Update News
recent

လူ႔အခြင့္အေရးအုပ္စုမ်ားက ကန္႔ကြက္ေနခဲ့ေသာ္လည္း အင္ဒိုနီးရွားက မူးယစ္တရားခံမ်ားကို ကြပ္မ်က္


#Zawgyi
 ႏိုင္ငံတြင္ မူးယစ္မႈျဖင့္ ျပစ္ဒဏ္က်ခံေနရေသာ တရားခံေလးဦးအား အင္ဒိုနီးရွားအစိုးရက ဇူလိုင္လ ၂၈ ရက္က ကြပ္မ်က္လုိက္ရာ ႏိုင္ငံတကာမွ လူ႔အခြင့္အေရး အုပ္စုမ်ားဘက္မွ ေ၀ဖန္ျပစ္တင္မႈမ်ား က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့သည္။ ဇူလုိင္လ ၂၈ ရက္က ျပည္ပႏိုင္ငံသား သံုးဦးအပါအ၀င္ မူးယစ္တရားခံေလးဦးကို ကြပ္မ်က္လုိက္ၿပီျဖစ္ေၾကာင္း အင္ဒိုအစိုးရ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ယခု ကြပ္မ်က္ခံရသူမ်ားထဲတြင္ ႏိုင္ဂ်ီရီးယားႏိုင္ငံသားသံုးဦးႏွင့္ အင္ဒို ႏိုင္ငံသားတစ္ဦးတို႔ ပါ၀င္ခဲ့ၿပီး ယခု ကြပ္မ်က္မႈမွာ ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္ ဧၿပီလေနာက္ပိုင္း ပထမဆံုးအႀကိမ္   ျပန္လည္လုပ္ေဆာင္ခဲ့သည့္ျဖစ္စဥ္လည္း ျဖစ္သည္။

ႏိုင္ငံတြင္ ျပစ္မႈႀကီးက်ဴးလြန္သူ တရားခံမ်ားအေပၚ ေသဒဏ္စီရင္က်င့္သံုးမႈ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သမၼတ ဂ်ဳိကုိ၀ီဒိုဒုိက ထပ္တလဲလဲ ေျပာၾကားထားၿပီး မူးယစ္ေဆး၀ါးကို အျမစ္ျပတ္တုိက္ဖ်က္ေနျခင္းေၾကာင့္ မူးယစ္ကုန္ကူးသူမ်ား ျပစ္ဒဏ္ႀကီးႀကီး က်ခံၾကရမည္ဟု ေျပာဆိုထားသည္။

သို႔ေသာ္ ယခုကဲ့သို႔ တရားခံမ်ားအား ကြပ္မ်က္ေနသည့္ အင္ဒိုအစုိးရ၏ လုပ္ရပ္အေပၚ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕မ်ားက ျပင္းထန္စြာ ကန္႔ကြက္တားျမစ္ေနၾကၿပီး ယင္းလုပ္ရပ္မ်ဳိးမွာ အလြန္တရာ ၀မ္းနည္းပူးေဆြးစရာေကာင္းသည့္ လုပ္ရပ္မ်ဳိးျဖစ္သည္ဟု ေျပာၾကားထားၾကသည္။

ဆက္လက္၍ က်န္ရွိေနေသးေသာ အျခားမူးယစ္တရားခံ ဆယ္ဦးအား ျပစ္ဒဏ္စီရင္မည့္ကာလကိုမူ ေခတၱဆုိင္းငံ့ထားလုိက္သည္ဟုလည္း သိရသည္။အဆုိပါ မူးယစ္မႈျဖင့္ ေသဒဏ္က်ခံေနရသူ ဆယ္ဦးထဲတြင္ ပါကစၥတန္၊ အိႏၵိယ၊ ဇင္ဘာေဘြ ႏွင့္ အင္ဒိုႏိုင္ငံသားမ်ား ပါ၀င္ေနသည္။
__________________________________________________________________________
#Unicode
 နိုင်ငံတွင် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော တရားခံလေးဦးအား အင်ဒိုနီးရှားအစိုးရက ဇူလိုင်လ ၂၈ ရက်က ကွပ်မျက်လိုက်ရာ နိုင်ငံတကာမှ လူ့အခွင့်အရေး အုပ်စုများဘက်မှ ဝေဖန်ပြစ်တင်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ဇူလိုင်လ ၂၈ ရက်က ပြည်ပနိုင်ငံသား သုံးဦးအပါအဝင် မူးယစ်တရားခံလေးဦးကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း အင်ဒိုအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ကွပ်မျက်ခံရသူများထဲတွင် နိုင်ဂျီရီးယားနိုင်ငံသားသုံးဦးနှင့် အင်ဒို နိုင်ငံသားတစ်ဦးတို့ ပါ၀င်ခဲ့ပြီး ယခု ကွပ်မျက်မှုမှာ နိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်   ပြန်လည်လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်သည်။

နိုင်ငံတွင် ပြစ်မှုကြီးကျူးလွန်သူ တရားခံများအပေါ် သေဒဏ်စီရင်ကျင့်သုံးမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုကို၀ီဒိုဒိုက ထပ်တလဲလဲ ပြောကြားထားပြီး မူးယစ်ဆေးဝါးကို အမြစ်ပြတ်တိုက်ဖျက်နေခြင်းကြောင့် မူးယစ်ကုန်ကူးသူများ ပြစ်ဒဏ်ကြီးကြီး ကျခံကြရမည်ဟု ပြောဆိုထားသည်။

သို့သော် ယခုကဲ့သို့ တရားခံများအား ကွပ်မျက်နေသည့် အင်ဒိုအစိုးရ၏ လုပ်ရပ်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ကန့်ကွက်တားမြစ်နေကြပြီး ယင်းလုပ်ရပ်မျိုးမှာ အလွန်တရာ ၀မ်းနည်းပူးဆွေးစရာကောင်းသည့် လုပ်ရပ်မျိုးဖြစ်သည်ဟု ပြောကြားထားကြသည်။

ဆက်လက်၍ ကျန်ရှိနေသေးသော အခြားမူးယစ်တရားခံ ဆယ်ဦးအား ပြစ်ဒဏ်စီရင်မည့်ကာလကိုမူ ခေတ္တဆိုင်းငံ့ထားလိုက်သည်ဟုလည်း သိရသည်။အဆိုပါ မူးယစ်မှုဖြင့် သေဒဏ်ကျခံနေရသူ ဆယ်ဦးထဲတွင် ပါကစ္စတန်၊ အိန္ဒိယ၊ ဇင်ဘာဘွေ နှင့် အင်ဒိုနိုင်ငံသားများ ပါ၀င်နေသည်။
#Credit Mizzima
aung  yein chan

aung yein chan

Powered by Blogger.