#Zawgyi
မႏၱေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္အတြင္းရိွ ေတာင္သမန္အင္း တာရိုးေပါက္၍ အင္းေရထိန္းတံခါး အား ၆ လကၼခန္႔ ဖြင့္ထုတ္ခ့ဲရသည့္အတြက္ အင္းအေရွ႕ဘက္ရွိ ရပ္ကြက္ ၅ ခုခန္႔တြင္ ေရ ၅ ေပနီးပါး ျမွင့္တက္လာႏိုင္ၿပီး ေရနစ္ျမဳပ္မႈအႏၱရာယ္ေၾကာင့္ ရပ္ကြက္အတြင္းေနထိုင္သူမ်ားကို အေရးေပၚေရြ႕ေျပာင္း ကယ္ဆယ္ေရး လုပ္ေဆာင္လ်က္ရိွေၾကာင္းသိရသည္။မႏၱေလးဗဟိုမီးသတ္က တပ္ဖြဲ႔၀င္ ဦးသန္းေဌးက “တာရိုးက ေပါက္သြားတာျဖစ္တ့ဲအတြက္ ဖြင့္မထုတ္ရင္ က်ိဳးမယ့္ အႏၱရာယ္ရိွႏိုင္ပါတယ္။ အခု နံ႔သာရပ္ကြက္ထဲက အိမ္ေျခ ၇၀၀ ခန္႔ကို တပ္နဲ႔ ဌာနဆိုင္ရာေတြ စုေပါင္းၿပီး ေရြ႕ေျပာင္းေပးေနတယ္”ဟု ဧရာဝတီသို႔ေျပာသည္။
ဧရာဝတီျမစ္ေရတိုးမႈ အေျခအေနႏွင့္ပတ္သက္၍လည္း မိုးေလဝသႏွင့္ ဇလေဗဒညြန္ၾကားမႈ ဦးစီးဌာနက ယေန႔နံနက္ ၆ နာရီခြဲ မႏၱေလးၿမိဳ႕တြင္ ၂၄ နာရီအတြင္း ၆ စင္တီမီတာ တိုးလာ ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
“ေတာင္သမန္အင္း အေရွ႕ဘက္ျခမ္းက က်ိဳးျခင္သလိုျဖစ္ၿပီ။ အ့ဲဒါေၾကာင့္ အင္အေရွ႕ဘက္ျခမ္း ဒီေန႔ေရေဖာက္ခ်မယ္။ အ့ဲေနရာမွာေနတ့ဲ နံ႔သာရပ္ကြက္ကေတာ့ ေရဝင္မယ္။ ေရဝင္ႏိုင္တ့ဲရြာတခ်ိဳ႕ကို ေရြ႕ဖို႔ေျပာထားပါတယ္”ဟု မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးသက္ႏိုင္ထြန္းက ဧရာဝတီသို႔ေျပာသည္။
မိုးရြားသြန္းမႈအေျခအေနႏွင့္ ပတ္သက္၍ မိုးေလဝသႏွင့္ ဇလေဗဒညြန္ၾကားမႈဦးစီးဌာန၏ ယေန႔နံနက္ ၇ နာရီထုတ္ျပန္ခ်က္တြင္ မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ ယေန႔ညေနပိုင္း အထိခန္႔မွန္းခ်က္အရ ႐ြာရန္ရာႏႈန္းျပည့္ျဖင့္ မိုးအသင့္အတင့္ ထစ္ခ်ဳန္းရြာႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။
ေတာင္သမန္အင္းေရ ျမွင့္တက္မႈေၾကာင့္ ရတနာပံုတကၠသိုလ္အတြင္း ေရမ်ားဝင္ေရာက္လ်က္ရိွရာ ယေန႔ ၾသဂုတ္လ ၁ ရက္ေန႔မွစ၍ တကၠသိုလ္ေခတၱပိတ္ထားမည္ျဖစ္ၿပီး ျပန္ဖြင့္မည့္ရက္ကို ထပ္မံေၾကညာေပးမည္ျဖစ္ေၾကာင္းလည္း ေၾကညာထားသည္။
ယခုရက္ပုိင္း မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဧရာ၀တီျမစ္ေရတုိးလာရာ ဆိပ္ျဖဴၿမိဳ႕နယ္၊ သရက္ၿမိဳ႕နယ္၊ ျမန္ေအာင္ၿမိဳ႕နယ္မ်ားမွ ေက်းရြာတခ်ဳိ႕ကို ေျပာင္းေရြ႕ေပးေနေၾကာင္း အစုိးရသ တင္းကဆုိသည္။
