အနံ႔ဆုိးမ်ားေၾကာင့္ ၿမိတ္ၿမိဳ႕ရွိ ငါးအမႈန္႔ႀကိတ္စက္႐ံုအခ်ဳိ႕ကို လုပ္ငန္း ၆လ ရပ္နားရန္ စာထုတ္မည္
#Zawgyi
ၿပီးခဲ့သည့္ ႏွစ္လခန္႔က ၿမိတ္ၿမိဳ႕ရွိ ငါးအမႈႀကိတ္စက္႐ံုမ်ား အနံ႔ဆိုးထြက္ျခင္းႏွင့္ ပတ္သက္ၿပီး သတိေပးခံရၿပီးေနာက္ ဇူလိုင္ ၂၇ရက္က ထပ္မံစစ္ေဆးရာ စက္႐ံုအခ်ဳိ႕ အနံ႔ဆိုးမ်ား မေပ်ာက္ကင္းေသးသျဖင့္ လုပ္ငန္း ၆လခန္႔ ရပ္နားရန္ စာထုတ္ျပန္သြားမည္ဟု တနသၤာတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္က ေျပာသည္။
၎က စက္႐ံုမ်ားကို လုိက္လံစစ္ေဆးမည္ျဖစ္ရာ စက္႐ံုမ်ားလည္ပတ္ေပးထားရန္ မွာၾကားထားရာ စက္႐ံုတစ္ခုသာ လည္ပတ္ေနၿပီး က်န္စက္႐ံုမ်ားမွာ ငါးကုန္ၾကမ္းမရသျဖင့္ လည္ပတ္ႏုိင္ျခင္းမရွိေသာ္လည္း အခ်ဳိ႕မွာ အနံ႔ဆုိးမ်ား မေပ်ာက္ကင္းေသးဘဲရွိေနျခင္းေၾကာင့္ ယခုကဲ့သုိ႔ စာထုတ္ျပန္ရန္ ဆံုးျဖတ္ရျခင္းျဖစ္ေၾကာင္း ဇူလိုင္ ၂၈ရက္က ၿမိတ္ၿမိဳ႕ရွိ ပုလဲရတနာခန္းမတြင္ ဝန္ႀကီးခ်ဳပ္က ေျပာျခင္းျဖစ္သည္။
“ျပဳျပင္ထားတဲ့အခ်က္ေတြကိုေတာ့ အနည္းငယ္ေတြ႕ရပါတယ္။ ကြ်န္မတို႔ ထားဝယ္ကိုေရာက္တဲ့အခ်ိန္မွာ စာထုတ္ပါမယ္။ ဒီဟာေတြ ဘယ္သူပါတယ္။ မပါဘူးဆိုတာမေျပာပါဘူး။ ကြ်န္မတုိ႔ စာထုတ္ျပီးေတာ့ ပိတ္ခိုင္းပါမယ္” ဟု ၎က ေျပာၾကားခဲ့သည္။
စီးပြားေရးလုပ္ငန္းတစ္ခုအေနျဖင့္ ျပည္သူကို ထိခိုက္နစ္နာေနျပီဆိုပါက မိမိတို႔ဘက္မွ တစ္ခုခုလုပ္ေပးရန္သင့္သည္ဟု ယူဆမိေၾကာင္း၊ စက္ရံုလုပ္ငန္းအေနျဖင့္ အတုိင္းအတာတစ္ခုအထိ အက်ိဳးအျမတ္ရရိွေနျပီျဖစ္သျဖင့္ ျပည္သူေတြအတြက္ ငဲ့ကြက္သင့္ေၾကာင္း ဝန္ၾကီးခ်ဳပ္ကေျပာၾကားခဲ့သည္။
“ျပည္သူေတြအတြက္ လုပ္လည္းလုပ္ေပးရမယ္ဆုိတဲ့ အသိစိတ္ဓာတ္နဲ႔ ျပင္ခ်င္ျပင္ စီးပြားေရးလုပ္ငန္းေျပာင္းေပးဖို႔ လိုအပ္ပါတယ္။ ကၽြန္မကေတာ့ ဒါကို ျပတ္ျပတ္သားသားပဲ ဆံုးျဖတ္ခ်င္တာ။ အျပီးအပိုင္လိုင္စင္ပိတ္သိမ္းေစခ်င္တာပါ” ဟု ဝန္ႀကီးခ်ဳပ္က ထပ္ဆင့္ေျပာၾကားခဲ့သည္။
ဇူလိုင္ ၂၇ရက္က ငါးအမႈန္႔ႀကိတ္စက္ရံုမ်ားအနက္ အခ်ဳိ႕မွာ ငါးကုန္ၾကမ္းမရရိွသျဖင့္ စက္ရံုလည္ပတ္မွဳမရိွေၾကာင္း ငါးအမႈန္႔ႀကိတ္စက္႐ံု တာဝန္ခံမ်ားက ေျပာၾကားျခင္းရိွခဲ့ျခင္းေၾကာင္း ဝန္ႀကီးခ်ဳပ္အေနျဖင့္ ေနာက္ထပ္တစ္ဖန္ လာေရာက္ၾကည့္ရွဳမည္ဟု ေျပာၾကားခဲ့ေသာ္လည္း ဇူလိုင္ (၂၈)၌ ထိုသို႔ ထပ္မံေျပာၾကားသြားျခင္းျဖစ္သည္။
