ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ '၀'၊ မုိင္းလား လက္နက္ကုိင္အဖြဲ႕ေခါင္းေဆာင္မ်ား ေနျပည္ေတာ္၌ ယေန႔ သီးျခားစီေတြ႕ဆုံမည္
#Zawgyi
ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္မထုိးရေသးသည့္ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕တစ္ခုျဖစ္သည့္ '၀' ျပည္ ေသြးစည္းညီညြတ္ေရးပါတီ(UWSP/UWSA)၊ ရွမ္းျပည္နယ္ အေရွ႕ပုိင္း အမ်ဳိးသားဒီမုိကေရစီ မဟာမိတ္တပ္ဖြဲ႕(NDAA) တုိ႔မွ ေခါင္းေဆာင္မ်ားသည္ ဇူလုိင္ ၂၉ ရက္တြင္ ေနျပည္ေတာ္၌ သီးျခားစီေတြ႕ဆုံမည္ျဖစ္ေၾကာင္း သမၼတ႐ုံး၀န္ႀကီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး၏ ေျပာျပခ်က္အရ သိရသည္။
၂၁ ရာစု ပင္လုံအႀကိဳျပင္ဆင္ေရး ဆပ္ေကာ္မတီ (၂) သည္ ၿပီးခဲ့သည့္ ဇြန္ ၁၇ ရက္ တြင္ ရွမ္းျပည္နယ္အေရွ႕ပုိင္း မုိင္းလားၿမိဳ႕သို႔ သြားေရာက္ၿပီး '၀' လက္နက္ကုိင္ ကုိယ္စားလွယ္အဖြဲ႕ႏွင့္ မုိင္းလား လက္နက္ကုိင္အဖြဲ႕ဟု ေခၚဆုိေသာ NDAA ကုိယ္စားလွယ္အဖြဲ႕တုိ႔ အား သီးျခားစီေတြ႕ဆုံ၍ '၀' ႏွင့္ မုိင္းလား လက္နက္ကုိင္အဖြဲ႕မ်ား NCA တြင္ ပူးေပါင္း ပါ၀င္ ေဆာင္ရြက္ၿပီး ၂၁ ရာစု ပင္လုံ ညီလာခံသို႔ တက္ေရာက္ေရး၊ ယင္းအဖြဲ႕ေခါင္းေဆာင္မ်ားအေနျဖင့္ ႏုိင္ငံေတာ္ေခါင္းေဆာင္မ်ားႏွင့္ လာေရာက္ ေတြ႕ဆုံေရးတုိ႔ကို ဖိတ္ၾကားခဲ့ျခင္းျဖစ္သည္။
သမၼတ႐ုံး၀န္ႀကီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက “မနက္ျဖန္ေဆြးေႏြးမယ့္ အေၾကာင္းအရာကေတာ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး၊ ေနာက္ ၂၁ ရာစု ပင္လုံညီလာခံမွာ ပါ၀င္သင့္ ပါ၀င္ထုိက္သူေတြ တက္ေရာက္ဖို႔ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ေပါ့။ အဓိကကေတာ့ ၂၁ ရာစု ပင္လုံညီလာခံနဲ႔ သက္ဆုိင္တဲ့ ဟာေတြေပ့ါေနာ္။ အဲဒါေတြနဲ႔ ၿငိမ္းခ်မ္းေရးကိစၥေပါ့” ဟု ဇူလုိင္ ၂၈ ရက္က ေျပာၾကားသည္။
UWSA ေခါင္းေဆာင္မ်ားႏွင့္ မုိင္းလား အထူးေဒသ(၄) ဥကၠ႒ ဦးစုိင္းလင္းႏွင့္ အဖြဲ႕တုိ႔ ဇူလုိင္ ၂၇ ရက္ႏွင့္ ၂၈ ရက္တုိ႔တြင္ ေနျပည္ေတာ္သို႔ ေရာက္ရွိလာေၾကာင္း သိရသည္။
'၀'င့္ မုိင္းလား လက္နက္ကုိင္အဖြဲ႕တို႔ သည္ ၎တုိ႔အေနျဖင့္ အစိုးရႏွင့္ အပစ္ရပ္စဲေရး ခုိင္ျမဲသည့္ အဖြဲ႕မ်ားျဖစ္၍ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ ပါ၀င္ လက္မွတ္ထုိးမည္ မဟုတ္ေသာ္လည္း ႏုိင္ငံေရးေဆြးေႏြးပြဲတြင္ ပါ၀င္ေဆြးေႏြးမည္ျဖစ္ေၾကာင္း ယခင္အစုိးရလက္ထက္က ထုတ္ေဖာ္ေျပာဆုိထားၿပီး လက္ရွိတြင္ ၎တုိ႔အဖြဲ႕၏ သေဘာထားကို လူထုအား ထုတ္ေဖာ္ေျပာဆုိျခင္း မရွိေသးေပ။
အစိုးရ ကုိယ္စားလွယ္အဖြဲ႕သည္ NCA လက္မွတ္ မထုိးရေသးသည့္ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕အားလုံးကို ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစု ပင္လုံသို႔ တက္ေရာက္ႏုိင္ေရးအတြက္ ေဆြးေႏြးညိႇႏႈိင္းေနရာ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ ၁၃ ဖြဲ႕အနက္ ေဆြးေႏြးညိႇႏႈိင္းရန္ က်န္ေနသည့္ တအာင္းလက္နက္ကုိင္အဖြဲ႕ PSLF/TNLA ကုိးကန္႔ လက္နက္ကုိင္အဖြဲ႕ MNDAA၊ ရခုိင္ လက္နက္ကုိင္အဖြဲ႕ AA တုိ႔ႏွင့္ ေတြ႕ဆုံရန္ ညိႇႏႈိင္းေနေၾကာင္း သိရသည္။
ေဒၚေအာင္ဆန္းစုၾကည္သည္ NCA လက္မွတ္ မထုိးရေသးသည့္ တုိင္းရင္းသားလ က္နက္ကုိင္အဖြဲ႕မ်ားႏွင့္ စုဖြဲ႕ထားသည့္ ညီညြတ္ေသာ တုိင္းရင္းသားလူမ်ဳိးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC) အဖြဲ႕၀င္ တုိင္းရင္းသား အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ ဇူလုိင္ ၁၇ ရက္တြင္ ရန္ကုန္ၿမိဳ႕၌ ေတြ႕ဆုံခဲ့သည္။