_________________________________________________________________________
#Unicode
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်း တာရိုးပေါက်၍ အင်းရေထိန်းတံခါး အား ၆ လက္မခန့် ဖွင့်ထုတ်ခဲ့ရသည့်အတွက် အင်းအရှေ့ဘက်ရှိ ရပ်ကွက် ၅ ခုခန့်တွင် ရေ ၅ ပေနီးပါး မြှင့်တက်လာနိုင်ပြီး ရေနစ်မြုပ်မှုအန္တရာယ်ကြောင့် ရပ်ကွက်အတွင်းနေထိုင်သူများကို အရေးပေါ်ရွေ့ပြောင်း ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။မန္တလေးဗဟိုမီးသတ်က တပ်ဖွဲ့ဝင် ဦးသန်းဌေးက “တာရိုးက ပေါက်သွားတာဖြစ်တဲ့အတွက် ဖွင့်မထုတ်ရင် ကျိုးမယ့် အန္တရာယ်ရှိနိုင်ပါတယ်။ အခု နံ့သာရပ်ကွက်ထဲက အိမ်ခြေ ရ၀၀ ခန့်ကို တပ်နဲ့ ဌာနဆိုင်ရာတွေ စုပေါင်းပြီး ရွေ့ပြောင်းပေးနေတယ်”ဟု ဧရာဝတီသို့ပြောသည်။
ဧရာဝတီမြစ်ရေတိုးမှု အခြေအနေနှင့်ပတ်သက်၍လည်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ယနေ့နံနက် ၆ နာရီခွဲ မန္တလေးမြို့တွင် ၂၄ နာရီအတွင်း ၆ စင်တီမီတာ တိုးလာ ကြောင်းလည်း ထုတ်ပြန်ထားသည်။
“တောင်သမန်အင်း အရှေ့ဘက်ခြမ်းက ကျိုးခြင်သလိုဖြစ်ပြီ။ အဲ့ဒါကြောင့် အင်အရှေ့ဘက်ခြမ်း ဒီနေ့ရေဖောက်ချမယ်။ အဲ့နေရာမှာနေတဲ့ နံ့သာရပ်ကွက်ကတော့ ရေဝင်မယ်။ ရေဝင်နိုင်တဲ့ရွာတချို့ကို ရွေ့ဖို့ပြောထားပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဧရာဝတီသို့ပြောသည်။
မိုးရွားသွန်းမှုအခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ရ နာရီထုတ်ပြန်ချက်တွင် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေပိုင်း အထိခန့်မှန်းချက်အရ ရွာရန်ရာနှုန်းပြည့်ဖြင့် မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။
တောင်သမန်အင်းရေ မြှင့်တက်မှုကြောင့် ရတနာပုံတက္ကသိုလ်အတွင်း ရေများဝင်ရောက်လျက်ရှိရာ ယနေ့ သြဂုတ်လ ၁ ရက်နေ့မှစ၍ တက္ကသိုလ်ခေတ္တပိတ်ထားမည်ဖြစ်ပြီး ပြန်ဖွင့်မည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။
ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေတိုးလာရာ ဆိပ်ဖြူမြို့နယ်၊ သရက်မြို့နယ်၊ မြန်အောင်မြို့နယ်များမှ ကျေးရွာတချို့ကို ပြောင်းရွေ့ပေးနေကြောင်း အစိုးရသ တင်းကဆိုသည်။
#Credit irrawaddy,7Days