ ေနအိမ္တုိက္ေအာက္သုိ႔ ဆင္းလာခဲ့ေၾကာင္း သိရသည္။

ထုိ႔ေနာက္ ေနအိမ္တုိက္ေအာက္သုိ႔ ေရာက္ၿပီး ေလွကားေသာ့ပိတ္ေနစဥ္ ၎ႏွင့္ တစ္ရပ္ကြက္တည္းတြင္ ေနထုိင္သည့္ ေအာင္ေက်ာ္ၿဖိဳး (ခ) ကုိၿဖိဳး (၃၅ ႏွစ္) ဆုိသူမွာ ႏွစ္ေပမီးေခ်ာင္းအက်ဳိး ကုိင္ေဆာင္၍ ေရာက္ရိွလာၿပီး ဦး.......(၆၂ ႏွစ္) ၏ လည္ပင္းအား ထုိးခဲ့ေၾကာင္း သိရသည္။

ယင္းသုိ႔ မီးေခ်ာင္းျဖင့္ အထုိးခံရၿပီး ဦး......မွာ အနီးရွိ မုန္႔ဟင္းခါးဆုိင္အတြင္း ေျပး၀င္လာရာ အဆုိပါ ဆုိင္အတြင္း၌ လဲက်သြားခဲ့ၿပီး ေအာင္ေက်ာ္ၿဖိဳးမွ လုိက္လာခဲ့ကာ ထပ္မံ၍ ၀ါးရင္းတုတ္ျဖင့္ ႐ုိက္ႏွက္ထိုးသတ္ ခဲ့ေၾကာင္း သိရသည္။

ထုိသုိ႔ ထုိးခံရသျဖင့္ ဦး.....(၆၂ ႏွစ္) မွာ ၀ဲဘက္လည္ပင္း ျပတ္ရွထုိးသြင္းဒဏ္ရာ၊ အေပၚႏႈတ္ခမ္း ေပါက္ျပဲဒဏ္ရာႏွင့္ ေမးေအာက္ ျပတ္ရွဒဏ္ရာမ်ား ရရိွၿပီး အခင္းျဖစ္ပြားရာ ေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ယင္းသုိ႔ လူသတ္မႈက်ဳးလြန္ခဲ့သည့္ ေအာင္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳးမွာ အခင္းျဖစ္ပြားခဲ့သည့္ လိႈင္ၿမိဳ႕နယ္ (၆)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၏ သားျဖစ္ၿပီး ယခင္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလအတြင္းက ဦး.....(၆၂ ႏွစ္)အား အုတ္ခဲျဖင့္ ဦးေခါင္းအား ထုခဲ့ဖူးေၾကာင္း၊ ထုိ႔ျပင္ ဦး.......(၆၂ ႏွစ္) ကားေမာင္းစဥ္ ကားအား ဘီယာပုလင္းျဖင့္ ႐ုိက္ခဲ့ဖူးေသာ္လည္း ေအာင္ေက်ာ္ၿဖိဳး၏ မိဘမ်ား ေတာင္းပန္မႈေၾကာင့္ ရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားျခင္း မရိွခဲ့ေၾကာင္း အေနာက္ပုိင္း ခ႐ုိင္ရဲတပ္ဖြဲ႕မွ စုံစမ္းသိရွိရသည္။

“သတ္တဲ့သူနဲ႔ ကြၽန္ေတာ္နဲ႔ သိပါတယ္။ ကြၽန္ေတာ့္ဦးေလးကို ရန္ၿငိႇဳးရန္စ မရွိဘဲ အရင္က အုတ္ခဲနဲ႔တစ္ႀကိမ္၊ ပုလင္းနဲ႔တစ္ႀကိမ္ ရန္ျပဳဖူးတယ္။ အဲဒီကတည္းက သူ႔အေဖ အုပ္ခ်ဳပ္ေရးမွဴးကို ‘ဦးေလးသား ေဆးကြဲေနၿပီ။ ေသခ်ာထိန္းေပးထား’ လို႔ ေျပာလိုက္ေသးတယ္။ အခုတစ္ႀကိမ္မွာလည္း ဘာရန္ၿငိႇဳး ရန္စမွ မရွိဘဲ ေဆးကဲြၿပီး ကြၽန္ေတာ့္ဦးေလးကို မေသမခ်င္း သတ္သြားတာ” ဟု အသတ္ခံရသူ၏ မိသားစု၀င္တစ္ဦးက ဆုိသည္။

“က်ဳးလြန္တဲ့သူကုိေတာ့ အခင္းျဖစ္ပြားၿပီး နာရီပုိင္း အၾကာမွာပဲ က်ဳးလြန္သူရဲ႕ ေနအိမ္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။ အရက္ေသစာ ေသာက္စားထားလား၊ မူးယစ္ေဆး၀ါး သုံးစြဲထားလား ဆုိတာကေတာ့ ေဆးစစ္ခ်က္ အေျဖရမွ သိရမွာပါ။ က်ဳးလြန္တဲ့သူက အိမ္ေထာင္ကြဲထားတယ္လုိ႔ သိရၿပီး ညဘက္လည္း မအိပ္ဘူး။ အရက္လည္း ေသာက္သုံးတတ္သူ ျဖစ္တယ္လုိ႔ ကနဦးစစ္ေဆးခ်က္အရ သိရပါတယ္” ဟု အေနာက္ပုိင္းခ႐ုိင္ ရဲတပ္ဖြဲ႕မွ ရဲအရာရိွ တစ္ဦးက ေျပာၾကားသည္။

