Update News
recent

အိမ္ရွင္ျမန္မာ အမ်ိဳးသမီးအသင္း မေလးရွားအသင္းကုိ အႏုိင္ရကာ ဆီမီးဖိုင္ နယ္တက္ေရာက္


#Zawgyi
အာဆီယံအမ်ိဳးသမီး ခ်န္ပီယံရွစ္ၿပိဳင္ပဲြ အုပ္စု(ခ) အိမ္ရွင္ျမန္မာ အသင္းႏွင့္ မေလးရွားအသင္းတုိ႔၏ ပဲြစဥ္ကုိ ဇူလိုင္(၂၉)ရက္ ညေန(၆)နာရီက မႏၱလာသီရိ အားကစားကြင္းတြင္ က်င္းပခဲ့ရာ ျမန္မာအသင္းက မေလးရွားအသင္းကုိ (၂-၁) ဂုိးျဖင့္ အႏုိင္ရရွိကာ ဆီမီးဖိုင္နယ္သုိ႔ တက္ေရာက္သြားခဲ့ေၾကာင္း သိရသည္။
ျမန္မာအသင္းသည္ ယခုပြဲစဥ္တြင္ အႏုိင္ရရွိရန္ ရုန္းကန္ခဲ့ရၿပီး ပြဲခ်ိန္ (၇၉) မိနစ္တြင္ သြင္းယူသည့္ ၀င္းသိဂၤထြန္း၏ ေနာက္က် အႏုိင္ဂုိးေၾကာင့္သာ ႏုိင္ပဲြ ရရွိခဲ့ျခင္းျဖစ္သည္။
မေလးရွားအသင္းသည္ ယေန႔ပြဲတြင္ ျမန္မာအသင္းကုိ အေကာင္းဆံုးရင္ဆုိင္ ကစားႏုိင္ခဲ့ၿပီး ဦးေဆာင္ဂုိးကုိ ဒါဒရီးက (၁၈) မိနစ္တြင္သြင္းယူေပးခဲ့သည္။ ဂိုးေပးလိုက္ရၿပီး ေနာက္ပုိင္းတြင္ ျမန္မာအသင္း ျပာသြားခဲ့ကာ စုိးရိမ္စိတ္ မ်ားေနခ့ဲေသာေၾကာင့္ ေခ်ပဂုိးရရန္ အခြင့္အေရးမ်ား လြဲေခ်ာ္ခဲ့ရသည္။ ျမန္မာအသင္းအတြက္ ေခ်ပဂုိးကုိ ပထမပုိင္း နာက်င္အခ်ိန္ပိုတြင္ မေလးရွားေနာက္ခံလူ လက္ထိရာမွ ရရွိသည့္ ပယ္နယ္တီမွတဆင့္ ခင္မုိးေ၀က သြင္းယူေပးခဲ့သည္။
အုပ္စု(ခ)တြင္ ၾသစေၾတးလ် အသင္းႏွင့္ ျမန္မာအသင္း တုိ႔မွာ ႏွစ္ပြဲကစား၊ ႏွစ္ပြဲႏုိင္ ရမွတ္(၆)မွတ္စီရရွိကာ ဆီမီးဖိုင္နယ္သုိ႔ တက္ေရာက္သြားခဲ့ၿပီး မေလးရွားအသင္းႏွင့္ တီေမာအသင္းတုိ႔မွာ ႏွစ္ပြဲစလံုး ရႈံးနိမ့္ကာ အုပ္စုအဆင့္မွ ထြက္ခြာခဲ့ရၿပီျဖစ္သည္။
__________________________________________________________________________
#Unicode
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) အိမ်ရှင်မြန်မာ အသင်းနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်ကို ဇူလိုင်(၂၉)ရက် ညနေ(၆)နာရီက မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာအသင်းက မလေးရှားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိရန် ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၇၉) မိနစ်တွင် သွင်းယူသည့် ၀င်းသိင်္ဂထွန်း၏ နောက်ကျ အနိုင်ဂိုးကြောင့်သာ နိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။
မလေးရှားအသင်းသည် ယနေ့ပွဲတွင် မြန်မာအသင်းကို အကောင်းဆုံးရင်ဆိုင် ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ဒါဒရီးက (၁၈) မိနစ်တွင်သွင်းယူပေးခဲ့သည်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် မြန်မာအသင်း ပြာသွားခဲ့ကာ စိုးရိမ်စိတ် များနေခဲ့သောကြောင့် ချေပဂိုးရရန် အခွင့်အရေးများ လွဲချော်ခဲ့ရသည်။ မြန်မာအသင်းအတွက် ချေပဂိုးကို ပထမပိုင်း နာကျင်အချိန်ပိုတွင် မလေးရှားနောက်ခံလူ လက်ထိရာမှ ရရှိသည့် ပယ်နယ်တီမှတဆင့် ခင်မိုးဝေက သွင်းယူပေးခဲ့သည်။
အုပ်စု(ခ)တွင် သြစတြေးလျ အသင်းနှင့် မြန်မာအသင်း တို့မှာ နှစ်ပွဲကစား၊ နှစ်ပွဲနိုင် ရမှတ်(၆)မှတ်စီရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး မလေးရှားအသင်းနှင့် တီမောအသင်းတို့မှာ နှစ်ပွဲစလုံး ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
#Credit News Eleven
aung  yein chan

aung yein chan

Powered by Blogger.