ငါးအမႈန႔္ႀကိတ္စက္ရုံမ်ားအေနျဖင့္ အနံ႔ဆိုးကိစၥကို အျမန္ဆုံးေျဖရွင္းရန္ ျပင္ဆင္သင့္ၿပီး မိမိတို႔အစိုးရအဖြဲ႔အေနျဖင့္လည္း လုပ္ႏိုင္သည့္အခြင့္အလမ္းထဲမွ လုပ္ပိုင္ခြင့္ရွိသေလာက္ ကူညီေပးသြားမည္ဟု ငါးအမႈန႔္ႀကိတ္စက္ရုံ၏ တာဝန္ရွိသူကို ဝန္ႀကီးက မွာၾကားမႈျပဳလုပ္ခဲ့သည္။
ယင္းသို႔ အနံ႔ဆိုးကိစေျဖရွင္းျခင္းသည္ ျပည္သူလူထုအတြက္ အဓိက ရည္ရြယ္လုပ္ေဆာင္ျခင္းျဖစ္ၿပီး အနံ႔ဆိုးထြက္သည့္အေျခအေနျဖစ္ပါက လုံးဝ လက္ခံမည္မဟုတ္ေၾကာင္း ဝန္ႀကီးကဆိုသည္။
လက္ရွိအခ်ိန္တြင္ ငါးအမႈန႔္ႀကိတ္စက္ရုံမ်ားအေနျဖင့္ ငါးအပုတ္မ်ားကို မဝယ္ရန္ ႏွင့္ ထိုသို႔ မဝယ္မွသာ ေရာင္းသူမရွိမွာျဖစ္ေၾကာင္း လတ္ဆတ္ေသာငါးမ်ားျဖင့္သာ လုပ္ငန္းေဆာင္ရြက္ၾကရန္ ဝန္ႀကီးက သတိေပးခဲ့သည္။
ၿမိတ္ၿမိဳ႕ရွိ ငါးအမွဳန္႔ၾကိတ္စက္ရံုမ်ားမွာ အင္းေလးၿမိဳင္စက္မွဳဇုန္၌ မင္းဇာနည္၊ ထူးထူးတုိး၊ အေဆာင္ေကာင္း၊ ဗဲင္(န္)ေတ့(ခ်္)ႏွင့္ ပေထာ္ပထက္ကြ်န္း ငါးအမႈန္႔ႀကိတ္စက္ရံု စသျဖင့္ စက္႐ံု ငါးခုရွိသည္။
_______________________________________________________________________
#Unicode
ပြီးခဲ့သည့် နှစ်လခန့်က မြိတ်မြို့ရှိ ငါးအမှုကြိတ်စက်ရုံများ အနံ့ဆိုးထွက်ခြင်းနှင့် ပတ်သက်ပြီး သတိပေးခံရပြီးနောက် ဇူလိုင် ၂၇ရက်က ထပ်မံစစ်ဆေးရာ စက်ရုံအချို့ အနံ့ဆိုးများ မပျောက်ကင်းသေးသဖြင့် လုပ်ငန်း ၆လခန့် ရပ်နားရန် စာထုတ်ပြန်သွားမည်ဟု တနင်္သာတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
၎င်းက စက်ရုံများကို လိုက်လံစစ်ဆေးမည်ဖြစ်ရာ စက်ရုံများလည်ပတ်ပေးထားရန် မှာကြားထားရာ စက်ရုံတစ်ခုသာ လည်ပတ်နေပြီး ကျန်စက်ရုံများမှာ ငါးကုန်ကြမ်းမရသဖြင့် လည်ပတ်နိုင်ခြင်းမရှိသော်လည်း အချို့မှာ အနံ့ဆိုးများ မပျောက်ကင်းသေးဘဲရှိနေခြင်းကြောင့် ယခုကဲ့သို့ စာထုတ်ပြန်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဇူလိုင် ၂၈ရက်က မြိတ်မြို့ရှိ ပုလဲရတနာခန်းမတွင် ဝန်ကြီးချုပ်က ပြောခြင်းဖြစ်သည်။
