ကားစလစ်ဈေး ကျပ် သိန်း ၁၀၀ ကျော်ပေါက်
#Zawgyi
စက်မှုဇုန်ထုတ်ကားများ အစား အိမ်စီးကားများ တင်သွင်း ခွင့်မပြုတော့ဟု ဆိုခြင်းကြောင့် ပြည်တွင်းကားဈေးကွက်တွင် စလစ်ဈေး ကျပ် သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာကြောင်း သ တင်းရရှိသည်။
ယခင်က စလစ်ဈေး ကျပ်သိန်း ၈၀ ခန့်သာရှိခဲ့ရာမှ စက်မှုဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံပါက အိမ်စီးကားများ ပြန်လည် တင် သွင်းခွင့်ပြုမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအ တွင်း ကျပ်သိန်း ၂၀ ကျော် မြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းကားဈေးကွက်အ တွင်း ဇူလိုင် ၂၈ ရက် ညနေဈေး ကွက်အရ စလစ်တစ်စောင်လျှင် ကျပ် ၁၀၅ သိန်းခန့်ရှိသည်။
စလစ်ဈေးကွက်တွင် ယာဉ် အိုယာဉ်ဟောင်းထက် စက်မှုဇုန် ထုတ်ကားစလစ်မှာ ပိုမိုများပြား၍ယခုထုတ်ပြန်မှုသည် ပြည်တွင်း ကားဈေးကွက်ကို သက်ရောက်မှု ကြီးမားနိုင်ကြောင်း မော်တော် ယာဉ်အရောင်းအဝယ်ပြုလုပ်သူ များက ဆိုသည်။
မူဝါဒမပြောင်းလဲမီက စက်မှုဇုန်ထုတ်စလစ်များသည် ဈေးကွက်တွင် အရောင်းအဝယ်အများ ဆုံးဖြစ်ခဲ့၍ ကားဈေးကွက်၌ စလစ်ရှားပါးမှု ကြုံတွေ့ရနိုင်ကြောင်း J Trade စင်တာမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်စိုးက ဆိုသည်။
တစ်ဆက်တည်းမှာပင် ရန် ကုန်တွင် ကားပါကင်ထောက်ခံ ချက်ဖြင့် တင်သွင်းမှုကို တိုင်းအ စိုးရက ရပ်ဆိုင်းထားသဖြင့် ဖရီး ပါမစ်ကားများ ရှားပါးပြီး ဈေးနှုန်း မြင့်တက်နေချိန်၌ စလစ်ဈေးမြင့်တက်လာခြင်း ဖြစ်သည်။
‘‘ရန်ကုန်ကို လေလံကား တွေ အဝင် ဒီလထဲ ထပ်လျော့လာပြီး ကားဈေးလည်း ထပ်တက်နိုင် တယ်’’ဟု သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားအရောင်းအဝယ်ပြုလုပ်သူ ကိုပိုင်စိုးဦးက ခန့်မှန်းသည်။
__________________________________________________________________________
#Unicode
စက်မှုဇုန်ထုတ်ကားများ အစား အိမ်စီးကားများ တင်သွင်း ခွင့်မပြုတော့ဟု ဆိုခြင်းကြောင့် ပြည်တွင်းကားစျေးကွက်တွင် စလစ်စျေး ကျပ် သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာကြောင်း သ တင်းရရှိသည်။
ယခင်က စလစ်စျေး ကျပ်သိန်း ၈၀ ခန့်သာရှိခဲ့ရာမှ စက်မှုဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံပါက အိမ်စီးကားများ ပြန်လည် တင် သွင်းခွင့်ပြုမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအ တွင်း ကျပ်သိန်း ၂၀ ကျော် မြင့်တက်လာခြင်းဖြစ်သည်။
‘‘မနေ့ကစပြီး သိန်း ၁၀၀ ကျော်သွားတာ။ ဒီနေ့ စျေးကွက် ထဲမှာ စလစ်ရှာဝယ်လို့ကို မရ တော့ဘူး’’ဟု လှိုင်ယာဉ်ရောင်း ဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးမိုးမြင့်က ပြောသည်။
‘‘စလစ်က သိန်း ၁၀၀ ကျော် ဖြစ်တာ ၂၀၁၅ နှစ်စက တစ်ခါဖြစ်ဖူးတယ်။ ဒါနဲ့ဆို ဒုတိယအကြိမ် သိန်း ၁၀၀ ကျော်တာ’’ဟု ဦးမိုးမြင့် က ပြောကြားသည်။
ပြည်တွင်းကားစျေးကွက်အ တွင်း ဇူလိုင် ၂၈ ရက် ညနေစျေး ကွက်အရ စလစ်တစ်စောင်လျှင် ကျပ် ၁၀၅ သိန်းခန့်ရှိသည်။
စလစ်စျေးကွက်တွင် ယာဉ် အိုယာဉ်ဟောင်းထက် စက်မှုဇုန် ထုတ်ကားစလစ်မှာ ပိုမိုများပြား၍ယခုထုတ်ပြန်မှုသည် ပြည်တွင်း ကားစျေးကွက်ကို သက်ရောက်မှု ကြီးမားနိုင်ကြောင်း မော်တော် ယာဉ်အရောင်းအဝယ်ပြုလုပ်သူ များက ဆိုသည်။
မူဝါဒမပြောင်းလဲမီက စက်မှုဇုန်ထုတ်စလစ်များသည် စျေးကွက်တွင် အရောင်းအဝယ်အများ ဆုံးဖြစ်ခဲ့၍ ကားစျေးကွက်၌ စလစ်ရှားပါးမှု ကြုံတွေ့ရနိုင်ကြောင်း J Trade စင်တာမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်စိုးက ဆိုသည်။
တစ်ဆက်တည်းမှာပင် ရန် ကုန်တွင် ကားပါကင်ထောက်ခံ ချက်ဖြင့် တင်သွင်းမှုကို တိုင်းအ စိုးရက ရပ်ဆိုင်းထားသဖြင့် ဖရီး ပါမစ်ကားများ ရှားပါးပြီး စျေးနှုန်း မြင့်တက်နေချိန်၌ စလစ်စျေးမြင့်တက်လာခြင်း ဖြစ်သည်။
‘‘ရန်ကုန်ကို လေလံကား တွေ အဝင် ဒီလထဲ ထပ်လျော့လာပြီး ကားစျေးလည်း ထပ်တက်နိုင် တယ်’’ဟု သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားအရောင်းအဝယ်ပြုလုပ်သူ ကိုပိုင်စိုးဦးက ခန့်မှန်းသည်။
စက်မှုဇုန်ထုတ်ယာဉ်များကို သက်တမ်း ၁၀ နှစ်ပြည့်ပါက ကညနက အပ်နှံခွင့်ပေးနေသော် လည်း နောက်ပိုင်းတွင် ဇုန်ထုတ် ယာဉ်များထဲမှ မသမာသောနည်း လမ်းများဖြင့် တိုက်ကြေများအ ဖြစ် အသွင်ပြောင်းကာ လုပ်ဆောင် သောကြောင့် ယခုကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
#Credit 7Days