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစု ပင္လုံကို ယခုႏွစ္ ၾသဂုတ္လကုန္ပုိင္း မတုိင္မီ က်င္းပႏုိင္ေရး အစိုးရႏွင့္ NCA လက္မွတ္ထုိးထားသည့္ တုိင္းရင္းသားအဖြဲ႕မ်ား ညိႇႏႈိင္းေဆာင္ရြက္ေနရာ လာမည့္ ညီလာခံတြင္ NCA လက္မွတ္မထုိးေသးသည့္ အဖြဲ႕မ်ားအေနျဖင့္ ညီလာခံသို႔ တက္ေရာက္ၿပီး ၎တုိ႔၏ သေဘာထားမ်ားကို တင္ျပႏုိင္ေသာ္လည္း ေဆြးေႏြးဆုံးျဖတ္ မဲခြဲႏုိင္ျခင္း မရွိေၾကာင္း အစိုးရ ကုိယ္စားလွယ္မ်ား၏ ေျပာျပခ်က္အရ သိရသည္။
_________________________________________________________________________
#Unicode
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA) တို့မှ ခေါင်းဆောင်များသည် ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်၌ သီးခြားစီတွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောပြချက်အရ သိရသည်။
၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) သည် ပြီးခဲ့သည့် ဇွန် ၁၇ ရက် တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့သို့ သွားရောက်ပြီး '၀' လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ဟု ခေါ်ဆိုသော NDAA ကိုယ်စားလှယ်အဖွဲ့တို့ အား သီးခြားစီတွေ့ဆုံ၍ '၀' နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပူးပေါင်း ပါ၀င် ဆောင်ရွက်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ရေး၊ ယင်းအဖွဲ့ခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်ခေါင်းဆောင်များနှင့် လာရောက် တွေ့ဆုံရေးတို့ကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “မနက်ဖြန်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ နောက် ၂၁ ရာစု ပင်လုံညီလာခံမှာ ပါ၀င်သင့် ပါ၀င်ထိုက်သူတွေ တက်ရောက်ဖို့ အဲဒါနဲ့ပတ်သက်ပြီးတော့ပေါ့။ အဓိကကတော့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ သက်ဆိုင်တဲ့ ဟာတွေပေ့ါနော်။ အဲဒါတွေနဲ့ ငြိမ်းချမ်းရေးကိစ္စပေါ့” ဟု ဇူလိုင် ၂၈ ရက်က ပြောကြားသည်။
UWSA ခေါင်းဆောင်များနှင့် မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့တို့ ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။
'၀'င့် မိုင်းလား လက်နက်ကိုင်အဖွဲ့တို့ သည် ၎င်းတို့အနေဖြင့် အစိုးရနှင့် အပစ်ရပ်စဲရေး ခိုင်မြဲသည့် အဖွဲ့များဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါ၀င် လက်မှတ်ထိုးမည် မဟုတ်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲတွင် ပါ၀င်ဆွေးနွေးမည်ဖြစ်ကြောင်း ယခင်အစိုးရလက်ထက်က ထုတ်ဖော်ပြောဆိုထားပြီး လက်ရှိတွင် ၎င်းတို့အဖွဲ့၏ သဘောထားကို လူထုအား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံသို့ တက်ရောက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနေရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့အနက် ဆွေးနွေးညှိနှိုင်းရန် ကျန်နေသည့် တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA၊ ရခိုင် လက်နက်ကိုင်အဖွဲ့ AA တို့နှင့် တွေ့ဆုံရန် ညှိနှိုင်းနေကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလ က်နက်ကိုင်အဖွဲ့များနှင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များနှင့် ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံကို ယခုနှစ် သြဂုတ်လကုန်ပိုင်း မတိုင်မီ ကျင်းပနိုင်ရေး အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ ညှိနှိုင်းဆောင်ရွက်နေရာ လာမည့် ညီလာခံတွင် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များအနေဖြင့် ညီလာခံသို့ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားများကို တင်ပြနိုင်သော်လည်း ဆွေးနွေးဆုံးဖြတ် မဲခွဲနိုင်ခြင်း မရှိကြောင်း အစိုးရ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။
#Credit News eleven