အဆုိပါျဖစ္စဥ္အား လိႈင္ၿမိဳ႕မရဲစခန္းက (ပ)၇၀၃/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင္႔ အမႈဖြင့္ထားၿပီး က်ဳးလြန္သူအား ဖမ္းဆီးစစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။
__________________________________________________________________________
#Unicode
လှိုင်မြို့နယ်တွင် အသက် ၆၀ ကျော်အ ရွယ် အမျိုးသားတစ်ဦးအား မီးချောင်းကျိုးဖြင့်ထိုးပြီး ၀ါးရင်းတုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်ထိုးသတ်မှု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီခန့်က လှိုင်မြို့နယ် (၆) ရပ်ကွက် သုခလမ်းတွင် နေထိုင်သည့် ဦး...... (၆၂ နှစ်) သည် တက္ကစီမောင်းနှင်ရန်အတွက် နေအိမ်တိုက်အောက်သို့ ဆင်းလာခဲ့ကြောင်း သိရသည်။

ထို့နောက် နေအိမ်တိုက်အောက်သို့ ရောက်ပြီး လှေကားသော့ပိတ်နေစဉ် ၎င်းနှင့် တစ်ရပ်ကွက်တည်းတွင် နေထိုင်သည့် အောင်ကျော်ဖြိုး (ခ) ကိုဖြိုး (၃၅ နှစ်) ဆိုသူမှာ နှစ်ပေမီးချောင်းအကျိုး ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦး.......(၆၂ နှစ်) ၏ လည်ပင်းအား ထိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ မီးချောင်းဖြင့် အထိုးခံရပြီး ဦး......မှာ အနီးရှိ မုန့်ဟင်းခါးဆိုင်အတွင်း ပြေးဝင်လာရာ အဆိုပါ ဆိုင်အတွင်း၌ လဲကျသွားခဲ့ပြီး အောင်ကျော်ဖြိုးမှ လိုက်လာခဲ့ကာ ထပ်မံ၍ ၀ါးရင်းတုတ်ဖြင့် ရိုက်နှက်ထိုးသတ် ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးခံရသဖြင့် ဦး.....(၆၂ နှစ်) မှာ ၀ဲဘက်လည်ပင်း ပြတ်ရှထိုးသွင်းဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာနှင့် မေးအောက် ပြတ်ရှဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ လူသတ်မှုကျုးလွန်ခဲ့သည့် အောင်ကျော်ဖြိုး (ခ) ကိုဖြိုးမှာ အခင်းဖြစ်ပွားခဲ့သည့် လှိုင်မြို့နယ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်ပြီး ယခင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဦး.....(၆၂ နှစ်)အား အုတ်ခဲဖြင့် ဦးခေါင်းအား ထုခဲ့ဖူးကြောင်း၊ ထို့ပြင် ဦး.......(၆၂ နှစ်) ကားမောင်းစဉ် ကားအား ဘီယာပုလင်းဖြင့် ရိုက်ခဲ့ဖူးသော်လည်း အောင်ကျော်ဖြိုး၏ မိဘများ တောင်းပန်မှုကြောင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း မရှိခဲ့ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

“သတ်တဲ့သူနဲ့ ကျွန်တော်နဲ့ သိပါတယ်။ ကျွန်တော့်ဦးလေးကို ရန်ငြိှုးရန်စ မရှိဘဲ အရင်က အုတ်ခဲနဲ့တစ်ကြိမ်၊ ပုလင်းနဲ့တစ်ကြိမ် ရန်ပြုဖူးတယ်။ အဲဒီကတည်းက သူ့အဖေ အုပ်ချုပ်ရေးမှူးကို ‘ဦးလေးသား ဆေးကွဲနေပြီ။ သေချာထိန်းပေးထား’ လို့ ပြောလိုက်သေးတယ်။ အခုတစ်ကြိမ်မှာလည်း ဘာရန်ငြိှုး ရန်စမှ မရှိဘဲ ဆေးကွဲပြီး ကျွန်တော့်ဦးလေးကို မသေမချင်း သတ်သွားတာ” ဟု အသတ်ခံရသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

“ကျုးလွန်တဲ့သူကိုတော့ အခင်းဖြစ်ပွားပြီး နာရီပိုင်း အကြာမှာပဲ ကျုးလွန်သူရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အရက်သေစာ သောက်စားထားလား၊ မူးယစ်ဆေးဝါး သုံးစွဲထားလား ဆိုတာကတော့ ဆေးစစ်ချက် အဖြေရမှ သိရမှာပါ။ ကျုးလွန်တဲ့သူက အိမ်ထောင်ကွဲထားတယ်လို့ သိရပြီး ညဘက်လည်း မအိပ်ဘူး။ အရက်လည်း သောက်သုံးတတ်သူ ဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်အရ သိရပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား လှိုင်မြို့မရဲစခန်းက (ပ)၇၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Credit news Eleven
aung  yein chan

aung yein chan

Powered by Blogger.