Update News
recent

ဂ်က္လီက ၎၏ က်န္းမာေရး အေျခအေနႏွင့္ ပတ္သက္သည့္ သတင္းမ်ားကို ေ၀ဖန္


#Zawgyi
တ႐ုတ္သ႐ုပ္ေဆာင္ ဂ်က္လီက ၎၏ က်န္းမာေရး အေျခအေနႏွင့္ ပတ္သက္သည့္ သတင္းမ်ားသည္ အလြန္အမင္း ခ်ဲ႕ကားထားသည့္ သတင္းမ်ားသာျဖစ္သည္ဟု ေ၀ဖန္ခဲ့သည္။

ဂ်က္လီ၏ က်န္းမာေရး အေျခအေနသည္ ပိုမိုဆိုးရြားလာေၾကာင္းႏွင့္ ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္း အက္ရွင္ဇာတ္ကား ႐ိုက္ကူးမႈမ်ားမွ ရရွိခဲ့သည့္ ဒဏ္ရာမ်ားေၾကာင့္ ဘီးတပ္ကုလားထိုင္ျဖင့္ သြားလာေနရေၾကာင္း လူမႈကြန္ရက္ အခ်ိဳ႕တြင္ သတင္းမ်ား ထြက္ရွိခဲ့သည္။

မိမိ၏ က်န္းမာေရး အေျခအေနသည္ စိုးရိမ္ပူပန္စရာ မလိုေၾကာင္း ဂ်က္လီက အခိုင္အမာ ေျပာၾကားခဲ့သည္။

“၀က္ဘ္ဆိုက္ေတြမွာ ေဖာ္ျပတဲ့သတင္းေတြေၾကာင့္ ကြၽန္ေတာ့္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး မိတ္ေဆြေတြကေတာင္ စိုးရိမ္ပူပန္ေနၾကတယ္။ ဘီးတပ္ကုလားထိုင္ ေရာင္းေကာင္းေအာင္ ဘယ္ကုမၸဏီက ဒီလိုမ်ဳိး သတင္းလႊင့္လိုက္လဲ ဆိုတာကို ေသခ်ာ မသိပါဘူး” ဟု အသက္ ၅၃ ႏွစ္အရြယ္ရွိ ဂ်က္လီက ေျပာၾကားခဲ့သည္။

လြန္ခဲ့သည့္ ေျခာက္ႏွစ္က ခံစားခဲ့ရသည့္ သိုင္း႐ြိဳက္ေဟာ္မုန္းထြက္ရွိမႈ မ်ားျပားသည့္ အေျခအေနသည္ ျပန္လည္ေကာင္းမြန္လာၿပီဟု ဂ်က္လီကဆိုသည္။ ၿပီးခဲ့သည့္ ဆယ္စုႏွစ္တြင္ အက္ရွင္ဇာတ္ကားမ်ား ႐ိုက္ကူးမႈကို ေလွ်ာ့ခ်ခဲ့ျခင္းမွာ က်န္းမာေရး အေျခအေနေၾကာင့္ မဟုတ္ဘဲ ပရဟိတ အလုပ္မ်ားကို ပိုမိုလုပ္ေဆာင္ခ်င္ေသာေၾကာင့္ ျဖစ္သည္ဟု ဂ်က္လီက ေျပာၾကားခဲ့သည္။

ဒါ႐ိုက္တာက်န္းယိမု ႐ိုက္ကူးသည့္ Hero ဇာတ္ကားျဖင့္ ေက်ာ္ၾကားခဲ့သည့္ ဂ်က္လီသည္ The One ေဖာင္ေဒးရွင္းကို ထူေထာင္ခဲ့ၿပီး ၾကက္ေျခနီအဖြဲ႕ႏွင့္ ပူးေပါင္းကာ သဘာ၀ ေဘးအႏၲရာယ္ ကယ္ဆယ္ေရးမ်ား အတြက္ ပံ့ပိုးေပးခဲ့သည္။ ဂ်က္လီသည္ သဘာ၀ေဘးအႏၲရာယ္ ျဖစ္ၿပီးေနာက္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားတြင္ ကိုယ္တိုင္ပါ၀င္ ေဆာင္ရြက္ခဲ့သည္ဟု သိရသည္။ လီသည္ ၂၀၁၀ ျပည့္ႏွစ္တြင္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕၏ အထူးသံတမန္ အျဖစ္ ခန္႔အပ္ခံခဲ့ရသည္။
_______________________________________________________________________
#Unicode
တရုတ်သရုပ်ဆောင် ဂျက်လီက ၎င်း၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် သတင်းများသည် အလွန်အမင်း ချဲ့ကားထားသည့် သတင်းများသာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

ဂျက်လီ၏ ကျန်းမာရေး အခြေအနေသည် ပိုမိုဆိုးရွားလာကြောင်းနှင့် ပြီးခဲ့သည့် နှစ်များအတွင်း အက်ရှင်ဇာတ်ကား ရိုက်ကူးမှုများမှ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရကြောင်း လူမှုကွန်ရက် အချို့တွင် သတင်းများ ထွက်ရှိခဲ့သည်။

မိမိ၏ ကျန်းမာရေး အခြေအနေသည် စိုးရိမ်ပူပန်စရာ မလိုကြောင်း ဂျက်လီက အခိုင်အမာ ပြောကြားခဲ့သည်။

“၀က်ဘ်ဆိုက်တွေမှာ ဖော်ပြတဲ့သတင်းတွေကြောင့် ကျွန်တော့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိတ်ဆွေတွေကတောင် စိုးရိမ်ပူပန်နေကြတယ်။ ဘီးတပ်ကုလားထိုင် ရောင်းကောင်းအောင် ဘယ်ကုမ္ပဏီက ဒီလိုမျိုး သတင်းလွှင့်လိုက်လဲ ဆိုတာကို သေချာ မသိပါဘူး” ဟု အသက် ၅၃ နှစ်အရွယ်ရှိ ဂျက်လီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ခြောက်နှစ်က ခံစားခဲ့ရသည့် သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှု များပြားသည့် အခြေအနေသည် ပြန်လည်ကောင်းမွန်လာပြီဟု ဂျက်လီကဆိုသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်တွင် အက်ရှင်ဇာတ်ကားများ ရိုက်ကူးမှုကို လျှော့ချခဲ့ခြင်းမှာ ကျန်းမာရေး အခြေအနေကြောင့် မဟုတ်ဘဲ ပရဟိတ အလုပ်များကို ပိုမိုလုပ်ဆောင်ချင်သောကြောင့် ဖြစ်သည်ဟု ဂျက်လီက ပြောကြားခဲ့သည်။

ဒါရိုက်တာကျန်းယိမု ရိုက်ကူးသည့် Hero ဇာတ်ကားဖြင့် ကျော်ကြားခဲ့သည့် ဂျက်လီသည် The One ဖောင်ဒေးရှင်းကို ထူထောင်ခဲ့ပြီး ကြက်ခြေနီအဖွဲ့နှင့် ပူးပေါင်းကာ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးများ အတွက် ပံ့ပိုးပေးခဲ့သည်။ ဂျက်လီသည် သဘာဝဘေးအန္တရာယ် ဖြစ်ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကိုယ်တိုင်ပါ၀င် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ လီသည် ၂၀၁၀ ပြည့်နှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၏ အထူးသံတမန် အဖြစ် ခန့်အပ်ခံခဲ့ရသည်။
#Credit news eleven
aung  yein chan

aung yein chan

Powered by Blogger.