Update News
recent

ေက်ာက္တံခါးၿမိဳ႕တြင္ အမည္မသိ အမ်ဳိးသားတစ္ဦး ရထားေအာက္သုိ႔ ေခါင္း၀င္ခံၿပီး ရထားႀကိတ္၍ ဦးေခါင္းျပတ္ ေသဆုံးမႈျဖစ္ပြား


#Zawgyi
ပဲခူးတုိင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕ တြင္ ဇူလုိင္ ၂၈ ရက္ နံနက္ပုိင္းက ေက်ာက္တံခါးဘူတာ အနီးတြင္ အမည္မသိ အမ်ဳိးသား တစ္ဦး ရထားေအာက္သုိ႔ ေခါင္း၀င္ခံရာမွ ရထားႀကိတ္၍ ဦးေခါင္းျပတ္ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဇူလုိင္ ၂၈ ရက္ နံနက္ ၁၀ နာရီ ၁၅ မိနစ္ခန္႔က ေက်ာက္တံခါး ၿမိဳ႕မရဲစခန္းမွ အေနာက္ဘက္ ေလးဖာလုံခန္႔အကြာ မီးရထားသံလမ္းတြင္ လူတစ္ေယာက္ ရထားႀကိတ္၍ ဦးေခါင္းျပတ္ ေသဆုံးေၾကာင္း သတင္းအရ ေက်ာက္တံခါးၿမိဳ႕မစခန္းမွဴးႏွင့္ အဖြဲ႕မွာ အခင္းျဖစ္ေနရာသုိ႔ သြားေရာက္စစ္ေဆးခဲ့ရာ စာတုိက္ရပ္ကြက္အနီး မီးရထားလမ္း ေၾကးနန္းမုိင္တုိင္ အမွတ္ (၁၀၈/၁၆) ႏွင့္ (၁၀၈/၁၇) ဖာလုံအၾကား ေက်ာက္တံခါး ဘူတာ႐ုံေရွ႕ အစုန္လမ္းႏွင့္ အဆန္လမ္း အၾကားရွိ လူသြားပလက္ေဖာင္းမွ ၁၀ ေပခန္႔အကြာ၊ အစုန္ရထား သံလမ္းတြင္ ေတာင္ငူဘက္မွ ရန္ကုန္ဘက္သုိ႔ စက္ေခါင္းေမာင္း ဦး၀င္းျမင့္ ေမာင္းႏွင္လာေသာ မီးရထားစက္ေခါင္း အမွတ္ DF-1250 ရထားအမွတ္ (၂၀) အစုန္လူစီး ကုန္တင္ရထားမွ ေက်ာက္တံခါး ဘူတာ႐ုံေရွ႕တြင္ နံနက္ ၁၀ နာရီအခ်ိန္ ဆုိက္ကပ္ခဲ့ေၾကာင္း သိရသည္။ ထုိသုိ႔ဆုိက္ကပ္ၿပီး နံနက္ ၁၀ နာရီ ၃ မိနစ္အခ်ိန္ ျပန္လည္ထြက္ခြာစဥ္တြင္ စိတ္ေ၀ဒနာရွင္ဟု ယူဆရသည့္ အသက္ ၃၀ အရြယ္ခန္႔ရွိ (အမည္ ေနရပ္လိပ္စာ စုံစမ္းဆဲ) အမ်ဳိးသား တစ္ဦးက ရထားအနီးသုိ႔ လာေရာက္၍ ရထားတြဲေနာက္ဆုံးတြဲသုိ႔ ေရာက္ရွိလာခ်ိန္၌ ႐ုတ္တရက္ ထုိင္ခ်ၿပီး ရထားတြဲ၏ ရထားဘီးေအာက္သုိ႔ ဦးေခါင္းထုိး ၀င္ခံရာမွ ရထားအႀကိတ္ခံရကာ ဦးေခါင္းျပတ္၍ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ရထားႀကိတ္ ေသဆုံးမႈႏွင့္ ပတ္သက္၍ ေသဆုံးသူ အမည္မသိ အေလာင္းအား ရဲေဆးစာျဖင့္ ေဆး႐ုံသုိ႔ ပုိ႔ေဆာင္ကာ ဓမၼတာအတုိင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆးႏုိင္ရန္ ေသမႈေသခင္း အမွတ္စဥ္ (၃/၂၀၁၆) ျဖင့္ အမႈဖြင့္ စစ္ေဆး၍ အမည္ ေနရပ္လိပ္စာအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
__________________________________________________________________________
#Unicode
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ကျောက်တံခါးဘူတာ အနီးတွင် အမည်မသိ အမျိုးသား တစ်ဦး ရထားအောက်သို့ ခေါင်းဝင်ခံရာမှ ရထားကြိတ်၍ ဦးခေါင်းပြတ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ကျောက်တံခါး မြို့မရဲစခန်းမှ အနောက်ဘက် လေးဖာလုံခန့်အကွာ မီးရထားသံလမ်းတွင် လူတစ်ယောက် ရထားကြိတ်၍ ဦးခေါင်းပြတ် သေဆုံးကြောင်း သတင်းအရ ကျောက်တံခါးမြို့မစခန်းမှူးနှင့် အဖွဲ့မှာ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ စာတိုက်ရပ်ကွက်အနီး မီးရထားလမ်း ကြေးနန်းမိုင်တိုင် အမှတ် (၁၀၈/၁၆) နှင့် (၁၀၈/၁၇) ဖာလုံအကြား ကျောက်တံခါး ဘူတာရုံရှေ့ အစုန်လမ်းနှင့် အဆန်လမ်း အကြားရှိ လူသွားပလက်ဖောင်းမှ ၁၀ ပေခန့်အကွာ၊ အစုန်ရထား သံလမ်းတွင် တောင်ငူဘက်မှ ရန်ကုန်ဘက်သို့ စက်ခေါင်းမောင်း ဦးဝင်းမြင့် မောင်းနှင်လာသော မီးရထားစက်ခေါင်း အမှတ် DF-1250 ရထားအမှတ် (၂၀) အစုန်လူစီး ကုန်တင်ရထားမှ ကျောက်တံခါး ဘူတာရုံရှေ့တွင် နံနက် ၁၀ နာရီအချိန် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆိုက်ကပ်ပြီး နံနက် ၁၀ နာရီ ၃ မိနစ်အချိန် ပြန်လည်ထွက်ခွာစဉ်တွင် စိတ်ဝေဒနာရှင်ဟု ယူဆရသည့် အသက် ၃၀ အရွယ်ခန့်ရှိ (အမည် နေရပ်လိပ်စာ စုံစမ်းဆဲ) အမျိုးသား တစ်ဦးက ရထားအနီးသို့ လာရောက်၍ ရထားတွဲနောက်ဆုံးတွဲသို့ ရောက်ရှိလာချိန်၌ ရုတ်တရက် ထိုင်ချပြီး ရထားတွဲ၏ ရထားဘီးအောက်သို့ ဦးခေါင်းထိုး ၀င်ခံရာမှ ရထားအကြိတ်ခံရကာ ဦးခေါင်းပြတ်၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရထားကြိတ် သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ အမည်မသိ အလောင်းအား ရဲဆေးစာဖြင့် ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၆) ဖြင့် အမှုဖွင့် စစ်ဆေး၍ အမည် နေရပ်လိပ်စာအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Credit YGN Media
aung  yein chan

aung yein chan

Powered by Blogger.