“ပြုပြင်ထားတဲ့အချက်တွေကိုတော့ အနည်းငယ်တွေ့ရပါတယ်။ ကျွန်မတို့ ထားဝယ်ကိုရောက်တဲ့အချိန်မှာ စာထုတ်ပါမယ်။ ဒီဟာတွေ ဘယ်သူပါတယ်။ မပါဘူးဆိုတာမပြောပါဘူး။ ကျွန်မတို့ စာထုတ်ပြီးတော့ ပိတ်ခိုင်းပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ပြည်သူကို ထိခိုက်နစ်နာနေပြီဆိုပါက မိမိတို့ဘက်မှ တစ်ခုခုလုပ်ပေးရန်သင့်သည်ဟု ယူဆမိကြောင်း၊ စက်ရုံလုပ်ငန်းအနေဖြင့် အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ရရှိနေပြီဖြစ်သဖြင့် ပြည်သူတွေအတွက် ငဲ့ကွက်သင့်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
“ပြည်သူတွေအတွက် လုပ်လည်းလုပ်ပေးရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ပြင်ချင်ပြင် စီးပွားရေးလုပ်ငန်းပြောင်းပေးဖို့ လိုအပ်ပါတယ်။ ကျွန်မကတော့ ဒါကို ပြတ်ပြတ်သားသားပဲ ဆုံးဖြတ်ချင်တာ။ အပြီးအပိုင်လိုင်စင်ပိတ်သိမ်းစေချင်တာပါ” ဟု ဝန်ကြီးချုပ်က ထပ်ဆင့်ပြောကြားခဲ့သည်။
ဇူလိုင် ၂၇ရက်က ငါးအမှုန့်ကြိတ်စက်ရုံများအနက် အချို့မှာ ငါးကုန်ကြမ်းမရရှိသဖြင့် စက်ရုံလည်ပတ်မှုမရှိကြောင်း ငါးအမှုန့်ကြိတ်စက်ရုံ တာဝန်ခံများက ပြောကြားခြင်းရှိခဲ့ခြင်းကြောင်း ဝန်ကြီးချုပ်အနေဖြင့် နောက်ထပ်တစ်ဖန် လာရောက်ကြည့်ရှုမည်ဟု ပြောကြားခဲ့သော်လည်း ဇူလိုင် (၂၈)၌ ထိုသို့ ထပ်မံပြောကြားသွားခြင်းဖြစ်သည်။
ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် အနံ့ဆိုးကိစ္စကို အမြန်ဆုံးဖြေရှင်းရန် ပြင်ဆင်သင့်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လုပ်နိုင်သည့်အခွင့်အလမ်းထဲမှ လုပ်ပိုင်ခွင့်ရှိသလောက် ကူညီပေးသွားမည်ဟု ငါးအမှုန့်ကြိတ်စက်ရုံ၏ တာဝန်ရှိသူကို ဝန်ကြီးက မှာကြားမှုပြုလုပ်ခဲ့သည်။
ယင်းသို့ အနံ့ဆိုးကိစဖြေရှင်းခြင်းသည် ပြည်သူလူထုအတွက် အဓိက ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အနံ့ဆိုးထွက်သည့်အခြေအနေဖြစ်ပါက လုံးဝ လက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးကဆိုသည်။
လက်ရှိအချိန်တွင် ငါးအမှုန့်ကြိတ်စက်ရုံများအနေဖြင့် ငါးအပုတ်များကို မဝယ်ရန် နှင့် ထိုသို့ မဝယ်မှသာ ရောင်းသူမရှိမှာဖြစ်ကြောင်း လတ်ဆတ်သောငါးများဖြင့်သာ လုပ်ငန်းဆောင်ရွက်ကြရန် ဝန်ကြီးက သတိပေးခဲ့သည်။
မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံများမှာ အင်းလေးမြိုင်စက်မှုဇုန်၌ မင်းဇာနည်၊ ထူးထူးတိုး၊ အဆောင်ကောင်း၊ ဗဲင်(န်)တေ့(ချ်)နှင့် ပထော်ပထက်ကျွန်း ငါးအမှုန့်ကြိတ်စက်ရုံ စသဖြင့် စက်ရုံ ငါးခုရှိသည်။
#Credit Mizzima